ဧရာ၀တီစင္တာသို႔ ျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္၊ အစၥေရး၊ အီတလီ နိုင္ငံမ်ားမွ သံအမတ္ႀကီးမ်ား လာေရာက္ၾကည့္ရွု

0
11

ဧရာဝတီစင်တာသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေး၊ အီတလီ နိုင်ငံများမှ သံအမတ်ကြီးများ
လာရောက်ကြည့်ရှု

ဧရာဝတီစင်တာသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်၊ အစ္စရေး၊ အီတလီ နိုင်ငံများမှ သံအမတ်ကြီးများ
နှင့် သံရုံးတာဝန်ရှိသူများ အောက်တိုဘာလ ၁၃ ရက်က လာရောက်ကြည့်ရှုခဲ့ကြောင်း ယင်းစင်တာမှ သိရသည်။

ဧရာဝတီစင်တာသို့ ထိုသို့ လာရောက်ကြည့်ရှု ရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. MARUYAMA Ichiro က COVID 19 ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သမျှဝိုင်းဝန်း ကူညီ ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Ronen Gilor နှင့်သံရုံး တာဝန်ရှိသူများကလည်းဧရာဝတီ စင်တာသို့ လာရောက်ကြည့်ရှုခဲ့ရာကုသဆောင်များနှင့် ICU, HDU အရေးပေါ် ကြပ်မတ်ကုသဆောင် တို့ကို လိုက်လံပြသခဲ့ပြီး အစ္စရေး သံအမတ်ကြီး အနေဖြင့် COVID 19 ကုသရေး လုပ်ငန်းများတွင် လိုအပ်မှုများအား တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ် ကြီး H.E. Ms. Alessandra Schiavo နှင့် ဧရာဝတီ ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ အောက်တိုဘာ လ ၁၃ ရက်က Online Meeting ပြုလုပ်ခဲ့ရာ အီတလီနိုင်ငံ သံအမတ်ကြီးက ICU, HDU ကုသဆောင်တွင် ဆရာဝန်ကြီးများ၏ ကုသရေး လုပ်ငန်းများကို တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီဆောင်ရွက်လိုကြောင်း၊ အီတလီ နိုင်ငံတွင် ရင်ဆိုင်ခဲ့ရသည့် COVID 19 အခြေအနေနှင့် ကုသရေး အတွေ့အကြုံများကိုလည်း မျှဝေ ပေးလိုကြောင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ ကိုလည်း အီတလီမှ ဆရာဝန်ကြီးများနှင့် ကျွမ်းကျင်သူများ၏ ICU, HDU ဆိုင်ရာ သင်တန်းများ ပို့ချခြင်းနှင့် လိုအပ်သည့် ကူညီ ပံ့ပိုးခြင်းများ ပြုလုပ်ပေးလိုသည်ဟု ပြောကြား ခဲ့သည်။

ဧရာဝတီစင်တာသည် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုများဖြင့် ဆောင်ရွက်နေ သည့် စင်တာဖြစ်သောကြောင့် သံအမတ်ကြီး၏ အစီအစဉ်ကို ဝန်ကြီးဌာနသို့ တင်ပြ၍ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး ခွင့်ပြုချက် ရရှိ၍ အီတလီနိုင်ငံမှ ဆရာဝန်ကြီးများနှင့် ကုသရေး ဆိုင်ရာ ကျွမ်းကျင်သူများ ရောက်ရှိလာပါက မိမိအနေဖြင့် နေထိုင်သွားလာ စားသောက်ရေး အတွက် တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု ဦးဇော်ဇော်က ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

 

ဧရာ၀တီစင္တာသို႔ ျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္၊ အစၥေရး၊ အီတလီ နိုင္ငံမ်ားမွ သံအမတ္ႀကီးမ်ား
ႏွင့္ သံ႐ုံးတာဝန္ရွိသူမ်ား ေအာက္တိုဘာလ ၁၃ ရက္က လာေရာက္ၾကည့္ရွုခဲ့ေၾကာင္း ယင္းစင္တာမွ သိရသည္။

