ကိုဗစ္ေရာဂါပိုး ရွိ ၊မရွိ စစ္ေဆးေပးမည့္ဧရာဝတီစင္တာကို စတင္ဖြင့္လွစ္

0
18

ကိုဗစ်ရောဂါပိုး ရှိ ၊မရှိ စစ်ဆေးပေးမည့်ဧရာဝတီစင်တာကို စတင်ဖွင့်လှစ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဦးဆောင်မှုနှင့်အတူ ကိုဗစ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးသွားမည့် Tests & Care ဧရာဝတီစင်တာကို အောက်တိုဘာလ(၁၂) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဧရာဝတီ စင်တာမှ သိရသည်။

Covid-19 ကပ်ရောဂါကာလတွင် အများပြည်သူ အတွက် ရှေ့တန်းမှ အနစ်နာခံကာ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိသော ဆရာဝန်၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီများ၊ စေတနာ့ဝန်ထမ်းများကို ဦးစားပေး၍ Tests & Care ဧရာဝတီစင်တာတွင်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ (၁၅)ရက်မှစတင်၍ Tests & Care ဧရာဝတီစင်တာကို နေ့စဉ် နံနက် (၈)နာရီမှ ညနေ (၆)နာရီအထိ ဖွင့်လှစ်ကာ စင်တာအနီးအနားရှိ မြို့နယ်များဖြစ်သော သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ်ရှိ Covid-19 ရောဂါလက္ခဏာများကို ခံစားနေရသည့် အများပြည်သူများကို စစ်ဆေးပေးနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Tests & Care ဧရာဝတီစင်တာတွင် စစ်ဆေးမှုခံယူနိုင်ရန်အတွက် https://bit.ly/36UvIss Hotline: 09 88 760 7700
Email: contact@ayacenter.info
Website URL မှတစ်ဆင့် အချက်အလက် ပြည့်စုံစွာ ဖြည့်သွင်း၍ ကြိုတင် လျှောက်ထား ရမည် ဖြစ်ပြီး စစ်ဆေးမှုခံယူရမည့် သူများထံသို့ QR Code၊ Patient ID နှင့် လာရောက်စစ်ဆေး ရမည့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်၏ ဖုန်းနံပါတ်သို့ အချိန်နှင့်တပြေးညီ SMS ပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

စစ်ဆေးမှုခံယူမည့်သူသည် သတ်မှတ်ပေးထား သော နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်း မြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ Tests & Care ဧရာဝတီစင်တာသို့ ဝန်ထမ်းကတ် (သို့မဟုတ်) မှတ်ပုံတင်နှင့်အတူ လာရောက် စစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး Covid-19 နှင့်ပတ်သက်၍ ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ ထပ်မံ ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ QR Code၊ Patient ID မရှိသူများကို စင်တာတွင် လုံးဝ ဝန်ဆောင်မှု ပေးသွားမည် မဟုတ်ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

ကိုဗစ္ေရာဂါပိုး ရွိ ၊မရွိ စစ္ေဆးေပးမည့္ဧရာဝတီစင္တာကို စတင္ဖြင့္လွစ္

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ဦးေဆာင္မႈႏွင့္အတူ ကိုဗစ္ ေရာဂါပိုး ရွိ၊ မရွိ စစ္ေဆးေပးသြားမည့္ Tests & Care ဧရာဝတီစင္တာကို ေအာက္တိုဘာလ(၁၂) ရက္တြင္ စတင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ဧရာဝတီ စင္တာမွ သိရသည္။

Covid-19 ကပ္ေရာဂါကာလတြင္ အမ်ားျပည္သူ အတြက္ ေရွ႕တန္းမွ အနစ္နာခံကာ က်န္းမာေရး ေစာင့္ေရွာက္မႈေပးလ်က္ရွိေသာ ဆရာဝန္၊ ဆရာမမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၊ ၾကက္ေျခနီမ်ား၊ ေစတနာ့ဝန္ထမ္းမ်ားကို ဦးစားေပး၍ Tests & Care ဧရာဝတီစင္တာတြင္ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေအာက္တိုဘာလ (၁၅)ရက္မွစတင္၍ Tests & Care ဧရာဝတီစင္တာကို ေန႔စဥ္ နံနက္ (၈)နာရီမွ ညေန (၆)နာရီအထိ ဖြင့္လွစ္ကာ စင္တာအနီးအနားရွိ ၿမိဳ႕နယ္မ်ားျဖစ္ေသာ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ တာေမြၿမိဳ႕နယ္ႏွင့္ ေတာင္ဥကၠလာၿမိဳ႕နယ္ရွိ Covid-19 ေရာဂါလကၡဏာမ်ားကို ခံစားေနရသည့္ အမ်ားျပည္သူမ်ားကို စစ္ေဆးေပးႏိုင္ရန္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

အဆိုပါ Tests & Care ဧရာဝတီစင္တာတြင္ စစ္ေဆးမႈခံယူႏိုင္ရန္အတြက္ https://bit.ly/36UvIss Hotline: 09 88 760 7700
Email: contact@ayacenter.info
Website URL မွတစ္ဆင့္ အခ်က္အလက္ ျပည့္စုံစြာ ျဖည့္သြင္း၍ ႀကိဳတင္ ေလွ်ာက္ထား ရမည္ ျဖစ္ၿပီး စစ္ေဆးမႈခံယူရမည့္ သူမ်ားထံသို႔ QR Code၊ Patient ID ႏွင့္ လာေရာက္စစ္ေဆး ရမည့္ ေန႔ရက္၊ အခ်ိန္တို႔ကို ကာယကံရွင္၏ ဖုန္းနံပါတ္သို႔ အခ်ိန္ႏွင့္တေျပးညီ SMS ေပးပို႔သြားမည္ ျဖစ္ေၾကာင္းသိရသည္။

စစ္ေဆးမႈခံယူမည့္သူသည္ သတ္မွတ္ေပးထား ေသာ ေန႔ရက္၊ အခ်ိန္အတိအက်အတိုင္း သဃၤန္းကြၽန္း ၿမိဳ႕နယ္၊ ေဝဇယႏၲာလမ္းမေပၚရွိ Tests & Care ဧရာဝတီစင္တာသို႔ ဝန္ထမ္းကတ္ (သို႔မဟုတ္) မွတ္ပုံတင္ႏွင့္အတူ လာေရာက္ စစ္ေဆးမႈ ခံယူရမည္ျဖစ္ၿပီး Covid-19 ႏွင့္ပတ္သက္၍ က်န္းမာေရးလမ္းၫႊန္ခ်က္ မ်ားႏွင့္အညီ ထပ္မံ ျပန႔္ပြားမႈ မရွိေစရန္ ရည္႐ြယ္၍ QR Code၊ Patient ID မရွိသူမ်ားကို စင္တာတြင္ လုံးဝ ဝန္ေဆာင္မႈ ေပးသြားမည္ မဟုတ္ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

 

Leave a Reply