တပ္မေတာ္ေနာက္ခံ႐ွိသည္ဟုဆိုၿပီး အုပ္စုဖြဲ႔ပူးေပါင္းအေယာင္ေဆာင္မႈဆန္႔က်င္သည့္မူ၀ါဒခ်ိဳးေဖာက္သည့္ ျမန္မာႏိုင္ငံမွ ေဖ့စ္ဘြတ္ေပ့ဂ်္မ်ား၊ အေကာင့္မ်ားႏွင့္ အင္စတာဂရမ္အေကာင့္မ်ားကို ပိတ္သိမ္း

0
30

တပ်မတော်နောက်ခံရှိသည်ဟုဆိုပြီး အုပ်စုဖွဲ့ပူးပေါင်းအယောင်ဆောင်မှုဆန့်ကျင်သည့်မူဝါဒချိုးဖောက်သည့် မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ပေ့ဂျ်များ၊ အကောင့်များနှင့် အင်စတာဂရမ်အကောင့်များကို ပိတ်သိမ်း

ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံမှပြည်တွင်းပရိသတ်ကိုဦးတည်ပြီး အုပ်စုဖွဲ့ပူးပေါင်းအယောင်ဆောင်မှုဆန့်ကျင်သည့်မူဝါဒချိုးဖောက်ပြီး တပ်မတော်နောက်ခံရှိပေးနေသည်ဟုဆိုသည့် ဖေ့စ်ဘွတ်ပေ့ဂျ်များ၊ အကောင့်များနှင့် အင်စတာဂရမ်အကောင့်များကို ပိတ်သိမ်းလိုက်သည်ဟု ဖေ့စ်ဘွတ်ကုမ္ပဏီကကြေညာသည်။

ဖေ့စ်ဘွတ်အကောင့် ၅၀၊ ပေ့ဂျ် ၁၇ ခုနှင့် အင်စတာဂရမ်အကောင့် ၆ ကောင့်တို့ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ပေ့ဂျ်များသည် ဒေါ်လာ ၁၈၅၀ သုံးပြီး ကြော်ငြာများပြုလုပ်ထားသည်။
အယောင်ဆောင်၊ ပွားများထားသည့်အကောင့်များနှင့် အကောင့်အစစ်များပူးပေါင်းထားခြင်းအပေါ်အခြေခံသည့် ချိတ်ဆက်လှုပ်ရှားမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ကပြောသည်။

ထိုလှုပ်ရှားမှုများသည် အကြောင်းအရာများတင်ပြခြင်း၊ တရားဥပဒေစိုးမိုးမှုကိုရှောင်ရှားခြင်းနှင့်ဖယ်ရှားခြင်း၊ တပ်မတော်ထိန်းချုပ်ထားသည့်မီဒီယာဒိုမိန်းများအပါအဝင် ဖေ့စ်ဘွတ်မဟုတ်သောဝက်ဆိုက်များသို့ဝင်ရောက်ရန် လှုံ့ဆော်ခြင်းတို့ပြုလုပ်နေကြောင်းတွေ့ရသည်ဟု ဖေ့စ်ဘွတ်ဘက်ကပြောသည်။

ထိုအကောင့်များသည် အမျိုးသမီးပုံ၊ နာမည်ကြီးသူများနှင့် လူမှုကွန်ရက်လွှမ်းမိုးမှုရှိသူများပုံတင်ထားကြောင်းလည်း အသိပေးသည်။

ထိုကွန်ရက်နောက်ကွယ်မှလူများသည် စစ်ရေးလှုပ်ရှားမှုများ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်တွင်း COVID-19 တုံ့ပြန်မှုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်မှုများသာမက ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာ) ဆန့်ကျင်သည့်အကြောင်းအရာများအပါအဝင်ပြည်တွင်းသတင်းနှင့်လက်ရှိအခမ်းအနားများအကြောင်း ဖော်ပြနေသည်ဟုလည်း ရှင်းလင်းသည်။

မြန်မာနိုင်ငံမှရွေးကောက်ပွဲအကြိုကာလတွင် ကြိုတင်ပြင်ဆင်မှုတစိတ်တပိုင်းအနေဖြင့် ထိုလှုပ်ရှားမှုမှအချို့သောအစိတ်အပိုင်းများအကြောင်း ပြည်တွင်းမှရီပို့များကိုသုံးသပ်ပြီးနောက် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ကပြောသည်။

ထိုလှုပ်ရှားမှုနောက်ကွယ်မှလူများသည် သူတို့၏အထောက်အထားများကိုကွယ်ဝှက်ရန်ကြိုးစားသော်လည်း ထိုလူများသည် တပ်မတော်သားများနှင့်ဆက်စပ်မှုရှိနေကြောင်း စုံစမ်းဖော်ထုတ်ရရှိသည်ဟု ဖေ့စ်ဘွတ်ကပြောသည်။

နိုဝင်ဘာတွင်ရွေးကောက်ပွဲများကျင်းပရန်ရှိသည့်ဖေ့စ်ဘွတ်ကုမ္ပဏီအခြေစိုက်ရာအမေရိကန်နှင့် မြန်မာနိုင်ငံတို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ဖေ့စ်ဘွတ်က ကြိုတင်ကာကွယ်သည့်လုပ်ဆောင်မှုများပြုလုပ်ပြီး ရွေးကောက်ပွဲနောက်ပိုင်းကာလအငြင်းပွားမှုများတွင် ပါဝင်ရခြင်းမရှိစေရန် ကြိုးပမ်းနေသည်။

၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲနောက်ပိုင်း အမုန်းစကားများ၊ သတင်းတုများ၊ သတင်းမှားများကိုထိန်းချုပ်ရန် ဖေ့စ်ဘွတ်ကို တိုက်တွန်းပြောဆိုမှုများရှိနေပြီး အသုံးပြုသူအချက်အလက်များပေါက်ကြားမှုကြောင့် ဖေ့စ်ဘွတ်ကုမ္ပဏီတာဝန်ရှိသူများကို အမေရိကန်လွှတ်တော်များက ဆင့်ခေါ်စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၆ နှင့် ၂၀၁၇ ဘင်္ဂါလီအရေးများနောက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ထင်ရှားသည့်အတိုက်အခံနိုင်ငံရေးသမားအချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ဖေ့စ်ဘွတ်ပေ့ဂျ်များကို ပိတ်သိမ်းမှုများပြုလုပ်ခဲ့သည်။

ဥက္ကာ
#TheFifthWaveNews
Photo – Engadget

(zawgyi)

ဆန္ဖရန္စစၥကို၊ ေအာက္တိုဘာ ၁၀

ျမန္မာႏိုင္ငံမွျပည္တြင္းပရိသတ္ကိုဦးတည္ၿပီး အုပ္စုဖြဲ႔ပူးေပါင္းအေယာင္ေဆာင္မႈဆန္႔က်င္သည့္မူ၀ါဒခ်ိဳးေဖာက္ၿပီး တပ္မေတာ္ေနာက္ခံ႐ွိေပးေနသည္ဟုဆိုသည့္ ေဖ့စ္ဘြတ္ေပ့ဂ်္မ်ား၊ အေကာင့္မ်ားႏွင့္ အင္္စတာဂရမ္အေကာင့္မ်ားကို ပိတ္သိမ္းလိုက္သည္ဟု ေဖ့စ္ဘြတ္ကုမၸဏီကေၾကညာသည္။

ေဖ့စ္ဘြတ္အေကာင့္ ၅၀၊ ေပ့ဂ်္ ၁၇ ခုႏွင့္ အင္စတာဂရမ္အေကာင့္ ၆ ေကာင့္တို႔ကို ဖ်က္သိမ္းခဲ့ျခင္းျဖစ္သည္။ေပ့ဂ်္မ်ားသည္ ေဒၚလာ ၁၈၅၀ သံုးၿပီး ေၾကာ္ျငာမ်ားျပဳလုပ္ထားသည္။
အေယာင္ေဆာင္၊ ပြားမ်ားထားသည့္အေကာင့္မ်ားႏွင့္ အေကာင့္အစစ္မ်ားပူးေပါင္းထားျခင္းအေပၚအေျခခံသည့္ ခ်ိတ္ဆက္လႈပ္႐ွားမႈမ်ားကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ေဖ့စ္ဘြတ္ကေျပာသည္။

ထိုလႈပ္ရွားမႈမ်ားသည္ အေၾကာင္းအရာမ်ားတင္ျပျခင္း၊ တရားဥပေဒစိုးမိုးမႈကိုေ႐ွာင္႐ွားျခင္းႏွင့္ဖယ္႐ွားျခင္း၊ တပ္မေတာ္ထိန္းခ်ဳပ္ထားသည့္မီဒီယာဒိုမိန္းမ်ားအပါအ၀င္ ေဖ့စ္ဘြတ္မဟုတ္ေသာ၀က္ဆိုက္မ်ားသို႔၀င္ေရာက္ရန္ လႈံ႔ေဆာ္ျခင္းတို႔ျပဳလုပ္ေနေၾကာင္းေတြ႔ရသည္ဟု ေဖ့စ္ဘြတ္ဘက္ကေျပာသည္။

