အင္းယားစင္တာသည္ သမိုင္းမွတ္တိုင္ တစ္ခုအျဖစ္ တင္က်န္ေနမည္ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေျပာ

0
12
အင်းယားစင်တာသည် သမိုင်းမှတ်တိုင် တစ်ခုအဖြစ် တင်ကျန်နေမည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော
 
COVID-19 ကပ်ဘေးကြီး ကျော်လွှားနိုင်ရန် ရုန်ကန်ကြိုးပမ်းမှုများတွင် အင်းယားစင်တာသည်
သမိုင်းမှတ်တိုင်တစ်ခုအဖြစ် တင်ကျန်နေမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုလိုက်သည်။
 
“ရန်ကုန်ရဲ့ ကိုဗစ်-၁၉ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ အင်းယားစင်တာကို ကမ္ဘောဇဘဏ်ကနေ မတည် ပြီးတော့ ရွှေသံလွင်ကုမ္ပဏီနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ လုပ်အားနဲ့ ပါဝင် ဆောင်ရွက်ခဲ့ကြတဲ့ တစ်ထောင့် တစ်နေရာ ချင်းဆီကနေ ပါဝင်ဆောင်ရွက် ပေးခဲ့ကြတဲ့ သူတွေ၊ အခုလို ကိုဗစ်-၁၉ ရောဂါဖြစ်နေတဲ့ အချိန်ကာလ မှာပဲ အားလုံးက အားကြိုး မာန်တက် ဆောင်ရွက် ပေးခဲ့ကြတဲ့အတွက် ကျွန်တော်အနေနဲ့ အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခေတ်တစ်ခေတ် သမိုင်းတစ်ခုမှာ ကျရောက် ဖြစ်ပေါ်လာတဲ့ ဒီကပ်ဘေးကြီးကို ကျော်လွှား ဖြတ်သန်းနိုင်ဖို့အတွက် ကျွန်တော်တို့ ရဲ့ ရုန်းကန်ကြိုပမ်းမှု တွေဟာ တစ်ချိန်မှာ သမိုင်းမှတ်တိုင်တွေ အဖြစ်နဲ့ ကျန်ခဲ့ကြမှာ ဖြစ်ပါတယ်။ ဒီသမိုင်းမှတ်တိုင်တွေထဲမှာ အခုအင်းယားစင်တာကလည်း မှတ်တိုင်တစ်ရပ် အနေနဲ့ တင်ကျန်ခဲ့မှာဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
 
အဆိုပါလွှဲပြောင်းပေးအပ်ပွဲတွင် အင်းယားစင်တာ တည်ဆောက်ရေးအတွက် အလှူငွေ ကျပ်သိန်းပေါင်း (၁၀၀၀၀)ကနဦး မတည်လှူဒါန်းခဲ့သော ကမ္ဘောဇဘဏ်လီမိတက် ၊ အလှူငွေကျပ်သိန်း(၃၀၀၀) လှူဒါန်းခဲ့သော ရွှေသံလွင်ကုမ္ပဏီလီမီတက် ၊ အလှူငွေကျပ်သိန်း(၁၀၀၀) လှူဒါန်းသော မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်၊ သိန်းရှစ်ရာကျော် တန်ဖိုးရှိ ပရိဘောဂပစ္စည်းများ လှူဒါန်းသော Pico Myanmar ကုမ္ပဏီ တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
 
အင်းယားစင်တာတွင် Oxygen Therapy ကုတင် (၁၀၄)ကုတင်နှင့် လူနာကုတင် (၄၁၂)ကုတင် စုစုပေါင်း လူနာကုတင်(၅၁၆)ကုတင် ထားရှိ ကုသပေးသွားရန် ဆောင်ရွက်ထားပြီး အဆိုပါ စင်တာတွင် မိသားစုများ အတူတကွ နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကာ လိုအပ်မည့် အထူးဆေးဝါးများနှင့် အာဟာရ ပြည့်ဝစေရန် နံနက်၊ နေ့လည်၊ ညစာများကို အခမဲ့ စီစဉ် ဆောင်ရွက် ပေးထားကြောင်းသိရသည်။
 
ထို့ပြင် အင်းယားစင်တာသည် လူနာနှင့်ဆရာဝန် တိုက်ရိုက်ထိတွေ့မှု အနည်းဆုံးဖြစ်အောင် IT နည်းပညာများဖြင့် ပံ့ပိုးဆောင်ရွက်ထားပြီး WHO စံနှုန်းအတိုင်း နိုင်ငံတကာ အဆင့်မီ Covid- 19 စင်တာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
 
ဝေဝေဖြိုး
#TheFifthWave
 
( Zawgyi )
 
 
COVID-19 ကပ္ေဘးႀကီး ေက်ာ္လႊားနိုင္ရန္ ႐ုန္ကန္ႀကိဳးပမ္းမွုမ်ားတြင္ အင္းယားစင္တာသည္
သမိုင္းမွတ္တိုင္တစ္ခုအျဖစ္ တင္က်န္ေနမည္ဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနသို႔ လႊဲေျပာင္း ေပးအပ္သည့္ အခမ္းအနားတြင္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာဆိုလိုက္သည္။
 
