ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္မ်ားကို ကိုဗစ္ ေရာဂါပိုး စစ္ေဆးခ တစ္ေသာင္းက်ပ္ သို႔ ေလ်ာ့ခ်ေကာက္ခံ

0
23

ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို ကိုဗစ် ရောဂါပိုး စစ်ဆေးခ တစ်သောင်းကျပ် သို့ လျော့ချကောက်ခံ

ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို ကိုဗစ်ရောဂါပိုးအား Test Kits ဖြင့် စစ်ဆေးခကို တစ်ကြိမ်လျှင် မူလက ဈေးနှုန်း (၂၀,၀၀၀)ကျပ် ကောက်ခံခဲ့ရာမှ (၁၀,၀၀၀)ကျပ် လျော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး (Stay at Home) ကာလ အတွင်း ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးနှင့် ဖွင့်လှစ်ရန် ခွင့်ပြုထားသည့် လုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လုပ်ငန်းရှင်များ
Video Conferencing ဖြင့် တွေ့ဆုံရာတွင် အဆိုပါ ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကုန်စည် ပို့ဆောင်ရေး၌ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များအား ထုတ်ပေးမည့် COVID-19 ကင်းရှင်းကြောင်း Certificate သက်တမ်း ကာလအား (၇၂)နာရီသတ်မှတ်ခြင်း၊ ယာဉ်များ မူလအခြေစိုက်ရာ အရပ်မှ စတင် ထွက်ခွာချိန်တွင် စစ်ဆေးခြင်း၊ ခရီးလမ်းဆုံးဒေသသို့ အဝင်တွင် စစ်ဆေးခြင်း နှင့် မူရင်းအရပ်သို့ ပြန်လည် ဝင်ရောက်ရာ အဝင်တွင် စစ်ဆေးခြင်းဖြင့် ခရီးစဉ် အစမှအဆုံး (၃)ကြိမ်စစ်ဆေးခြင်းတို့အား ဆွေးနွေးခဲ့ပြီးTest Kits ဖြင့် စစ်ဆေးခအား တစ်ကြိမ်လျှင် မူလဈေးနှုန်း (၂၀,၀၀၀)ကျပ်မှ (၁၀,၀၀၀)ကျပ်နှုန်း လျော့ချရေးနှင့် လမ်းခုလတ် ကြားဒေသများတွင် ထပ်မံစစ်ဆေးခြင်း မပြုရေး တို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်သော Test Kits များကို ဝယ်ယူမည် ဆိုပါက အသင်းချုပ် မှ ညှိနှိုင်း ဆောင်ရွက်ပေး နိုင်ရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်းများတွင်လည်း နည်းပညာ အခြေခံသည့် စနစ်များ ပေါင်းစပ် တည်ဆောက်နိုင်ရေး၊ SSB ပေးဆောင်ထားခြင်း မရှိသည့် ဝန်ထမ်းများ၊ လုပ်သားများ စာရင်း ကောက်ခံရာတွင် စာရင်းများ တိကျ မှန်ကန်မှု ရှိစေရန် အသင်းချုပ်မှ ပူးပေါင်း ဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

စက်ရုံ၊ အလုပ်ရုံများ စနစ်တကျ ပြန်လည် ဖွင့်လှစ်လည်ပတ်နိုင်ရေး၊ Stay at Home ကာလအလွန် စီးပွားရေးလုပ်ငန်းများ ဆက်လက် ရှင်သန်ရေးနှင့် ပြန်လည်နလန်ထနိုင်ရေး တို့အတွက် ယခုကတည်းက စတင်ပြင်ဆင် နိုင်ရေးနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို ဦးစားပေးရေး တို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

 

ယာဥ္ေမာင္း ႏွင့္ ယာဥ္ေနာက္လိုက္မ်ားကို ကိုဗစ္ ေရာဂါပိုး စစ္ေဆးခ တစ္ေသာင္းက်ပ္ သို႔ ေလ်ာ့ခ်ေကာက္ခံ

ကုန္စည္ပို႔ေဆာင္ေရး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္ လိုက္မ်ားကို ကိုဗစ္ေရာဂါပိုးအား Test Kits ျဖင့္ စစ္ေဆးခကို တစ္ႀကိမ္လၽွင္ မူလက ေဈးႏွုန္း (၂၀,၀၀၀)က်ပ္ ေကာက္ခံခဲ့ရာမွ (၁၀,၀၀၀)က်ပ္ ေလ်ာ့ခ် ေကာက္ခံသြားမည္ ျဖစ္ေၾကာင္း ကုန္သည္စက္မွုအသင္းခ်ဳပ္မွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး (Stay at Home) ကာလ အတြင္း ကုန္စည္စီးဆင္းမွု ေခ်ာေမြ႕ေစေရးႏွင့္ ဖြင့္လွစ္ရန္ ခြင့္ျပဳထားသည့္ လုပ္ငန္းမ်ား စနစ္တက် လည္ပတ္နိုင္ေရးတို႔အတြက္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္ လုပ္ငန္းရွင္မ်ား
Video Conferencing ျဖင့္ ေတြ႕ဆံုရာတြင္ အဆိုပါ ကိစၥကို ထည့္သြင္းေဆြးေႏြးခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ေတြ႕ဆံုေဆြးေႏြးပြဲတြင္ ကုန္စည္ ပို႔ေဆာင္ေရး၌ ယာဥ္ေမာင္း၊ ယာဥ္ေနာက္ လိုက္မ်ားအား ထုတ္ေပးမည့္ COVID-19 ကင္းရွင္းေၾကာင္း Certificate သက္တမ္း ကာလအား (၇၂)နာရီသတ္မွတ္ျခင္း၊ ယာဥ္မ်ား မူလအေျခစိုက္ရာ အရပ္မွ စတင္ ထြက္ခြာခ်ိန္တြင္ စစ္ေဆးျခင္း၊ ခရီးလမ္းဆုံးေဒသသို႔ အဝင္တြင္ စစ္ေဆးျခင္း ႏွင့္ မူရင္းအရပ္သို႔ ျပန္လည္ ဝင္ေရာက္ရာ အဝင္တြင္ စစ္ေဆးျခင္းျဖင့္ ခရီးစဥ္ အစမွအဆုံး (၃)ႀကိမ္စစ္ေဆးျခင္းတို႔အား ေဆြးေႏြးခဲ့ၿပီးTest Kits ျဖင့္ စစ္ေဆးခအား တစ္ႀကိမ္လၽွင္ မူလေဈးႏွုန္း (၂၀,၀၀၀)က်ပ္မွ (၁၀,၀၀၀)က်ပ္ႏွုန္း ေလ်ာ့ခ်ေရးႏွင့္ လမ္းခုလတ္ ၾကားေဒသမ်ားတြင္ ထပ္မံစစ္ေဆးျခင္း မျပဳေရး တို႔ကို ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြက္ လိုအပ္ေသာ Test Kits မ်ားကို ဝယ္ယူမည္ ဆိုပါက အသင္းခ်ဳပ္ မွ ညႇိႏွိုင္း ေဆာင္ရြက္ေပး နိုင္ေရး၊ က်န္းမာေရးႏွင့္ သယ္ယူပို႔ေဆာင္ေရး ဆိုင္ရာ လုပ္ငန္းမ်ားတြင္လည္း နည္းပညာ အေျခခံသည့္ စနစ္မ်ား ေပါင္းစပ္ တည္ေဆာက္နိုင္ေရး၊ SSB ေပးေဆာင္ထားျခင္း မရွိသည့္ ဝန္ထမ္းမ်ား၊ လုပ္သားမ်ား စာရင္း ေကာက္ခံရာတြင္ စာရင္းမ်ား တိက် မွန္ကန္မွု ရွိေစရန္ အသင္းခ်ဳပ္မွ ပူးေပါင္း ေဆာင္ရြက္ေရး တို႔ကို ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

စက္႐ုံ၊ အလုပ္႐ုံမ်ား စနစ္တက် ျပန္လည္ ဖြင့္လွစ္လည္ပတ္နိုင္ေရး၊ Stay at Home ကာလအလြန္ စီးပြားေရးလုပ္ငန္းမ်ား ဆက္လက္ ရွင္သန္ေရးႏွင့္ ျပန္လည္နလန္ထနိုင္ေရး တို႔အတြက္ ယခုကတည္းက စတင္ျပင္ဆင္ နိုင္ေရးႏွင့္ ျပည္တြင္း စီးပြားေရး လုပ္ငန္းမ်ားကို ဦးစားေပးေရး တို႔ကိုလည္း ထည့္သြင္း ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply