တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အင္းယား စင္တာသို႔ ေအာက္ဆီဂ်င္ အလုံး (၁၀၀) လွဴဒါန္း

0
19
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းယား စင်တာသို့ အောက်ဆီဂျင် အလုံး (၁၀၀) လှူဒါန်း
 
အင်းယားစင်တာ ( COVID 19 ရောဂါကုသရေး ဌာန ၊ မရမ်းကုန်း) သို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ( ကြည်း၊ရေ၊လေ) မိသားစုမှ အောက်ဆီဂျင် အိုး အလုံး (၁၀၀) လှူဒါန်းခဲ့ကြောင်း အဆိုပါ စင်တာမှ သိရသည်။
 
အဆိုပါ အင်းယားစင်တာတွင် Oxygen Therapy ကုတင် (၁၀၄)ကုတင်နှင့် လူနာကုတင် (၄၁၂)ကုတင် စုစုပေါင်း လူနာကုတင် (၅၁၆)ကုတင် ထားရှိ ကုသပေးသွားရန် ဆောင်ရွက်ထားပြီး အောက်တိုဘာလ ၁၀ ရက်မှစ၍ ကိုဗစ်-၁၉ လူနာများ စတင်လက်ခံခဲ့ရာ ယင်းနေ့တွင် လူနာ(၂၀၀) ခန့် ရောက်ရှိခဲ့ကြောင်း သိရသည်။
 
COVID-19 ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသောကြောင့် တပ်မတော် အနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် အတွက် တပ်မတော် Oxygen Plant များမှ အောက်ဆီဂျင်များ ဖြည့်သွင်း၍ အောက်ဆီဂျင် အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေး ဌာနများ အရောက် သွားရောက်လှူဒါန်းလျက်ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန် ထားသည်။
 
ထိုသို့လှူဒါန်းရာတွင် အောက်တိုဘာလ ၉ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အောင်မြင်းမိုရ် အိမ်ရာရှိ COVID-19 ရောဂါကုသရေးဌာနသို့ အောက်ဆီဂျင်အိုး အလုံး ၅၀ ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း(၁) (ရိုးမ-၁) COVID-19 ရောဂါ ကုသရေးဌာနသို့ အောက်ဆီဂျင် အိုး အလုံး ၂၀ နှင့် ဒဂုံဆိပ်ကမ်း (၂)(ရိုးမ-၂) COVID-19 ရောဂါကုသရေးဌာနသို့ အောက်ဆီဂျင် အိုး အလုံး ၂၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
 
ထို့ပြင် သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုးအလုံး ၄၀ ၊ ခရမ်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၂၀ ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး ၄၀ ၊ ခုတင်-၃၀၀ ဆံ့သင်ကြားရေး ဆေးရုံကြီးသို့ အောက်ဆီဂျင် အိုး ၂၈ လုံး ၊ ကန်တော်နဒီ ဆေးရုံသို့ အောက်ဆီဂျင် အိုး အလုံး ၂၀ ၊ ပဲခူးတိုင်း ဒေသကြီးနှင့် ပြည်မြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ အောက်ဆီဂျင် အိုး ၁၂ လုံး တို့ကို တပ်မတော် Oxygen Plant များ၌ အောက်ဆီဂျင် များ ဖြည့်သွင်းပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ တပ်မတော်သားများက အသီးသီး သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
 
တပ်မတော်အနေဖြင့် COVID-19 ရောဂါကုသရေး ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ၌ လိုအပ် လျက်ရှိသော အောက်ဆီဂျင်များကို တပ်မတော် Oxygen Plant များ၌ ဖြည့်သွင်း၍ ဆက်လက် ဖြည့်ဆည်းလှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
 
ဝေေ၀ဖြိုး
#TheFifthWaveNews
 
( Zawgyi )
 
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အင္းယား စင္တာသို႔ ေအာက္ဆီဂ်င္ အလုံး (၁၀၀) လွဴဒါန္း
 
အင္းယားစင္တာ ( COVID 19 ေရာဂါကုသေရး ဌာန ၊ မရမ္းကုန္း) သို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လွိုင္ႏွင့္ တပ္မေတာ္ ( ၾကည္း၊ေရ၊ေလ) မိသားစုမွ ေအာက္ဆီဂ်င္ အိုး အလုံး (၁၀၀) လွဴဒါန္းခဲ့ေၾကာင္း အဆိုပါ စင္တာမွ သိရသည္။
 
အဆိုပါ အင္းယားစင္တာတြင္ Oxygen Therapy ကုတင္ (၁၀၄)ကုတင္ႏွင့္ လူနာကုတင္ (၄၁၂)ကုတင္ စုစုေပါင္း လူနာကုတင္ (၅၁၆)ကုတင္ ထားရွိ ကုသေပးသြားရန္ ေဆာင္ရြက္ထားၿပီး ေအာက္တိုဘာလ ၁၀ ရက္မွစ၍ ကိုဗစ္-၁၉ လူနာမ်ား စတင္လက္ခံခဲ့ရာ ယင္းေန႔တြင္ လူနာ(၂၀၀) ခန႔္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
 
