ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕ ဒီမိုကေရစီအထိမ္းအမွတ္ေက်ာက္တိုင္တြင္ ဆႏၵျပသမားမ်ားစုေဝး

0
14

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်တွင် ဆန္ဒပြသမားများစုဝေး

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ရတ်ချာဒမ်နွန်လမ်း(Ratchadamnoen Avenue)ရှိ ဒီမိုကရေစီ အထိမ်း အမှတ်ကျောက်တိုင်တွင် အောက်တိုဘာလ ၁၄ ရက်နံနက်၌ People’s Group ၏အဓိကခေါင်းဆောင် တစ်ဦးဖြစ်သော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရှေ့နေ အာနွန်နမ်ဖါ ခေါင်းဆောင် ၍စတင်စုရုံးနေကြကြောင်းသိရသည်။

အောက်တိုဘာလ ၁၃ ရက်ညတွင် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အနီးနှင့် ဆာထရီဝီသာရာ ကျောင်းတို့၌ ဆန္ဒပြသမား ၂၂ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် မူလက မွန်းလွဲ ၂ နာရီတွင် ဆန္ဒပြပွဲစတင်ရန် ကြေညာထားခဲ့ရာမှ နံနက် ၈ နာရီသို့ပြောင်းရွှေ့ကာ ဆန္ဒပြသမားများစုရုံးနေကြခြင်းဟု သတင်းများက ဆိုသည်။

ဖမ်းဆီးထားသူများကို ပါတွန်သာနီပြည်နယ် နှင့်ကပ်လျက်ရှိသော နယ်ခြားစောင့် ရဲတိုင်းအမှတ် (၁) တွင်ချုပ်နှောင်ထားကြောင်းလည်းသိရသည်။ဖမ်းဆီးမှုအပြီးတွင် သမ်မာဆတ်တက္ကသိုလ်ကျောင်းသား တက်ကြွလှုပ်ရှားသူ ပါရစ် ချီဝါရက် ခေါင်းဆောင်သော ဆန္ဒပြအုပ်စုတစ်ခုက တော်ဝင်ထိုင်းရဲဌာနချုပ် ရုံးရှေ့၌စုဝေးကာ ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြသည်။ သို့သော် ရဲ တပ်ဖွဲ့ကတစ်စုံတရာတုံ့ပြန်ခဲ့ခြင်းမရှိခဲ့သဖြင့်ပါရစ် က ဆန္ဒပြပွဲကိုမူလက မွန်းလွဲနှစ်နာရီတွင်သတ်မှတ် ထားရာမှ နံနက် ၈ နာရီသို့ ရွှေ့ပြောင်းကျင်းပခဲ့ကြခြင်းဟုလည်းသိရသည်။

ဘန်ကောက်မြို့နှင့် အနီးအနားဒေသများမှ ဆန္ဒပြသမားများက နံနက် ရး၃၀ နာရီကပင် ဒီမိုကရေစီ အ ထိမ်းအမှတ်ကျောက်တိုင်သို့ ရောက်ရှိလာကြပြီး မက်ဒေါ်နယ်စားသောက်ဆိုင်ရှေ့တွင် စုဝေးခဲ့ကြ သည်။ များမကြာမီ ချင်းမိုင်မှလည်း ဆန္ဒပြသမားများ အလုံပိတ်ဗင်ကား ခုနှစ်စီးဖြင့်ရောက်ရှိလာခဲ့ကြ သည်။ နံနက် ၈း၄၀ နာရီက ဆန္ဒပြခေါင်းဆောင် အာနွန်နမ်ဖါ က စင်မြင့်ပေါ်တက်ကာ ပိုမိုများပြားသော ဆန္ဒပြသမားများအားစောင့်ဆိုင်းရန် မွန်းလွဲ ၂ နာရီအထိစောင့်ဆိုင်းကြရန်နှင့် ငြိမ်းချမ်းစွာနှင့်အကြမ်း ဖက်မှုမပြုဘဲ ဆန္ဒပြကြရန်ပြောခဲ့သည်။ ၎င်းက လမ်း၏ မက်ဒေါ်နယ်ဆိုင်ဘက်အခြမ်းကို မွန်းလွဲ ၂ နာ ရီ အထိ ပိတ်ထားမည်ဟုလည်းကြေညာခဲ့သည်။အာနွန် က အကယ်၍ အောက်တိုဘာလ ၁၃ ရက်ည ကဖမ်းဆီးခံရသူများကို ရဲတပ်ဖွဲ့က အာမခံဖြင့် ပြန်လွှတ်ပေးခဲ့လျှင် ဆန္ဒပြပွဲရှိရာသို့လာရောက်ပူးပေါင်း ကြမည်ဟုလည်း ပြောခဲ့သည်။

