အရက်အတူသောက်စဉ် စကားများရာမှ လူသတ်မှုဖြစ်

0
141

မန္တလေး၊ ဇန်နဝါရီ ၃၁၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက် လင်းလင်း စားသောက်ဆိုင်တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ည ၈ နာရီခန့်က အရက် အတူသောက်နေစဉ် စကားများရာမှ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

အခင်းဖြစ်နေရာတွင် ဖိုးသားလေး(ခ)မင်းသီရိအောင် ၊ ဖိုးသဲ(ခ)အေးချမ်း အောင် နှင့် အောင်စိုးမိုးတို့ အရက်အတူသောက်နေစဉ် ရဲအောင် နှင့် စကားများပြီး ရဲအောင်မှာ အသင့်ပါလာသည့် ဓါးဖြင့် ထိုးခုတ်ရာ ဖိုးသားလေး(ခ)မင်းသီရိအောင် မှာ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့သည်။

ထို့အပြင် ဖိုးသဲ(ခ)အေးချမ်းအောင် တွင် ဝဲလက်မောင်း ပြတ်ရှဒဏ်ရာ နှင့် အောင်စိုးမိုး ဝဲလက်ဝါးစာင်း ၊ နောက်ကျောတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ကျောက်ဆည်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး တရားခံရဲအောင်အား ကျောက်ဆည်မြို့မ ရဲစခန်းတွင် (ပ)၉၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

နိုင်လင်းဦး

Leave a Reply