AAအၾကမ္းဖက္အဖြဲ႕ေဒသတြင္းလႈပ္ရွားမႈေၾကာင့္ပလက္ဝတြင္ ေက်း႐ြာ ၂၅၀ နီးပါး စားနပ္ရိကၡာ ျပတ္လပ္ေန

0
34

AAအကြမ်းဖက်အဖွဲ့ဒေသတွင်းလှုပ်ရှားမှုကြောင့်ပလက်ဝတွင် ကျေးရွာ ၂၅၀ နီးပါး စားနပ်ရိက္ခာ ပြတ်လပ်နေ

အောက်တိုဘာ ၁၄

AAအကြမ်းဖက်အဖွဲ့၏ ဒေသတွင်းလှုပ်ရှားမှုကြောင့်ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၇၆ အုပ်စုအတွင်း နေထိုင်သည့် ကျေးရွာပေါင်း ၂၄၆ ရွာ စားနပ်ရိက္ခာ ပြတ်လပ် နေကြောင်း ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (Khumi Affairs Coordination Council-KACC) က အောက်တိုဘာလ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ ကျေးရွာပေါင်း ၂၄၆ ရွာရှိ အိမ်ထောင်စု ၁၃၂၅၉ စု၊ လူဦးရေ ၆၂၄၅၄ ဦးမှာ စားနပ်ရိက္ခာ၊ အဓိကအားဖြင့် ဆန်ရိက္ခာ ပြတ်လပ်နေကြောင်း သက်ဆိုင်ရာ ကျေးရွာများမှ ရပ်ရွာလူကြီးများ၊ ဘာသာရေး ခေါင်းဆောင်များ၏ သတင်းပေးပို့ ချက်များအရသိရသည်ဟုဆိုသည်။

လက်ရှိ အနေအထားတွင် အစိုးရဘက်မှ ကူညီထောက်ပံ့မှု ပုံမှန်ဆောင်ရွက်နေပြီဖြစ်သဖြင့် တိုက်ပွဲရှောင် စခန်းများတွင် ရောက်ရှိနေသည့် ပြည်သူများအတွက် စားနပ်ရိက္ခာများ ရောက်ရှိ သော်လည်း တိုက်ပွဲရှောင်များ မဟုတ်သည့် စားနပ်ရိက္ခာ ပြတ်လပ်နေသည့် ကျေးရွာများ အတွက်မူ ယနေ့အထိ လုံလောက်သည့် အကူအညီများ မရရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ချင်းတိုက်ပွဲရှောင် ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီအနေဖြင့် တိုက်ပွဲရှောင်စခန်းများ မဟုတ်သော ကျေးရွာများ ဆန်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များ၏ ပံ့ပိုးကူညီ မှုဖြင့် ဆောင်ရွက်လျက် ရှိသော်လည်း မည်သို့မျှ လုံလောက်ခြင်း မရှိကြောင်း သိရသည်။

ဒေသခံပြည်သူအများအပြားအနေဖြင့် လွန်ခဲ့သည့် လများက ငွေကြေးပို့ပေးပါက ဝယ်ယူမည့် ဆန် ရရှိနိုင်သေးသော်လည်း ယခုအခါ ငွေကြေးရရှိ လျှင်ပင် အလွယ်တကူ ဝယ်ယူနိုင်သည့် အခြေအနေမျိုး လုံးဝ မရှိတော့ကြောင်းသိရသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးတွင် တည်ရှိကာ ချင်းပြည်နယ် လူဦးရေ ငါးပုံတစ်ပုံခန့် နေထိုင်သည့် မြို့နယ်ဖြစ်ပြီး ဒေသခံများအနေဖြင့် AA အကြမ်းဖက် အဖွဲ့ဝင် များ လှုပ်ရှားမှုကြောင့် ပြင်းထန်သည့် တိုက်ပွဲများ ကြား ဒေသတွင်း သွားလာရေး လမ်းကြောင်းများ ဖြတ်တောက်ခံရခြင်းနှင့်အတူ မိရိုးဖလာ တောင်ယာ လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်း မရှိတော့ဘဲ ယခုကဲ့သို့ စားနပ်ရိက္ခာများ ပြတ်လပ်ခဲ့ရသည်မှာ လွန်ခဲ့သည့် နှစ်ကတည်း ကပင် ဖြစ်ကြောင်း ဒေသခံပြည်သူ အများအပြား က အဆိုပါ ကောင်စီထံ ဆက်သွယ် ပြောကြား ကြကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

 

AAအၾကမ္းဖက္အဖြဲ႕ေဒသတြင္းလႈပ္ရွားမႈေၾကာင့္ပလက္ဝတြင္ ေက်း႐ြာ ၂၅၀ နီးပါး စားနပ္ရိကၡာ ျပတ္လပ္ေန

ေအာက္တိုဘာ ၁၄

AAအၾကမ္းဖက္အဖြဲ႕၏ ေဒသတြင္းလႈပ္ရွားမႈေၾကာင့္ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာအုပ္စုေပါင္း ၇၆ အုပ္စုအတြင္း ေနထိုင္သည့္ ေက်း႐ြာေပါင္း ၂၄၆ ႐ြာ စားနပ္ရိကၡာ ျပတ္လပ္ ေနေၾကာင္း ခူမီးခ်င္း မ်ိဳးႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္းေရး ေကာင္စီ (Khumi Affairs Coordination Council-KACC) က ေအာက္တိုဘာလ ၁၃ ရက္တြင္ သတင္း ထုတ္ျပန္ထားသည္။

အဆိုပါ ေက်း႐ြာေပါင္း ၂၄၆ ႐ြာရွိ အိမ္ေထာင္စု ၁၃၂၅၉ စု၊ လူဦးေရ ၆၂၄၅၄ ဦးမွာ စားနပ္ရိကၡာ၊ အဓိကအားျဖင့္ ဆန္ရိကၡာ ျပတ္လပ္ေနေၾကာင္း သက္ဆိုင္ရာ ေက်း႐ြာမ်ားမွ ရပ္႐ြာလူႀကီးမ်ား၊ ဘာသာေရး ေခါင္းေဆာင္မ်ား၏ သတင္းေပးပို႔ ခ်က္မ်ားအရသိရသည္ဟုဆိုသည္။

လက္ရွိ အေနအထားတြင္ အစိုးရဘက္မွ ကူညီေထာက္ပံ့မႈ ပုံမွန္ေဆာင္႐ြက္ေနၿပီျဖစ္သျဖင့္ တိုက္ပြဲေရွာင္ စခန္းမ်ားတြင္ ေရာက္ရွိေနသည့္ ျပည္သူမ်ားအတြက္ စားနပ္ရိကၡာမ်ား ေရာက္ရွိ ေသာ္လည္း တိုက္ပြဲေရွာင္မ်ား မဟုတ္သည့္ စားနပ္ရိကၡာ ျပတ္လပ္ေနသည့္ ေက်း႐ြာမ်ား အတြက္မူ ယေန႔အထိ လုံေလာက္သည့္ အကူအညီမ်ား မရရွိေသးေၾကာင္း သိရသည္။

လက္ရွိတြင္ ခ်င္းတိုက္ပြဲေရွာင္ ျပည္သူမ်ား အေရးေပၚ ကူညီေရးႏွင့္ ျပန္လည္ ထူေထာင္ေရး ေကာ္မတီအေနျဖင့္ တိုက္ပြဲေရွာင္စခန္းမ်ား မဟုတ္ေသာ ေက်း႐ြာမ်ား ဆန္ရရွိေရးအတြက္ ျပည္တြင္း၊ ျပည္ပရွိ အလႉရွင္မ်ား၏ ပံ့ပိုးကူညီ မႈျဖင့္ ေဆာင္႐ြက္လ်က္ ရွိေသာ္လည္း မည္သို႔မွ် လုံေလာက္ျခင္း မရွိေၾကာင္း သိရသည္။

ေဒသခံျပည္သူအမ်ားအျပားအေနျဖင့္ လြန္ခဲ့သည့္ လမ်ားက ေငြေၾကးပို႔ေပးပါက ဝယ္ယူမည့္ ဆန္ ရရွိႏိုင္ေသးေသာ္လည္း ယခုအခါ ေငြေၾကးရရွိ လွ်င္ပင္ အလြယ္တကူ ဝယ္ယူႏိုင္သည့္ အေျခအေနမ်ိဳး လုံးဝ မရွိေတာ့ေၾကာင္းသိရသည္။

ပလက္ဝၿမိဳ႕နယ္သည္ ခ်င္းျပည္နယ္ ေတာင္ပိုင္း အစြန္ဆုံးတြင္ တည္ရွိကာ ခ်င္းျပည္နယ္ လူဦးေရ ငါးပုံတစ္ပုံခန႔္ ေနထိုင္သည့္ ၿမိဳ႕နယ္ျဖစ္ၿပီး ေဒသခံမ်ားအေနျဖင့္ AA အၾကမ္းဖက္ အဖြဲ႕ဝင္ မ်ား လႈပ္ရွားမႈေၾကာင့္ ျပင္းထန္သည့္ တိုက္ပြဲမ်ား ၾကား ေဒသတြင္း သြားလာေရး လမ္းေၾကာင္းမ်ား ျဖတ္ေတာက္ခံရျခင္းႏွင့္အတူ မိ႐ိုးဖလာ ေတာင္ယာ လုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္ျခင္း မရွိေတာ့ဘဲ ယခုကဲ့သို႔ စားနပ္ရိကၡာမ်ား ျပတ္လပ္ခဲ့ရသည္မွာ လြန္ခဲ့သည့္ ႏွစ္ကတည္း ကပင္ ျဖစ္ေၾကာင္း ေဒသခံျပည္သူ အမ်ားအျပား က အဆိုပါ ေကာင္စီထံ ဆက္သြယ္ ေျပာၾကား ၾကေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply