မႏၱေလးတိုင္းေဒသၾကီးတြင္ အသက္ ၆၀ ေက်ာ္သူမ်ား ႀကိဳတင္မဲေပးခြင့္ရွိသူ ၇၅၈၅၉၂ ဦးရွိ

0
25

မန္တလေးတိုင်းဒေသကြီးတွင် အသက် ၆၀ ကျော်သူများ ကြိုတင်မဲပေးခွင့်ရှိသူ ၇၅၈၅၉၂ ဦးရှိ

မန္တလေးတိုင်းဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် အသက် ၆၀ ကျော်သူများ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူ ၇၅၈၅၉၂ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထံကသိရသည် ။

မန္တလေးတိုင်းဒေသကြီး၌ တစ်စတုရန်းမီတာတွင် ပျှမ်းမျှလူဦးရေ ၅၀၀၀ ဦးနှင့်အထက်ရှိသော မြို့နယ်များဖြစ်သော မဟာအောင်မြေမြို့နယ် ၊ ချမ်းအေးသာစံမြို့နယ် ၊ ချမ်းမြသာစည်မြို့နယ် ၊အောင်မြေသာဇံမြို့နယ် ၊ ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ အသက် ၆၀ ကျော်တို့ကို စာရင်းကောက်ယူခဲ့သည် ။

” ကြိုက်တင်မဲပေးဖို့အတွက် လုပ်ဆောင်နေပါပြီ ။ ကိုဗစ်ကာလမှာ ဒီလိုလုပ်လိုက်တော့ မဲပေးတဲ့နေ့မှာ လူနည်းသွားမယ် ။ ဒီကိုဗစ်ကာလမှ သူတို့အတွက်လဲ ကျန်းမာရေးအရ ကောင်းသွားတာပေါ့ဗျာ ” ဟုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ(မန္တလေးတိုင်း) ဥက္ကဌ ဦးရှိန်ဝင်းက ပြောသည်။

အဆိုပါ အသက်၆၀နှစ်နှင့်အထက်ရှိသူများ( ၁၉၆၀ ပြည့်နှစ်နှင့် ယင်းနှစ်၏ ရှေ့ပိုင်းမွေးဖွားသူ ) ကိုအောက်တိုဘာ၂၉ရက်မှနိုဝင်ဘာ၅ရက်အထိနေအိမ်တွင်ပင်ကြိုတင်မဲပေးနိုင်မည်ဖြစ်သည် ။

ထို့ပြင် အသက် ၆၀ ပြည့်သူများအနေဖြင့် ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ် )ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်သို့ သတင်းပို့ကာ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးကို သက်ဆိုင်ရာ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည် ။

နေသူရိန်လင်း
#TheFifthWaveNews

 

(zawgyi)

မႏၱေလးတိုင္းေဒသၾကီးတြင္ Stay at Home သတ္မွတ္ထားသည့္ ၿမိဳ့နယ္မ်ားတြင္ အသက္ ၆၀ ေက်ာ္သူမ်ား ႀကိဳတင္ဆႏၵမဲ ေပးခြင့္ရွိသူ ၇၅၈၅၉၂ ဦးရွိေၾကာင္း မႏၱေလးတိုင္းေဒသၾကီး ေရြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ ထံကသိရသည္ ။

မႏၲေလးတိုင္းေဒသႀကီး၌ တစ္စတုရန္းမီတာတြင္ ပွ်မ္းမွ်လူဦးေရ ၅၀၀၀ ဦးႏွင့္အထက္ရွိေသာ ျမိဳ႕နယ္မ်ားျဖစ္ေသာ မဟာေအာင္ေျမျမိဳ႕နယ္ ၊ ခ်မ္းေအးသာစံျမိဳ႕နယ္ ၊ ခ်မ္းျမသာစည္ျမိဳ႕နယ္ ၊ေအာင္ေျမသာဇံျမိဳ႕နယ္ ၊ ျပည္ၾကီးတံခြန္ျမိဳ႕နယ္တို႔ရွိ အသက္ ၆၀ ေက်ာ္တို႔ကို စာရင္းေကာက္ယူခဲ႔သည္ ။

” ၾကိဳက္တင္မဲေပးဖို႔အတြက္ လုပ္ေဆာင္ေနပါျပီ ။ ကိုဗစ္ကာလမွာ ဒီလိုလုပ္လိုက္ေတာ့ မဲေပးတဲ႔ေန႔မွာ လူနည္းသြားမယ္ ။ ဒီကိုဗစ္ကာလမွ သူတို႔အတြက္လဲ က်န္းမာေရးအရ ေကာင္းသြားတာေပါ့ဗ်ာ ” ဟုေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႔ခြဲ(မႏၲေလးတိုင္း) ဥကၠဌ ဦးရွိန္ဝင္းက ေျပာသည္။

အဆိုပါ အသက္၆၀ႏွစ္ႏွင့္အထက္ရွိသူမ်ား( ၁၉၆၀ ျပည့္ႏွစ္ႏွင့္ ယင္းႏွစ္၏ ေရွ႕ပိုင္းေမြးဖြားသူ ) ကိုေအာက္တိုဘာ၂၉ရက္မွနို၀င္ဘာ၅ရက္အထိေနအိမ္တြင္ပင္ႀကိဳတင္မဲေပးနိုင္မည္ျဖစ္သည္ ။

ထို႔ျပင္ အသက္ ၆၀ ျပည့္သူမ်ားအေနျဖင့္ က်န္းမာေရးအေျခအေနအရ ကိုယ္တိုင္သြားေရာက္ရန္ အခက္အခဲရွိပါက သက္ဆိုင္ရာ ရပ္ကြက္ (သို႔မဟုတ္ )ေက်းရြာအုပ္စု ေရြးေကာက္ပြဲေကာ္မရွင္သို႔ သတင္းပို႔ကာ ေနအိမ္တြင္ ၾကိဳတင္မဲေပးႏိုင္ေရးကို သက္ဆိုင္ရာ သက္ဆိုင္ရာ ရပ္ကြက္ ေက်းရြာအုပ္စု ေရြးေကာက္ပြဲေကာ္မရွင္က စီစဥ္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္းသိရသည္ ။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply