QR Pass အစီအစဥ္ကို ရပ္ဆိုင္း ၊ လုပ္ငန္းခြင္ သြားလာရာတြင္ အသုံးျပဳနိုင္မည့္ စနစ္တစ္ရပ္ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ မၾကာမီ ေဆာင္ရြက္ေပးမည္ဟု သိရ

0
13

QR Pass အစီအစဉ်ကို ရပ်ဆိုင်း ၊ လုပ်ငန်းခွင် သွားလာရာတွင် အသုံးပြုနိုင်မည့် စနစ်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မကြာမီ ဆောင်ရွက်ပေးမည်ဟု သိရ
 
အောက်တိုဘာ ၁၃
 
QR Pass အစီအစဉ်ကို အောက်တိုဘာလ ၁၃ ( ယနေ့မှစ ) ရပ်ဆိုင်း လိုက်ပြီ ဖြစ်ကြောင်း နှင့် Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်ရရှိသည့် စက်ရုံ၊အလုပ်ရုံများ၊ကုမ္ပဏီများ၊ လုပ်ငန်းများ အားလုံးအတွက် အကျုံးဝင်သော လုပ်ငန်းခွင် သွားလာရာတွင် အသုံးပြုနိုင်မည့် စနစ်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မကြာမီ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းလည်း ကုန်သည်စက်မှု အသင်းချုပ်မှ သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်များ နှင့် ကိုက်ညီပါက အောက်တိုဘာလ ၁၂ ရက်မှစတင်၍ ပြန်လည် လည်ပတ်ခွင့် ရရှိမည်ဟူသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်ကြေညာချက် အရ QR Pass စနစ်တွင် လုပ်ငန်းများ အသစ်ထပ်မံ မှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။
 
သို့သော် QR Pass လက်ဝယ်ရှိထားပြီး သူများအနေဖြင့် မြို့နယ်ဖြတ်ကျော် သွားလာရာတွင် ဆက်လက်အသုံးပြုနိုင်ကြောင်းလည်း သိရသည်။
 
ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် အဆိုပါ QR Pass အစီအစဉ်ကို Online မှ အလွယ်တကူ မှတ်ပုံတင်နိုင်ရန် ရည်ရွယ်၍ ပြီးခဲ့သည့် စက်တင်ဘာလ (၂၅) ရက်တွင် စတင်ခဲ့ကာ ခွင့်ပြုထားသောလုပ်ငန်းများနှင့် အကျုံးဝင်ခြင်း မရှိသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၊ လုပ်ငန်းများမှ အလုပ်သမားများ လုပ်ခလစာ ပေးနိုင်ရေးအတွက်လည်း လိုအပ်သည့် တွက်ချက်မှုများ ပြင်ဆင် ဆောင်ရွက်နိုင်ရန် Payroll Processing QR Pass အစီအစဉ်ကိုလည်း အောက်တိုဘာလ (၄)ရက်တွင် ထပ်မံ ဝန်ဆောင်မှု ပေးခဲ့သည်။
 
ဝေဝေဖြိုး
#TheFifthWave
 
( Zawgyi )
 
QR Pass အစီအစဥ္ကို ရပ္ဆိုင္း ၊ လုပ္ငန္းခြင္ သြားလာရာတြင္ အသုံးျပဳနိုင္မည့္ စနစ္တစ္ရပ္ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ မၾကာမီ ေဆာင္ရြက္ေပးမည္ဟု သိရ
 
ေအာက္တိုဘာ ၁၃
 
QR Pass အစီအစဥ္ကို ေအာက္တိုဘာလ ၁၃ ( ယေန႔မွစ ) ရပ္ဆိုင္း လိုက္ၿပီ ျဖစ္ေၾကာင္း ႏွင္႔ Stay at Home ကာလအတြင္း ဖြင့္လွစ္ခြင့္ရရွိသည့္ စက္႐ုံ၊အလုပ္႐ုံမ်ား၊ကုမၸဏီမ်ား၊ လုပ္ငန္းမ်ား အားလုံးအတြက္ အက်ဳံးဝင္ေသာ လုပ္ငန္းခြင္ သြားလာရာတြင္ အသုံးျပဳနိုင္မည့္ စနစ္တစ္ရပ္ကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရမွ မၾကာမီ ေဆာင္ရြက္ ေပးသြားမည္ျဖစ္ေၾကာင္းလည္း ကုန္သည္စက္မွု အသင္းခ်ဳပ္မွ သိရသည္။
 
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ကုန္ၾကမ္းယူ၊ ကုန္ေခ်ာေပးေဆာင္ရြက္ေသာ လက္ခစားလုပ္ငန္း (CMP) စက္႐ုံ၊ အလုပ္႐ုံမ်ား၊ အေသးစား၊ အလတ္စားလုပ္ငန္းမ်ားကို COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး သတ္မွတ္ခ်က္မ်ား ႏွင္႔ ကိုက္ညီပါက ေအာက္တိုဘာလ ၁၂ ရက္မွစတင္၍ ျပန္လည္ လည္ပတ္ခြင့္ ရရွိမည္ဟူေသာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အမိန႔္ေၾကညာခ်က္ အရ QR Pass စနစ္တြင္ လုပ္ငန္းမ်ား အသစ္ထပ္မံ မွတ္ပုံတင္ျခင္းကို ရပ္ဆိုင္းျခင္းျဖစ္ေၾကာင္း သိရသည္။
 
သို႔ေသာ္ QR Pass လက္ဝယ္ရွိထားၿပီး သူမ်ားအေနျဖင့္ ၿမိဳ့နယ္ျဖတ္ေက်ာ္ သြားလာရာတြင္ ဆက္လက္အသုံးျပဳနိုင္ေၾကာင္းလည္း သိရသည္။
 
ကုန္သည္စက္မႈအသင္းခ်ဳပ္အေနျဖင့္ အဆိုပါ QR Pass အစီအစဥ္ကို Online မွ အလြယ္တကူ မွတ္ပုံတင္နိုင္ရန္ ရည္ရြယ္၍ ၿပီးခဲ့သည့္ စက္တင္ဘာလ (၂၅) ရက္တြင္ စတင္ခဲ့ကာ ခြင့္ျပဳထားေသာလုပ္ငန္းမ်ားႏွင့္ အက်ဳံးဝင္ျခင္း မရွိေသာ စက္႐ုံ၊ အလုပ္႐ုံ၊ ကုမၸဏီမ်ား၊ လုပ္ငန္းမ်ားမွ အလုပ္သမားမ်ား လုပ္ခလစာ ေပးနိုင္ေရးအတြက္လည္း လိုအပ္သည့္ တြက္ခ်က္မွုမ်ား ျပင္ဆင္ ေဆာင္ရြက္နိုင္ရန္ Payroll Processing QR Pass အစီအစဥ္ကိုလည္း ေအာက္တိုဘာလ (၄)ရက္တြင္ ထပ္မံ ဝန္ေဆာင္မွု ေပးခဲ့သည္။
 
ေဝေဝၿဖိဳး
#TheFifthWave

 

Leave a Reply