ထိုအေကာင့္မ်ားသည္ အမ်ိဳးသမီးပံု၊ နာမည္ႀကီးသူမ်ားႏွင့္ လူမႈကြန္ရက္လႊမ္းမိုးမႈ႐ွိသူမ်ားပံုတင္ထားေၾကာင္းလည္း အသိေပးသည္။

ထိုကြန္ရက္ေနာက္ကြယ္မွလူမ်ားသည္ စစ္ေရးလႈပ္႐ွားမႈမ်ား၊ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ၊ ျပည္တြင္း COVID-19 တံု႔ျပန္မႈမ်ား၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီႏွင့္ေဒၚေအာင္ဆန္းစုၾကည္ကိုေ၀ဖန္မႈမ်ားသာမက ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာ) ဆန္႔က်င္သည့္အေၾကာင္းအရာမ်ားအပါအ၀င္ျပည္တြင္းသတင္းႏွင့္လက္႐ွိအခမ္းအနားမ်ားအေၾကာင္း ေဖာ္ျပေနသည္ဟုလည္း ႐ွင္းလင္းသည္။

ျမန္မာႏုိင္ငံမွေ႐ြးေကာက္ပြဲအႀကိဳကာလတြင္ ႀကိဳတင္ျပင္ဆင္မႈတစိတ္တပိုင္းအေနျဖင့္ ထိုလႈပ္႐ွားမႈမွအခ်ိဳ႕ေသာအစိတ္အပိုင္းမ်ားအေၾကာင္း ျပည္တြင္းမွရီပို႔မ်ားကိုသံုးသပ္ၿပီးေနာက္ စံုစမ္းစစ္ေဆးမႈစတင္ခဲ့ေၾကာင္း ေဖ့စ္ဘြတ္ကေျပာသည္။

ထိုလႈပ္႐ွားမႈေနာက္ကြယ္မွလူမ်ားသည္ သူတို႔၏အေထာက္အထားမ်ားကိုကြယ္၀ွက္ရန္ႀကိဳးစားေသာ္လည္း ထိုလူမ်ားသည္ တပ္မေတာ္သားမ်ားႏွင့္ဆက္စပ္မႈ႐ွိေနေၾကာင္း စံုစမ္းေဖာ္ထုတ္ရ႐ွိသည္ဟု ေဖ့စ္ဘြတ္ကေျပာသည္။

ႏို၀င္ဘာတြင္ေ႐ြးေကာက္ပြဲမ်ားက်င္းပရန္႐ွိသည့္ေဖ့စ္ဘြတ္ကုမၸဏီအေျခစိုက္ရာအေမရိကန္ႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ ေ႐ြးေကာက္ပြဲအႀကိဳကာလ၌ ေဖ့စ္ဘြတ္က ႀကိဳတင္ကာကြယ္သည့္လုပ္ေဆာင္မႈမ်ားျပဳလုပ္ၿပီး ေ႐ြးေကာက္ပြဲေနာက္ပိုင္းကာလအျငင္းပြားမႈမ်ားတြင္ ပါ၀င္ရျခင္းမ႐ွိေစရန္ ႀကိဳးပမ္းေနသည္။

၂၀၁၆ အေမရိကန္သမၼတေ႐ြးေကာက္ပြဲေနာက္ပိုင္း အမုန္းစကားမ်ား၊ သတင္းတုမ်ား၊ သတင္းမွားမ်ားကိုထိန္းခ်ဳပ္ရန္ ေဖ့စ္ဘြတ္ကို တိုက္တြန္းေျပာဆိုမႈမ်ား႐ွိေနၿပီး အသံုးျပဳသူအခ်က္အလက္မ်ားေပါက္ၾကားမႈေၾကာင့္ ေဖ့စ္ဘြတ္ကုမၸဏီတာ၀န္႐ွိသူမ်ားကို အေမရိကန္လႊတ္ေတာ္မ်ားက ဆင့္ေခၚစစ္ေဆးခဲ့သည္။

ျမန္မာႏိုင္ငံတြင္လည္း ၂၀၁၆ ႏွင့္ ၂၀၁၇ ဘဂၤါလီအေရးမ်ားေနာက္ပိုင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ထင္႐ွားသည့္အတိုက္အခံႏိုင္ငံေရးသမားအခ်ိဳ႕ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အခ်ိဳ႕၏ေဖ့စ္ဘြတ္ေပ့ဂ်္မ်ားကို ပိတ္သိမ္းမႈမ်ားျပဳလုပ္ခဲ့သည္။

ဥကၠာ
#TheFifthWaveNews
Photo – Engadget

Leave a Reply