မန်ယူ နောက်ခံလူ ဒါလင်ဘလိုင်းကို ချဉ်းကပ်လာတဲ့ ရိုးမား

0
232

ဇန်န၀ါရီ ၃၁ ၊ ၂၀၁၈

အီတလီကလပ် ရိုးမားအသင်းဟာ မန်ယူအသင်းရဲ့ နယ်သာလန်နောက်ခံလူ ဒါလင်ဘလိုင်းကို ခေါ်ယူနိုင်ဖို့အတွက် ချဉ်းကပ်စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

ရိုးမားတို့ဟာ နောက်ခံလူ အီမာဆင်ကို ချယ်လ်ဆီးထံ လက်လွှတ်ခဲ့ရပြီး တဲ့နောက်မှာ နောက်တန်းကို ပြန်လည်ဖြည့်ဆည်းနိုင်ဖို့အတွက် ယူနိုက်တက်နောက်ခံလူကို ခေါ်ယူလိုခြင်းဖြစ်တယ်လို့ အီတလီ သတင်းရင်းမြစ် GianlucaDiMarzio.com က ဖော်ပြထားပါတယ်။

ယူနိုက်တက် နောက်ခံလူ ဒါလင်ဘလိုင်းဟာ ယခုနှစ်အကုန်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ရိုးမားအသင်းက စတင်ချဉ်းကပ်လာခြင်း ဖြစ်ပါတယ်။

ဒါလင်ဘလိုင်းဟာ ယူနိုက်တက်နည်းပြဟောင်း လူးဝစ်ဗန်ဟား လက်ထက်မှာ နယ်သာလန်ကလပ် အေဂျက်စ် အသင်းကနေ ယူနိုက်တက်ကို ရောက်ရှိလာသူဖြစ်ပါတယ်။ သူဟာ နည်းပြမော်ရင်ဟို လက်ထက်မှာ အင်္ဂလန်အမှတ်ပေးပြိုင်ပွဲတွေအတွက် ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ဥရောပ ပွဲစဉ်တွေမှာတော့ ပါဝင်ကစား နေရပါတယ်။

သူဟာ နောက်တန်း ဘယ်အစွန်လူ နေရာအတွက်လည်းကောင်း ဗဟို နောက်ခံလူအဖြစ်လည်းကောင်း ကွင်းလယ် ခံစစ်အတွက်လည်းကောင်း အကောင်းဆုံး ကစားနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

NN

Leave a Reply