ျပင္ဦးလြင္ တန္ေဆာင္တိုင္ မီးပုံးပ်ံ ပြဲ က်င္းပမည္မဟုတ္ဟု သိရ

0
11
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲ ကျင်းပမည်မဟုတ်ဟု သိရ
 
ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို ယခုနှစ်တွင် COVID – 19 ရောဂါကြောင့် ကျင်းပ ပြုလုပ်တော့မည်မဟုတ်ကြောင်း မဟာအံ့ထူးကံသာဘုရားဂေါပကအဖွဲ့ထံကသိရသည် ။
 
မီးပုံးပျံပြိုင်ပွဲကို ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာဘုရားအနီးရှိ တန်ဆောင်တိုင်ကွင်းတွင် နှစ်စဉ်ကျင်းပပြီး ပြိုင်ပွဲနှင့်အတူ အားကစားပွဲများ၊ ဇာတ်ပွဲများ၊ စတိတ်ရှိုးများနှင့် မဟာအံ့ထူးကံသာဘုရားတွင် ဆွမ်းလောင်းပွဲများ ပြုလုပ်လေ့ရှိသည်။
 
” ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အတိုင်းပွဲလမ်းသဘင်တွေမလုပ်ရဘူးတော့ ဒီနှစ်မှာ မကျင်းပဖြစ်ပါဘူး ။ ပွဲမကျင်းပဖြစ်တော့ ပြင်ဦးလွင်မြို့အတွက် စီးပွားရေးအရ ထိခိုက်မှုတွေတော့ရှိတာပေါ့ ။ဘယ်တက်နိုင်ပါ့မလဲ ” ဟု မဟာအံ့ထူးကံသာဘုရားဂေါပက အဖွဲ့အတွင်းရေးမှူး ဦးကျော်ဌေးကိုကပြောသည် ။
 
နှစ်စဉ်ကျင်းပသော ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ သုံးရက်နှင့် လပြည့်နေ့၊ လပြည့်ကျော်တစ်ရက်နေ့များတွင် ငါးရက်ကြာ ကျင်းပခြင်းဖြစ်ပြီး ၊ ထိုပွဲတော်ကျင်းပသည့်ရက်တွင် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် နေ့စဉ်လူဦးရေ တစ်သိန်းကျော် လာရောက်ကြောင်းသိရသည် ။
 
လက်ရှိပြင်ဦးလွင်မြို့နယ်တွင် COVID -19 ရောဂါအတည်ပြုလူနာ ၁၄ ရှိပြီး ရောဂါသက်သာ သဖြင့် ဆေးရုံဆင်းသူ ၅ ဦးရှိသည် ။
 
နေသူရိန်လင်း
#TheFifthWaveNews
 
( Zawgyi )
 
ျပင္ဦးလြင္ တန္ေဆာင္တိုင္ မီးပုံးပ်ံ ပြဲေတာ္ကို ယခုႏွစ္တြင္ COVID – 19 ေရာဂါ​​ေၾကာင့္ က်င္းပ ျပဳလုပ္ေတာ့မည္မဟုတ္ေၾကာင္း မဟာအံ့ထူးကံသာဘုရားေဂါပကအဖြဲ႕ထံကသိရသည္ ။
 
မီးပုံးပ်ံၿပိဳင္ပြဲကို ျပင္ဦးလြင္ၿမိဳ့ မဟာအံ့ထူးကံသာဘုရားအနီးရွိ တန္ေဆာင္တိုင္ကြင္းတြင္ ႏွစ္စဥ္က်င္းပၿပီး ၿပိဳင္ပြဲႏွင့္အတူ အားကစားပြဲမ​်ား၊ ဇာတ္ပြဲမ်ား၊ စတိတ္ရွိုးမ်ားႏွင့္ မဟာအံ့ထူးကံသာဘုရားတြင္ ဆြမ္းေလာင္းပြဲမ်ား ျပဳလုပ္ေလ႔ရွိသည္။
 
” က်န္းမာေရးဝန္ၾကီးဌာနက ညႊန္ၾကားထားတဲ႔အတိုင္းပြဲလမ္းသဘင္ေတြမလုပ္ရဘူးေတာ့ ဒီႏွစ္မွာ မက်င္းပျဖစ္ပါဘူး ။ ပြဲမက်င္းပျဖစ္ေတာ့ ျပင္ဦးလြင္ျမိဳ႕အတြက္ စီးပြားေရးအရ ထိခိုက္မွဳေတြေတာ့ရွိတာေပါ့ ။ဘယ္တက္ႏိုင္ပါ့မလဲ ” ဟု မဟာအံ့ထူးကံသာဘုရားေဂါပက အဖြဲ႕အတြင္းေရးမွဴး ဦးေက်ာ္ေဌးကိုကေျပာသည္ ။
 
ႏွစ္စဥ္က်င္းပေသာ ​ျပင္ဦးလြင္ တန္ေဆာင္တိုင္ပြဲေတာ္ကို ႏွစ္စဥ္ တန္ေဆာင္မုန္းလျပည့္ေန႔ မတိုင္မီ သုံးရက္ႏွင့္ လျပည့္ေန႔၊ လျပည့္ေက်ာ္တစ္ရက္ေန႔မ်ားတြင္ ငါးရက္ၾကာ က်င္းပျခင္းျဖစ္ၿပီး ၊ ထိုပြဲေတာ္က်င္းပသည္႔ရက္တြင္ ျပည္တြင္းျပည္ပ ခရီးသြား ဧည့္သည္ ေန႔စဥ္လူဦးေရ တစ္သိန္းေက်ာ္ လာေရာက္ေၾကာင္းသိရသည္ ။
 
လက္ရွိျပင္ဦးလြင္ၿမိဳ့နယ္တြင္ COVID -19 ေရာဂါအတည္ျပဳလူနာ ၁၄ ရွိျပီး ေရာဂါသက္သာ သျဖင့္ ေဆးရုံဆင္းသူ ၅ ဦးရွိသည္ ။
 
ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply