POSCO မွ ကန္ေဒၚလာ တစ္သိန္း တန္ဖိုးရွိ ကိုရီးယားႏိုင္ငံထုတ္ Test kits မ်ား လႉဒါန္း

0
24
POSCO မှ ကန်ဒေါ်လာ တစ်သိန်း တန်ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် Test kits များ လှူဒါန်း
 
အောက်တိုဘာ ၁၄
 
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ COVID-19 ရောဂါ ရှာဖွေစစ်ဆေးနိုင်ရေးအတွက် အမေရိကန် ဒေါ်လာ တစ်သိန်း တန်ဖိုးရှိ ကိုရီးယားနိုင်ငံထုတ် RT-PCR Test Kits and Rapid Antigen Test Kits များအား အောက်တိုဘာလ ၁၃ ရက်က ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
 
အဆိုပါ Test Kits များကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း သာကေတကမ်းလွန်ရေနံ အခြေစိုက်စခန်း၊ အထွေထွေ မန်နေဂျာ ဦးတင်ထွန်းနိုင်နှင့် POSCO International Corporation မှ Managing Director, Mr. Jung Hwan Lee တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း ထံ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
 
POSCO International Corporation ကုမ္ပဏီသည် MOGE နှင့် ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်း (ကမ်းလွန်လုပ်ကွက် A1 ၊ A3) နှင့် ကမ်းလွန်လုပ်ကွက် AD-7 တို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက် နေသော ကုမ္ပဏီဖြစ်သည်။
 
အဆိုပါ ကုမ္ပဏီအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနရှိ ဓာတ်ခွဲခန်းသို့ COVID-19 ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်းကို ပထမအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ တန်ဖိုးရှိ RT-PCR Test Kits (၁၀,၀၀၀) ခု၊ ဒုတိယအကြိမ်အဖြစ် ဩဂုတ်လတွင် အမေရိကန် ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိ RT-PCR (QIA CubeHI (QIAGEN)) စက်နှင့် RT-PCR Test Kits (၇,၂၀၀) ခုကို လှူဒါန်းခဲ့ကြောင်းသိရသည်။
 
ထို့ပြင် တတိယအကြိမ်အဖြစ် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ RT-PCR Test Kits (၁၅,၀၀၀) ခုလှူဒါန်းခဲ့ပြီး ယခု စတုတ္ထအကြိမ်အဖြစ် လှူဒါန်းရာတွင် အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ Rapid Antigen Test kits (၁၃,၆၅၂) ခုကို လှူဒါန်းခဲ့ခြင်း ဖြစ်သော ကြောင့် စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၄၆၀,၀၀၀ ရှိပြီ ဖြစ်ကြောင်း သိရသည်။
 
ဝေဝေဖြိုး
#TheFifthWave
(Zawgyi)
 
 
ေအာက္တိုဘာ ၁၄
 
လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္းႏွင့္ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေသာ POSCO International Corporation မွ COVID-19 ေရာဂါ ရွာေဖြစစ္ေဆးႏိုင္ေရးအတြက္ အေမရိကန္ ေဒၚလာ တစ္သိန္း တန္ဖိုးရွိ ကိုရီးယားႏိုင္ငံထုတ္ RT-PCR Test Kits and Rapid Antigen Test Kits မ်ားအား ေအာက္တိုဘာလ ၁၃ ရက္က က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနသို႔ ေပးအပ္လႉဒါန္းခဲ့ ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာနမွ သိရသည္။
 
အဆိုပါ Test Kits မ်ားကို လွ်ပ္စစ္ႏွင့္စြမ္းအင္ ဝန္ႀကီးဌာန၊ ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕ လုပ္ငန္း သာေကတကမ္းလြန္ေရနံ အေျခစိုက္စခန္း၊ အေထြေထြ မန္ေနဂ်ာ ဦးတင္ထြန္းႏိုင္ႏွင့္ POSCO International Corporation မွ Managing Director, Mr. Jung Hwan Lee တို႔က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ေဆးသုေတသနဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေဇာ္သန္းထြန္း ထံ ေပးအပ္လႉဒါန္း ခဲ့ေၾကာင္း သိရသည္။
 
POSCO International Corporation ကုမၸဏီသည္ MOGE ႏွင့္ ေ႐ႊသဘာဝ ဓာတ္ေငြ႕ စီမံကိန္း (ကမ္းလြန္လုပ္ကြက္ A1 ၊ A3) ႏွင့္ ကမ္းလြန္လုပ္ကြက္ AD-7 တို႔တြင္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ရွာေဖြတူးေဖာ္ထုတ္လုပ္ျခင္း လုပ္ငန္းမ်ားကို အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္ ေနေသာ ကုမၸဏီျဖစ္သည္။
 
အဆိုပါ ကုမၸဏီအေနျဖင့္ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ေဆးသုေတသန ဦးစီးဌာနရွိ ဓာတ္ခြဲခန္းသို႔ COVID-19 ကာကြယ္ေရးအတြက္ လိုအပ္ေသာပစၥည္းမ်ား လႉဒါန္းျခင္းကို ပထမအႀကိမ္အျဖစ္ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလတြင္ အေမရိကန္ေဒၚလာ ၁၁၀,၀၀၀ တန္ဖိုးရွိ RT-PCR Test Kits (၁၀,၀၀၀) ခု၊ ဒုတိယအႀကိမ္အျဖစ္ ဩဂုတ္လတြင္ အေမရိကန္ ေဒၚလာ ၁၅၀,၀၀၀ တန္ဖိုးရွိ RT-PCR (QIA CubeHI (QIAGEN)) စက္ႏွင့္ RT-PCR Test Kits (၇,၂၀၀) ခုကို လႉဒါန္းခဲ့ေၾကာင္းသိရသည္။
 
ထို႔ျပင္ တတိယအႀကိမ္အျဖစ္ စက္တင္ဘာလတြင္ အေမရိကန္ေဒၚလာ ၁၀၀,၀၀၀ တန္ဖိုးရွိ RT-PCR Test Kits (၁၅,၀၀၀) ခုလႉဒါန္းခဲ့ၿပီး ယခု စတုတၳအႀကိမ္အျဖစ္ လႉဒါန္းရာတြင္ အေမရိကန္ ေဒၚလာ ၁၀၀,၀၀၀ တန္ဖိုးရွိ Rapid Antigen Test kits (၁၃,၆၅၂) ခုကို လႉဒါန္းခဲ့ျခင္း ျဖစ္ေသာ ေၾကာင့္ စုစုေပါင္း တန္ဖိုး အေမရိကန္ေဒၚလာ ၄၆၀,၀၀၀ ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply