ရန္ကုန္မွမႏၱေလးသို႔ PPE ဝတ္ဆင္ကာ လူနာတင္ ယာဥ္ပံုစံျဖင့္ လူမ်ားပို႔ေဆာင္ေနသည့္ ယာဥ္ေမာင္း ၇ ဦးကိုဖမ္းဆီးရမိ

0
11

ရန်ကုန်မှမန္တလေးသို့ PPE ဝတ်ဆင်ကာ လူနာတင် ယာဉ်ပုံစံဖြင့် လူများပို့ဆောင်နေသည့် ယာဉ်မောင်း ၇ ဦးကိုဖမ်းဆီးရမိ

ရန်ကုန်မှမန္တလေးသို့ PPE ဝတ်ဆင်ပြီး ဥသြဆွဲကာ လူနာတင်ယာဉ်ပုံစံဖြင့် လူများပို့ဆောင်နေ သည့် ယာဉ်မောင်း ၇ ဦးကို ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည် ။

မန္တလေးတိုင်းဒေသကြီးတွင် COVID ရောဂါကူးစက်ဖြစ်ပွားမှုများကြောင့် အခြားတိုင်းနဲ့ ပြည်နယ်များသို့ ပြေးဆွဲနေသည့် ခရီးသည်ယာဉ်များကို ရပ်နားထားပြီး အိမ်စီးကားများအနေနှင့်လည်း ယာဉ်မောင်းအပါအဝင် လူလေးယောက်ထက်မပိုဘဲ သွားလာကြရန်ညွှန်ကြားထားသည် ။

” ရန်ကုန်ကနေ မောင်းတဲ့သူက PPEဝတ်စုံနဲ့ ။ လူနာတင်တဲ့ ပုံစံမျိုးဥသြစွဲပြီးလာတယ် ။ ယာဉ်မောင်းတွေကို Quarantine ထည့်ထားတယ်။ Quarantine ရက်ပြည့်ရင် သဘာဝဘေးနဲ့ အရေးယူဖို့ဆောင်ရွက်သွားမယ် ” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရမှ ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောည်။

အဆိုပါ ရန်ကုန်မှ မန္တလေးသို့ အခကြေးငွေယူကာ လူစီးယာဉ်များဖြင့် သယ်ယူနေကြောင်း သတင်းအရ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အောက်တိုဘာ(၇)ရက်မှစတင်၍ စုံစမ်းစစ်ဆေးခဲ့ရာ (၇)ရက်နေ့တွင် လူခြောက်ဦး၊ (၈)ရက်နေ့တွင် လူခုနှစ်ဦး၊ (၉)ရက်နေ့တွင် Win Rock တံဆိပ်ပါ AD Vanယာဉ်တစ်စီးနှင့် လူတစ်ဦး၊ (၁၁)ရက်နေ့တွင် ရန်ကုန်မြို့မှ ဟွန်ဒိုင်းတစ်စီးနှင့် တိုယိုတာနှစ်စီးပေါင်း လူ(၂၅) ဦးတို့ကို စစ်ဆေး တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါယာဉ်များ အပေါ်လိုက်ပါလာသူများမှာ ရန်ကုန်မြို့တွင် စက်ရုံ၊အလုပ်ရုံများပိတ်သဖြင့်
မိမိနေရပ်သို့ ပြန်လာကြ သူများဖြစ်ပြီး ယင်းမာပင်၊ ဆားလင်းကြီး စသည့်မြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။

” လိုက်ပါလာသူတွေကိုတော့ သက်ဆိုင်ရာမြို့နယ်တွေကနေခေါ်ပြီး Quarantine ဝင်ခိုင်းမယ် ။ သူတို့ကိုတော့ အရေးယူမှာမဟုတ်ဘူး ” ဟု ၎င်းကဆက်ပြောသည် ။

မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်များဝင်ရောက်မှုများအတွက် စစ်ဆေးနိုင်ရန် ဂိတ် ၁၂ ဂိတ်ရှိပြီး လက်ရှိတွင် ယင်းဂိတ်များ၌ ကားနံပတ်အနီးများကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ၂၄ နာရီလုံး စစ်ဆေးကြပ်မတ်နေကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

 

(zawgyi)

 