ဆန္ဒပြသမားများ ကအဆင်သင့်ဖြစ်ကြပါက ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ၏အစိုးရ နုတ်ထွက် ပေး ရေး တောင်းဆိုရန်အတွက် အစိုးရရုံးသို့ ချီတက်ကြမည်ဟုလည်းသိရသည်။

Ref—–Bangkok Post
translated by Htwe Ko Tun
#TheFifthWaveNews

မက်ဒေါ်နယ်စားသောက်ဆိုင်ရှေ့တွင် အောက်တိုဘာလ ၁၄ ရက်နံနက်က ဆန္ဒပြသမားအျားစုဝေးနေ စဉ်။(photo——Bangkok Post)

ဘန်ကောက်မြို့၊ရတ်ချာဒမ်နွန်လမ်း(Ratchadamnoen Avenue)ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်တွင်ဆန္ဒပြ စင်မြင့်၌ ဆန္ဒပြခေါင်းဆောင်တစ်ဦးအား အောက်တိုဘာလ ၁၄ ရက်နံနက် ကတွေ့ရစဉ်။(photo—–Bangkok Post)

(zawgyi)

ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕၊ ရတ္ခ်ာဒမ္ႏြန္လမ္း(Ratchadamnoen Avenue)ရွိ ဒီမိုကေရစီ အထိမ္း အမွတ္ေက်ာက္တိုင္တြင္ ေအာက္တိုဘာလ ၁၄ ရက္နံနက္၌ People’s Group ၏အဓိကေခါင္းေဆာင္ တစ္ဦးျဖစ္ေသာ ဒီမိုကေရစီႏွင့္လူ႕အခြင့္အေရးတက္ႂကြလႈပ္ရွားသူ ေရွ႕ေန အာႏြန္နမ္ဖါ ေခါင္းေဆာင္ ၍စတင္စုရံုးေနၾကေၾကာင္းသိရသည္။

ေအာက္တိုဘာလ ၁၃ ရက္ညတြင္ ဒီမိုကေရစီအထိမ္းအမွတ္ေက်ာက္တိုင္အနီးႏွင့္ ဆာထရီဝီသာရာ ေက်ာင္းတို႔၌ ဆႏၵျပသမား ၂၂ ဦး ဖမ္းဆီးခံခဲ့ရၿပီးေနာက္ မူလက မြန္းလဲြ ၂ နာရီတြင္ ဆႏၵျပပဲြစတင္ရန္ ေၾကညာထားခဲ့ရာမွ နံနက္ ၈ နာရီသို႔ေျပာင္းေရႊ႕ကာ ဆႏၵျပသမားမ်ားစုရံုးေနၾကျခင္းဟု သတင္းမ်ားက ဆိုသည္။

ဖမ္းဆီးထားသူမ်ားကို ပါတြန္သာနီျပည္နယ္ ႏွင့္ကပ္လ်က္ရွိေသာ နယ္ျခားေစာင့္ ရဲတိုင္းအမွတ္ (၁) တြင္ခ်ဳပ္ေႏွာင္ထားေၾကာင္းလည္းသိရသည္။ဖမ္းဆီးမႈအၿပီးတြင္ သမ္မာဆတ္တကၠသိုလ္ေက်ာင္းသား တက္ႂကြလႈပ္ရွားသူ ပါရစ္ ခ်ီဝါရက္ ေခါင္းေဆာင္ေသာ ဆႏၵျပအုပ္စုတစ္ခုက ေတာ္ဝင္ထိုင္းရဲဌာနခ်ဳပ္ ရံုးေရွ႕၌စုေဝးကာ ဖမ္းဆီးထားသူမ်ားကို ခ်က္ခ်င္းျပန္လႊတ္ေပးေရး ေတာင္းဆိုခဲ့ၾကသည္။ သို႔ေသာ္ ရဲ တပ္ဖဲြ႕ကတစ္စံုတရာတံု႔ျပန္ခဲ့ျခင္းမရွိခဲ့သျဖင့္ပါရစ္ က ဆႏၵျပပဲြကိုမူလက မြန္းလဲြႏွစ္နာရီတြင္သတ္မွတ္ ထားရာမွ နံနက္ ၈ နာရီသို႔ ေရႊ႕ေျပာင္းက်င္းပခဲ့ၾကျခင္းဟုလည္းသိရသည္။

ဘန္ေကာက္ၿမိဳ႕ႏွင့္ အနီးအနားေဒသမ်ားမွ ဆႏၵျပသမားမ်ားက နံနက္ ၇း၃၀ နာရီကပင္ ဒီမိုကေရစီ အ ထိမ္းအမွတ္ေက်ာက္တိုင္သို႔ ေရာက္ရွိလာၾကၿပီး မက္ေဒၚနယ္စားေသာက္ဆိုင္ေရွ႕တြင္ စုေဝးခဲ့ၾက သည္။ မ်ားမၾကာမီ ခ်င္းမိုင္မွလည္း ဆႏၵျပသမားမ်ား အလံုပိတ္ဗင္ကား ခုႏွစ္စီးျဖင့္ေရာက္ရွိလာခဲ့ၾက သည္။ နံနက္ ၈း၄၀ နာရီက ဆႏၵျပေခါင္းေဆာင္ အာႏြန္နမ္ဖါ က စင္ျမင့္ေပၚတက္ကာ ပိုမိုမ်ားျပားေသာ ဆႏၵျပသမားမ်ားအားေစာင့္ဆိုင္းရန္ မြန္းလဲြ ၂ နာရီအထိေစာင့္ဆိုင္းၾကရန္ႏွင့္ ၿငိမ္းခ်မ္းစြာႏွင့္အၾကမ္း ဖက္မႈမျပဳဘဲ ဆႏၵျပၾကရန္ေျပာခဲ့သည္။ ၎က လမ္း၏ မက္ေဒၚနယ္ဆိုင္ဘက္အျခမ္းကို မြန္းလဲြ ၂ နာ ရီ အထိ ပိတ္ထားမည္ဟုလည္းေၾကညာခဲ့သည္။အာႏြန္ က အကယ္၍ ေအာက္တိုဘာလ ၁၃ ရက္ည ကဖမ္းဆီးခံရသူမ်ားကို ရဲတပ္ဖဲြ႕က အာမခံျဖင့္ ျပန္လႊတ္ေပးခဲ့လွ်င္ ဆႏၵျပပဲြရွိရာသို႔လာေရာက္ပူးေပါင္း ၾကမည္ဟုလည္း ေျပာခဲ့သည္။

ဆႏၵျပသမားမ်ား ကအဆင္သင့္ျဖစ္ၾကပါက ဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာ ၏အစိုးရ ႏုတ္ထြက္ ေပး ေရး ေတာင္းဆိုရန္အတြက္ အစိုးရရံုးသို႔ ခ်ီတက္ၾကမည္ဟုလည္းသိရသည္။

Ref—–Bangkok Post
translated by Htwe Ko Tun
#TheFifthWaveNews

မက္ေဒၚနယ္စားေသာက္ဆိုင္ေရွ႕တြင္ ေအာက္တိုဘာလ ၁၄ ရက္နံနက္က ဆႏၵျပသမားအ်ားစုေဝးေန စဥ္။(photo——Bangkok Post)

ဘန္ေကာက္ၿမိဳ႕၊ရတ္ခ်ာဒမ္ႏြန္လမ္း(Ratchadamnoen Avenue)ရွိ ဒီမိုကေရစီ အထိမ္းအမွတ္ ေက်ာက္တိုင္တြင္ဆႏၵျပ စင္ျမင့္၌ ဆႏၵျပေခါင္းေဆာင္တစ္ဦးအား ေအာက္တိုဘာလ ၁၄ ရက္နံနက္ ကေတြ႕ရစဥ္။(photo—–Bangkok Post)

Leave a Reply