ဟံသာဝတီအျပည္ျပည္ဆိုင္ရာ ေလဆိပ္စီမံကိန္း ဧရိယာႏွင္႔ မလြတ္ကင္းေသာ ေျမေနရာပိုင္ရွင္မ်ားအတြက္ ေလ်ာ္ေၾကးေငြမ်ားကို သက္ဆိုင္ရာတိုင္းေဒသႀကီးကို လႊဲေပးထားၿပီးဟု သိရ

0
24
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသော မြေနေရာပိုင်ရှင်များအတွက် လျော်ကြေးငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီးကို လွှဲပေးထားပြီးဟု သိရ
 
ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသော မြေနေရာပိုင်ရှင်များအတွက် လျော်ကြေးငွေများကို သက်ဆိုင်ရာတိုင်းဒေသကြီးကို လွှဲပေးထားပြီးဖြစ်ကြောင်း သိရသည်။
 
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေးစီမံကိန်း၏ သဘာဝ ပတ်ဝန်းကျင်နှင့်လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“ ODA ချေးငွေနဲ့ EIA စတင်ဆောင်ရွက်ဖို့အတွက် နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာခဲ့ပါတယ်။ စီမံကိန်း ဧရိယာနဲ့ မလွတ်ကင်းတဲ့မြေနေရာတွေကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ မြေသိမ်းတာ၊ လျော်ကြေးငွေပေးအပ်ဖို့တော့ ဘတ်ဂျက်ငွေတွေကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးကို လွှဲပြောင်းပေးအပ်ပြီးပါပြီ။ အဆင့်သုံးဆင့်ခွဲပြီး ဆောင်ရွက်မယ်။ EIA Report ကိုဒီဇင်ဘာလအတွင်း ပြီးစီးဖို့ မျှော်မှန်းထားတယ်”ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဇော်က ပြောသည်။
 
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း Phase 1 တွင် ခရီးသည် ရှစ်သန်းအထိလက်ခံနိုင်ပြီး ၂၀၂၇ ခုနှစ်တွင်ပြီးစီးရန်မျှော်မှန်းထားကြောင်း၊ Phase 2 တွင်ခရီးသည် ၁၅ သန်းအထိ လက်ခံနိုင်ပြီး ၂၀၃၇ ခုနှစ်တွင်ပြီးစီးရန်မျှော်မှန်းထားကြောင်း၊ Phase 3 တွင် ခရီးသည် ၃၀ သန်းအထိ လက်ခံနိုင်ပြီး ၂၀၄၈ ခုနှစ်တွင် ပြီးစီးရန်မျှော်မှန်းထားကြောင်း သိရသည်။
 
ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေမှာ များပြားလာပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုတည်းနှင့် မလုံလောက်သည့်အတွက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ အဆိုပါ စီမံကိန်း ပြီးစီးပါက ပြည်ပလေကြောင်းလိုင်း တစ်မျိုးတည်းသာ ဆင်းသက်မည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်း၊ စင်းလုံးငှားလေယာဉ်၊ Medical Flight အပါအဝင် အထွေထွေပို့ဆောင်ပေးသည့် လေယာဉ်များ ဆင်းသက်မည်ဖြစ်ကြောင်း သိရသည်။
 
ဆုသကျနှငျး
#TheFifthWave
 
( Zawgyi )
 
ဟံသာဝတီအျပည္ျပည္ဆိုင္ရာ ေလဆိပ္စီမံကိန္း ဧရိယာႏွင္႔ မလြတ္ကင္းေသာ ေျမေနရာပိုင္ရွင္မ်ားအတြက္ ေလ်ာ္ေၾကးေငြမ်ားကို သက္ဆိုင္ရာတိုင္းေဒသႀကီးကို လႊဲေပးထားၿပီးဟု သိရ
 
ပဲခူးတိုင္းေဒသႀကီးတြင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္မည့္ ဟံသာဝတီအျပည္ျပည္ဆိုင္ရာ ေလဆိပ္ စီမံကိန္း ဧရိယာႏွင္႔ မလြတ္ကင္းေသာ ေျမေနရာပိုင္ရွင္မ်ားအတြက္ ေလ်ာ္ေၾကးေငြမ်ားကို သက္ဆိုင္ရာတိုင္းေဒသႀကီးကို လႊဲေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။
 
ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္တည္ေဆာက္ေရးစီမံကိန္း၏ သဘာဝ ပတ္ဝန္းက်င္ႏွင့္လူမႈပတ္ဝန္းက်င္အေပၚ အက်ိဳးသက္ေရာက္မႈဆန္းစစ္ျခင္းႏွင့္ပတ္သက္၍ ေဒသခံျပည္သူမ်ားအား ရွင္းလင္းတင္ျပသည့္ အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
“ ODA ေခ်းေငြနဲ႔ EIA စတင္ေဆာင္ရြက္ဖို႔အတြက္ ႏိုင္ငံပိုင္သတင္းစာေတြကေန ေၾကညာခဲ့ပါတယ္။ စီမံကိန္း ဧရိယာနဲ႔ မလြတ္ကင္းတဲ့ေျမေနရာေတြကို ဥပေဒလုပ္ထံုးလုပ္နည္းနဲ႔အညီ ေျမသိမ္းတာ၊ ေလ်ာ္ေၾကးေငြေပးအပ္ဖို႔ေတာ့ ဘတ္ဂ်က္ေငြေတြကိုလည္း သက္ဆိုင္ရာတိုင္းေဒသႀကီးကို လႊဲေျပာင္းေပးအပ္ၿပီးပါၿပီ။ အဆင့္သံုးဆင့္ခြဲၿပီး ေဆာင္ရြက္မယ္။ EIA Report ကိုဒီဇင္ဘာလအတြင္း ၿပီးစီးဖို႔ ေမွ်ာ္မွန္းထားတယ္”ဟု ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးမင္းေဇာ္က ေျပာသည္။
 
ဟံသာဝတီအျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္း Phase 1 တြင္ ခရီးသည္ ရွစ္သန္းအထိလက္ခံႏိုင္ၿပီး ၂၀၂၇ ခုႏွစ္တြင္ၿပီးစီးရန္ေမွ်ာ္မွန္းထားေၾကာင္း၊ Phase 2 တြင္ခရီးသည္ ၁၅ သန္းအထိ လက္ခံႏိုင္ၿပီး ၂၀၃၇ ခုႏွစ္တြင္ၿပီးစီးရန္ေမွ်ာ္မွန္းထားေၾကာင္း၊ Phase 3 တြင္ ခရီးသည္ ၃၀ သန္းအထိ လက္ခံႏိုင္ၿပီး ၂၀၄၈ ခုႏွစ္တြင္ ၿပီးစီးရန္ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။
 
ျပည္တြင္းသို႔ လာေရာက္လည္ပတ္သည့္ ခရီးသြားဦးေရမွာ မ်ားျပားလာၿပီး ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္တစ္ခုတည္းႏွင့္ မလံုေလာက္သည့္အတြက္ ဟံသာဝတီ အျပည္ျပည္ဆိုင္ရာေလဆိပ္စီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း ၊ အဆိုပါ စီမံကိန္း ၿပီးစီးပါက ျပည္ပေလေၾကာင္းလိုင္း တစ္မ်ိဳးတည္းသာ ဆင္းသက္မည္ျဖစ္ၿပီး ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ ျပည္တြင္းေလေၾကာင္းလိုင္း၊ စင္းလံုးငွားေလယာဥ္၊ Medical Flight အပါအဝင္ အေထြေထြပို႔ေဆာင္ေပးသည့္ ေလယာဥ္မ်ား ဆင္းသက္မည္ျဖစ္ေၾကာင္း သိရသည္။
 
ဆုသက်နှင်း
#TheFifthWave

Leave a Reply