ရန္ကုန္မွမႏၲေလးသုိ႔ PPE ဝတ္ဆင္ျပီး ဥၾသဆြဲကာ လူနာတင္ယာဥ္ပံုစံျဖင့္ လူမ်ားပို႔ေဆာင္ေန သည့္ ယာဥ္ေမာင္း ၇ ဦးကို ဖမ္းဆီးရမိေၾကာင္း မႏၲေလးတိုင္းအစိုးရအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာသည္ ။

မႏၲေလးတိုင္းေဒသၾကီးတြင္ COVID ေရာဂါကူးစက္ျဖစ္ပြားမွဳမ်ားေၾကာင့္ အျခားတိုင္းနဲ႔ ျပည္နယ္မ်ားသို႔ ေျပးဆြဲေနသည့္ ခရီးသည္ယာဥ္မ်ားကို ရပ္နားထားျပီး အိမ္စီးကားမ်ားအေနႏွင့္လည္း ယာဥ္ေမာင္းအပါအဝင္ လူေလးေယာက္ထက္မပိုဘဲ သြားလာၾကရန္ညႊန္ၾကားထားသည္ ။

” ရန္ကုန္ကေန ေမာင္းတဲ့သူက PPEဝတ္စံုနဲ႔ ။ လူနာတင္တဲ့ ပံုစံမ်ဳိးဥၾသစြဲၿပီးလာတယ္ ။ ယာဥ္ေမာင္းေတြကို Quarantine ထည့္ထားတယ္။ Quarantine ရက္ျပည့္ရင္ သဘာဝေဘးနဲ႔ အေရးယူဖို႔ေဆာင္ရြက္သြားမယ္ ” ဟု မႏၱေလးတိုင္းေဒသႀကီးအစိုးရမွ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းတိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးစိုင္းပန္းဆိုင္က ေျပာည္။

အဆိုပါ ရန္ကုန္မွ မႏၱေလးသို႔ အခေၾကးေငြယူကာ လူစီးယာဥ္မ်ားျဖင့္ သယ္ယူေနေၾကာင္း သတင္းအရ မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႔အေနျဖင့္ ေအာက္တိုဘာ(၇)ရက္မွစတင္၍ စံုစမ္းစစ္ေဆးခဲ့ရာ (၇)ရက္ေန႔တြင္ လူေျခာက္ဦး၊ (၈)ရက္ေန႔တြင္ လူခုႏွစ္ဦး၊ (၉)ရက္ေန႔တြင္ Win Rock တံဆိပ္ပါ AD Vanယာဥ္တစ္စီးႏွင့္ လူတစ္ဦး၊ (၁၁)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕မွ ဟြန္ဒိုင္းတစ္စီးႏွင့္ တိုယိုတာႏွစ္စီးေပါင္း လူ(၂၅) ဦးတို႔ကို စစ္ေဆး ေတြ႔ရွိခဲ့သည္ဟု သိရသည္။

အဆိုပါယာဥ္မ်ား အေပၚလိုက္ပါလာသူမ်ားမွာ ရန္ကုန္ၿမိဳ႕တြင္ စက္ရံု၊အလုပ္ရံုမ်ားပိတ္သျဖင့္
မိမိေနရပ္သို႔ ျပန္လာၾက သူမ်ားျဖစ္ျပီး ယင္းမာပင္၊ ဆားလင္းႀကီး စသည့္ၿမိဳ႕နယ္မ်ားမွ ျဖစ္ေၾကာင္း သိရသည္။

” လိုက္ပါလာသူေတြကိုေတာ့ သက္ဆိုင္ရာၿမိဳ့နယ္ေတြကေနေခၚျပီး Quarantine ဝင္ခိုင္းမယ္ ။ သူတို႔ကိုေတာ့ အေရးယူမွာမဟုတ္ဘူး ” ဟု ၎ကဆက္ေျပာသည္ ။

မႏၲေလးတိုင္းေဒသၾကီးတြင္ ယာဥ္မ်ားဝင္ေရာက္မွုမ်ားအတြက္ စစ္ေဆးနိုင္ရန္ ဂိတ္ ၁၂ ဂိတ္ရွိျပီး လက္ရွိတြင္ ယင္းဂိတ္မ်ား၌ ကားနံပတ္အနီးမ်ားကို ျဖတ္သန္းသြားလာခြင့္မျပဳဘဲ ၂၄ နာရီလုံး စစ္ေဆးၾကပ္မတ္ေနေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply