မဲရံု ၂ ေသာင္း ထပ္မံ တိုးခ်ဲ႕မည္ဟု သမၼတရံုးေျပာ

0
26

မဲရုံ ၂ သောင်း ထပ်မံ တိုးချဲ့မည်ဟု သမ္မတရုံးပြော

လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်များတွင် မဲရုံပေါင်း ၂ သောင်းလို အပ်နေသည့် အတွက် လိုအပ်နေသည့် မဲရုံများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကပြောသည်။
အောက်တိုဘာလ ၁၀ ရက်နေ့က သမ္မတအိမ်တော် သတင်းထောက်များနှင့် အွန်လိုင်း Press Briefing ပြုလုပ်ရာတွင် သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဦးဇော်ဌေး မှ ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးမှာ မဲရုံ ဘယ်နှစ်ရုံ လိုလဲဆိုတာ တွက်လိုက်တော့ နောက်ထပ် မဲရုံပေါင်း ၂ သောင်းကျော်လောက်လိုနိုင်တယ်ဆိုတာ ထွက်လာပါတယ်။ ဒါကတော့ ရန်ကုန်မှာလည်း ထပ်တိုးမယ်။ တချို့တိုင်းဒေသကြီး ပြည်နယ်တွေမှာလည်း ထပ်တိုးမယ်။ မဲရုံတွေ ထပ်တိုးရ မှာပေါ့”ဦးဇော်ဌေး ကပြောသည်။

ယခင် ရွေးကောက်ပွဲများက ထားရှိသည့် စာသင်ကျောင်းများက မဲရုံများသည် လက်ရှိတွင် Quarantine စင်တာ အဖြစ် ထားရှိနေခြင်းကြောင့် မဲရုံ အသစ်များ လိုအပ်နေခြင်း ဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။

နိုင်ငံတော် အစိုးရ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို အမိန့်ပေးစေခိုင်းတာမျိုးမရှိပဲ ကိုဗစ် ကာလ အတွင် အောင်မြင်စေမွေ့သည့် ရွေးကောက်ပွဲဖြစ်စေရန် အုပ်ချုပ်ရေးပိုင်းအရ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း ဦးဇော်ဌေး ကပြောသည်။

အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးခွင့်ရှိသူ ဦးရေသည် ၃၇ သန်းကျော်ရှိကြောင်း သိရသည်။

ယဉ်ကေနွယ်
#TheFifthWaveNews

(zawgyi)

မဲရံု ၂ ေသာင္း ထပ္မံ တိုးခ်ဲ႕မည္ဟု သမၼတရံုးေျပာ

လာမည့္ အေထြေထြ ေရြးေကာက္ပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး အပါအ၀င္ အျခားတိုင္းႏွင့္ျပည္နယ္မ်ားတြင္ မဲရံုေပါင္း ၂ ေသာင္းလို အပ္ေနသည့္ အတြက္ လိုအပ္ေနသည့္ မဲရံုမ်ားကို တိုးခ်ဲ႕သြားမည္ျဖစ္ေၾကာင္း သမၼတရံုး၏ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး ကေျပာသည္။
ေအာက္တိုဘာလ ၁၀ ရက္ေန႔က သမၼတအိမ္ေတာ္ သတင္းေထာက္မ်ားႏွင့္ အြန္လိုင္း Press Briefing ျပဳလုပ္ရာတြင္ သတင္းမီဒီယာမ်ား၏ ေမးျမန္းမႈ အေပၚ ဦးေဇာ္ေဌး မွ ထိုသို႔ ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

“အထူးသျဖင့္ ရန္ကုန္တိုင္းေဒသႀကီးမွာ မဲရံု ဘယ္ႏွစ္ရံု လိုလဲဆိုတာ တြက္လိုက္ေတာ့ ေနာက္ထပ္ မဲရံုေပါင္း ၂ ေသာင္းေက်ာ္ေလာက္လိုနိုင္တယ္ဆိုတာ ထြက္လာပါတယ္။ ဒါကေတာ့ ရန္ကုန္မွာလည္း ထပ္တိုးမယ္။ တခ်ိဳ႕တိုင္းေဒသႀကီး ျပည္နယ္ေတြမွာလည္း ထပ္တိုးမယ္။ မဲရံုေတြ ထပ္တိုးရ မွာေပါ့”ဦးေဇာ္ေဌး ကေျပာသည္။

ယခင္ ေရြးေကာက္ပြဲမ်ားက ထားရွိသည့္ စာသင္ေက်ာင္းမ်ားက မဲရံုမ်ားသည္ လက္ရွိတြင္ Quarantine စင္တာ အျဖစ္ ထားရွိေနျခင္းေၾကာင့္ မဲရံု အသစ္မ်ား လိုအပ္ေနျခင္း ျဖစ္ေၾကာင္း ဦးေဇာ္ေဌး ကေျပာသည္။

နိုင္ငံေတာ္ အစိုးရ အေနျဖင့္ ေရြးေကာက္ပြဲေကာ္မရွင္ကို အမိန္႔ေပးေစခိုင္းတာမ်ိဳးမရွိပဲ ကိုဗစ္ ကာလ အတြင္ ေအာင္ျမင္ေစေမြ႔သည့္ ေရြးေကာက္ပြဲျဖစ္ေစရန္ အုပ္ခ်ဳပ္ေရးပိုင္းအရ ျဖည့္ဆည္းေဆာင္ရြက္ေပးျခင္းသာျဖစ္ေၾကာင္း ဦးေဇာ္ေဌး ကေျပာသည္။

အေထြေထြေရြးေကာက္ပြဲကို နုိ၀င္ဘာလ ၈ ရက္ေန႔ တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး တစ္နုိင္ငံလံုးအတိုင္းအတာျဖင့္ မဲေပးခြင့္ရွိသူ ဦးေရသည္ ၃၇ သန္းေက်ာ္ရွိေၾကာင္း သိရသည္။

ယဥ္ေကနြယ္
#TheFifthWaveNews

 

 

Leave a Reply