COVID-19 ေရာဂါဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာမ်ားအား ကုသေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ ျပည္သူ႔ေဆး႐ုံမ်ား၌ ေအာက္ဆီဂ်င္ လိုအပ္ခ်က္မ်ား အခက္အခဲ ျဖစ္ေပၚလ်က္ရွိေသာေၾကာင့္ တပ္မေတာ္ အေနျဖင့္ တစ္ဖက္တစ္လမ္းမွ အေထာက္အကူ ျဖစ္ေစရန္ အတြက္ တပ္မေတာ္ Oxygen Plant မ်ားမွ ေအာက္ဆီဂ်င္မ်ား ျဖည့္သြင္း၍ ေအာက္ဆီဂ်င္ အိုးမ်ားကို ေဆး႐ုံမ်ားႏွင့္ COVID-19 ေရာဂါ ကုသေရး ဌာနမ်ား အေရာက္ သြားေရာက္လွဴဒါန္းလ်က္ရွိေၾကာင္း တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ ထားသည္။
 
ထိုသို႔လွဴဒါန္းရာတြင္ ေအာက္တိုဘာလ ၉ ရက္က ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ့၊ စဝ္စံထြန္း ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေအာက္ဆီဂ်င္အိုး ၁၆ လုံး၊ ရန္ကုန္တိုင္း ေဒသႀကီး၊ ဒဂုံၿမိဳ့သစ္ (ေတာင္ပိုင္း) ၿမိဳ့နယ္၊ ေအာင္ျမင္းမိုရ္ အိမ္ရာရွိ COVID-19 ေရာဂါကုသေရးဌာနသို႔ ေအာက္ဆီဂ်င္အိုး အလုံး ၅၀ ၊ ဒဂုံၿမိဳ့သစ္ (ဆိပ္ကမ္း)ၿမိဳ့နယ္၊ ဒဂုံဆိပ္ကမ္း(၁) (ရိုးမ-၁) COVID-19 ေရာဂါ ကုသေရးဌာနသို႔ ေအာက္ဆီဂ်င္ အိုး အလုံး ၂၀ ႏွင့္ ဒဂုံဆိပ္ကမ္း (၂)(ရိုးမ-၂) COVID-19 ေရာဂါကုသေရးဌာနသို႔ ေအာက္ဆီဂ်င္ အိုး အလုံး ၂၀ ကို လွဴဒါန္းခဲ့ေၾကာင္း သိရသည္။
 
ထို႔ျပင္ သန္လ်င္ၿမိဳ့နယ္ ျပည္သူ႔ေဆး႐ုံသို႔ ေအာက္ဆီဂ်င္အိုးအလုံး ၄၀ ၊ ခရမ္းၿမိဳ့နယ္ရွိ ျပည္သူ႔ေဆး႐ုံသို႔ ေအာက္ဆီဂ်င္အိုး အလုံး ၂၀ ၊ မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးအေထြေထြ ေရာဂါကုေဆး႐ုံႀကီးသို႔ ေအာက္ဆီဂ်င္အိုး အလုံး ၄၀ ၊ ခုတင္-၃၀၀ ဆံ့သင္ၾကားေရး ေဆး႐ုံႀကီးသို႔ ေအာက္ဆီဂ်င္ အိုး ၂၈ လုံး ၊ ကန္ေတာ္နဒီ ေဆး႐ုံသို႔ ေအာက္ဆီဂ်င္ အိုး အလုံး ၂၀ ၊ ပဲခူးတိုင္း ေဒသႀကီးႏွင့္ ျပည္ၿမိဳ့ အေထြေထြ ေရာဂါကု ေဆး႐ုံႀကီးသို႔ ေအာက္ဆီဂ်င္ အိုး ၁၂ လုံး တို႔ကို တပ္မေတာ္ Oxygen Plant မ်ား၌ ေအာက္ဆီဂ်င္ မ်ား ျဖည့္သြင္းၿပီး သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္ မ်ားမွ တပ္မေတာ္သားမ်ားက အသီးသီး သြားေရာက္ လွဴဒါန္းခဲ့ေၾကာင္း သိရသည္။
 
တပ္မေတာ္အေနျဖင့္ COVID-19 ေရာဂါကုသေရး ကို အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္ရာ၌ လိုအပ္ လ်က္ရွိေသာ ေအာက္ဆီဂ်င္မ်ားကို တပ္မေတာ္ Oxygen Plant မ်ား၌ ျဖည့္သြင္း၍ ဆက္လက္ ျဖည့္ဆည္းလွဴဒါန္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။
 
ေ၀ေ၀ၿဖိဳး
#TheFifthWaveNews

Leave a Reply