ဧရာဝတီစင္တာသို႔ ထိုသို႔ လာေရာက္ၾကည့္ရႈ ရာတြင္ ျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္နိုင္ငံ သံအမတ္ႀကီး Mr. MARUYAMA Ichiro က COVID 19 ကုသေရး လုပ္ငန္းမ်ားတြင္ တတ္နိုင္သမၽွဝိုင္းဝန္း ကူညီ ပံ့ပိုးေပးမည္ဟု ေျပာၾကားခဲ့ေၾကာင္း သိရသည္။

အလားတူ အစၥေရးနိုင္ငံ သံအမတ္ႀကီး H.E. Mr. Ronen Gilor ႏွင့္သံ႐ုံး တာဝန္ရွိသူမ်ားကလည္းဧရာ၀တီ စင္တာသို႔ လာေရာက္ၾကည့္ရွုခဲ့ရာကုသေဆာင္မ်ားႏွင့္ ICU, HDU အေရးေပၚ ၾကပ္မတ္ကုသေဆာင္ တို႔ကို လိုက္လံျပသခဲ့ၿပီး အစၥေရး သံအမတ္ႀကီး အေနျဖင့္ COVID 19 ကုသေရး လုပ္ငန္းမ်ားတြင္ လိုအပ္မွုမ်ားအား တတ္နိုင္သမၽွ ကူညီပံ့ပိုးေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာနိုင္ငံဆိုင္ရာ အီတလီနိုင္ငံ သံအမတ္ ႀကီး H.E. Ms. Alessandra Schiavo ႏွင့္ ဧရာ၀တီ ေဖာင္ေဒးရွင္းဥကၠ႒တို႔ ေအာက္တိုဘာ လ ၁၃ ရက္က Online Meeting ျပဳလုပ္ခဲ့ရာ အီတလီနိုင္ငံ သံအမတ္ႀကီးက ICU, HDU ကုသေဆာင္တြင္ ဆရာဝန္ႀကီးမ်ား၏ ကုသေရး လုပ္ငန္းမ်ားကို တတ္နိုင္သမၽွ ဝိုင္းဝန္း ကူညီေဆာင္ရြက္လိုေၾကာင္း၊ အီတလီ နိုင္ငံတြင္ ရင္ဆိုင္ခဲ့ရသည့္ COVID 19 အေျခအေနႏွင့္ ကုသေရး အေတြ႕အၾကဳံမ်ားကိုလည္း မၽွေဝ ေပးလိုေၾကာင္းႏွင့္ က်န္းမာေရး ဝန္ထမ္းမ်ား ကိုလည္း အီတလီမွ ဆရာဝန္ႀကီးမ်ားႏွင့္ ကၽြမ္းက်င္သူမ်ား၏ ICU, HDU ဆိုင္ရာ သင္တန္းမ်ား ပို႔ခ်ျခင္းႏွင့္ လိုအပ္သည့္ ကူညီ ပံ့ပိုးျခင္းမ်ား ျပဳလုပ္ေပးလိုသည္ဟု ေျပာၾကား ခဲ့သည္။

ဧရာဝတီစင္တာသည္ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန၏ လမ္းညႊန္မွုမ်ားျဖင့္ ေဆာင္ရြက္ေန သည့္ စင္တာျဖစ္ေသာေၾကာင့္ သံအမတ္ႀကီး၏ အစီအစဥ္ကို ဝန္ႀကီးဌာနသို႔ တင္ျပ၍ ပူးေပါင္း ေဆာင္ရြက္သြားမည္ ျဖစ္ၿပီး ခြင့္ျပဳခ်က္ ရရွိ၍ အီတလီနိုင္ငံမွ ဆရာ၀န္ႀကီးမ်ားႏွင့္ ကုသေရး ဆိုင္ရာ ကၽြမ္းက်င္သူမ်ား ေရာက္ရွိလာပါက မိမိအေနျဖင့္ ေနထိုင္သြားလာ စားေသာက္ေရး အတြက္ တာဝန္ယူ ေဆာင္ရြက္ေပးသြားမည္ဟု ဦးေဇာ္ေဇာ္က ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply