
0
60

Project-kအနေဖြင့်ဘာသာရေးစော်ကားမှု နောင်တစ်ကြိမ်ပြုလုပ်ပါက တရားစွဲဆိုသွားမည်ဟု YMBAသတိပေးထုတ်ပြန်

ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာစေတီပုထိုးများ၊သာသနိကအဆောက်အအုံများနှင်စေတီပုထိုးဓာတ်ပုံများကိုစော်ကားနေခြင်းမကြာခဏတွေ့ရှိနေရပြီးစိတ်မကောင်းဖြစ်ရကြောင်း၊ထိုသို့ပြုလုပ်သူများကိုကန်ကွက်ရှုံချကြောင်း နောက်နောင်တွေ့ရှိပါက အသင်းမှဦးဆောင်ကာ တရားဥပဒေအရတရားစွဲဆိုမည်ဟုဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBAမှသတင်းထုတ်ပြန်လိုက်သည်။

Project-k အမည်ရမြန်မာလူငယ်အဖွဲ့သည် ကိုရီးယား၊ မြန်မာယဉ်ကျေးမှု သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက်ဖျော်ဖြေပွဲတွင် နိုင်ငံကိုယ်စား ပြုအနေဖြင့် သွားရောက်ဖျော်ဖြေစဉ် စတိတ်စင်အောက်ခြေတွင် ရွှေတိဂုံစေတီတော်ပုံကို စလိုက်ထိုး၍ ပြသ ခဲ့ခြင်းကြောင်း ဝေဖန်မူများစွာခံနေရခြင်းဖြစ်သည်။

ယင်းဖျော်ဖြေခြင်းနှင့်ပတ်သက်ပြီး Project_K အဖွဲ့မှ ၎င်းတို့၏လူမူကွန်ရက်စာမျက်နှာပေါ်တွင် “ရွှေတိဂုံ စေတီတော်ပုံရိပ်ကိုအောက် LED မှာပြနေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါ။ Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစားကြမယ်ဆိုတဲ့စိတ်နဲ့ ပဲကြိုးစား ပြီးဖျော်ဖြေခဲ့ကြတာပါ”ဟု ရေးသားထားသည်။

HM
#TheFifthWaveNews

(zawgyi)




HM
#TheFifthWaveNews

Leave a Reply