“ရန္ကုန္ရဲ႕ ကိုဗစ္-၁၉ အေျခအေနကို ထိန္းခ်ဳပ္နိုင္ဖို႔ အင္းယားစင္တာကို ကေမၻာဇဘဏ္ကေန မတည္ ၿပီးေတာ့ ေရႊသံလြင္ကုမၸဏီနဲ႔ ပူးေပါင္း ေဆာင္ရြက္ခဲ့တာ ျဖစ္ပါတယ္။ ဒီေနရာမွာ လုပ္အားနဲ႔ ပါဝင္ ေဆာင္ရြက္ခဲ့ၾကတဲ့ တစ္ေထာင့္ တစ္ေနရာ ခ်င္းဆီကေန ပါဝင္ေဆာင္ရြက္ ေပးခဲ့ၾကတဲ့ သူေတြ၊ အခုလို ကိုဗစ္-၁၉ ေရာဂါျဖစ္ေနတဲ့ အခ်ိန္ကာလ မွာပဲ အားလုံးက အားႀကိဳး မာန္တက္ ေဆာင္ရြက္ ေပးခဲ့ၾကတဲ့အတြက္ ကၽြန္ေတာ္အေနနဲ႔ အထူးပဲ ေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ေခတ္တစ္ေခတ္ သမိုင္းတစ္ခုမွာ က်ေရာက္ ျဖစ္ေပၚလာတဲ့ ဒီကပ္ေဘးႀကီးကို ေက်ာ္လႊား ျဖတ္သန္းနိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ ရဲ႕ ႐ုန္းကန္ႀကိဳပမ္းမွု ေတြဟာ တစ္ခ်ိန္မွာ သမိုင္းမွတ္တိုင္ေတြ အျဖစ္နဲ႔ က်န္ခဲ့ၾကမွာ ျဖစ္ပါတယ္။ ဒီသမိုင္းမွတ္တိုင္ေတြထဲမွာ အခုအင္းယားစင္တာကလည္း မွတ္တိုင္တစ္ရပ္ အေနနဲ႔ တင္က်န္ခဲ့မွာျဖစ္ပါတယ္”ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။
 
အဆိုပါလႊဲေျပာင္းေပးအပ္ပြဲတြင္ အင္းယားစင္တာ တည္ေဆာက္ေရးအတြက္ အလွဴေငြ က်ပ္သိန္းေပါင္း (၁၀၀၀၀)ကနဦး မတည္လွဴဒါန္းခဲ့ေသာ ကေမၻာဇဘဏ္လီမိတက္ ၊ အလွဴေငြက်ပ္သိန္း(၃၀၀၀) လွဴဒါန္းခဲ့ေသာ ေရႊသံလြင္ကုမၸဏီလီမီတက္ ၊ အလွဴေငြက်ပ္သိန္း(၁၀၀၀) လွဴဒါန္းေသာ ျမန္မာနိုင္ငံ လိုင္စင္ရ ကန္ထရိုက္တာမ်ား အသင္းခ်ဳပ္၊ သိန္းရွစ္ရာေက်ာ္ တန္ဖိုးရွိ ပရိေဘာဂပစၥည္းမ်ား လွဴဒါန္းေသာ Pico Myanmar ကုမၸဏီ တို႔ကို ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။
 
အင္းယားစင္တာတြင္ Oxygen Therapy ကုတင္ (၁၀၄)ကုတင္ႏွင့္ လူနာကုတင္ (၄၁၂)ကုတင္ စုစုေပါင္း လူနာကုတင္(၅၁၆)ကုတင္ ထားရွိ ကုသေပးသြားရန္ ေဆာင္ရြက္ထားၿပီး အဆိုပါ စင္တာတြင္ မိသားစုမ်ား အတူတကြ ေနထိုင္နိုင္ရန္ ကူညီေဆာင္ရြက္ေပးသြားမည္ ျဖစ္ကာ လိုအပ္မည့္ အထူးေဆးဝါးမ်ားႏွင့္ အာဟာရ ျပည့္ဝေစရန္ နံနက္၊ ေန႔လည္၊ ညစာမ်ားကို အခမဲ့ စီစဥ္ ေဆာင္ရြက္ ေပးထားေၾကာင္းသိရသည္။
 
ထို႔ျပင္ အင္းယားစင္တာသည္ လူနာႏွင့္ဆရာဝန္ တိုက္ရိုက္ထိေတြ႕မွု အနည္းဆုံးျဖစ္ေအာင္ IT နည္းပညာမ်ားျဖင့္ ပံ့ပိုးေဆာင္ရြက္ထားၿပီး WHO စံႏွုန္းအတိုင္း နိုင္ငံတကာ အဆင့္မီ Covid- 19 စင္တာတစ္ခုလည္းျဖစ္ေၾကာင္းသိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply