ယခုဘဏ္ဍာနှစ်​​တွင်​ စင်​ကာပူနိုင်​ငံမှရင်းနှီးမြှုပ်​နှံမှု အများဆုံးဝင်​​ရောက်

0
229

ရန်ကုန် ၊ ဇန်န၀ါရီ ၃၁ ၊ ၂၀၁၈

ယခုဘဏ္ဍာနှစ်​အတွင်း မြန်​မာနိုင်​ငံသို့ ဝင်​​ရောက်​သည့်​နိုင်​ငံခြား ရင်းနှီးမြှုပ်​နှံမှုများထဲတွင်​ စင်​ကာပူနိုင်​ငံက ဝင်​​ရောက်​မှု အများဆုံး ဖြစ်​​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများ ညွှန်​ကြားမှုဦးစီး ဌာနမှ သိရသည်​။

မြန်​မာနိုင်​ငံသို့ ဝင်​​ရောက်​သည့်​ နိုင်​ငံခြား ရင်းနှီးမြှုပ်​နှံမှု အများဆုံး စာရင်းတွင်​ စင်​ကာပူ နိုင်​ငံက ၅နှစ်​ဆက်​တိုက်​ ရပ်​တည်​​နေ​ကြောင်း ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများ ညွှန်​ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်​။

“ဒီအစိုးရသစ်​လက်​ထက်​မှာ ပို့​ဆောင်​ဆက်​သွယ်​​ရေး ကဏ္ဍကို ရင်းနှီးမြှုပ်​နှံတာ အများဆုံးပဲ။ဒုတိယက ကုန်​ထုတ်​လုပ်​မှုလုပ်​ငန်းကို ဝင်​တာများတယ်​။အခုဘဏ္ဍာနှစ်​ထဲမှာလည်း စင်​ကာပူနိုင်​ငံက ရင်းနှီးမြှုပ်​နှံမှု ဝင်​​ရောက်​တာ အများဆုံးပါပဲ။ ဒီဘဏ္ဍာနှစ်​ထဲမှာ အများဆုံးဝင်​​ရောက်​တဲ့ ကဏ္ဍက စက်​မှုလုပ်ငန်း​​ကဏ္ဍ၊ အိမ်​ရာအ​ဆောက်​အအုံကဏ္ဍ၊ အခြား ဝန်​​ဆောင်​မှုကဏ္ဍနဲ့လျှပ်​စစ်​ကဏ္ဍ​တွေမှာ အများဆုံးဝင်​​ရောက်​ခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်​နှံမှုနှင့်​ကုမ္ပဏီများညွှန်​ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်​ကြား​ရေးမှုး ဦးသန်း​အောင်​​ကျော်​က​ပြောသည်​။

စင်​ကာပူနိုင်​ငံအ​နေဖြင့်​ ပြည်​တွင်း၌ ရင်းနှီးမြှုပ်​နှံသည့်​ အဓိက ကဏ္ဍများမှာ စက်​မှုကုန်​ထုတ်​လုပ်​ငန်း၊ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းနှင့်​ ဝန်​​ဆောင်​မှုလုပ်​ငန်းများအပြင်​ အခြားလုပ်​ငန်းများလည်း​ပါဝင်ပြီး ပို့​ဆောင်​ဆက်​သွယ်​​ရေးလုပ်​ငန်းနှင့်​ ​ဆောက်​လုပ်​​ရေးလုပ်​ငန်းများမှာ စိတ်​ဝင်​စားမှု များပြားသည့်​လုပ်​ငန်းများဖြစ်​​ကြောင်းသိရသည်​။

လက်​ရှိဘဏ္ဍာနှစ်​ နိုဝင်ဘာလကုန်​အထိ စင်​ကာပူနိုင်​ငံမှ ရင်းနှီးမြှုပ်​နှံမှု ပမာဏ အ​မေရိကန်​​ဒေါ်လာ ၁ ဒသမ ၄ဘီလျံ ဝင်​​ရောက်​ခဲ့ပြီး တရုတ်​နိုင်​ငံမှ အ​မေရိကန်​​ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ၊ ၊ နယ်​သာလန်​နိုင်​ငံမှ ကန်​​ဒေါ်လာ ၅၃၃ သန်း​ကျော်​၊ ကိုရီးယားနိုင်​ငံမှ ကန်​​ဒေါ်လာ ၂၂၃သန်း နှင့်​ ​ဟောင်​​ကောင်​မှ ကန်​​ဒေါ်လာ ၂၀၂ သန်း​ကျော်​ဝင်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

ယခုဘဏ္ဍာနှစ်​အတွင်း နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှု အများဆုံးဝင်​​ရောက်​သည့်​ တိုင်းနှင့်​ ပြည်​နယ်​များမှာ ရန်​ကုန်​တိုင်းတွင်​ အ​မေရိကန်​​ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ၊၊ မန္တ​လေးတိုင်းတွင်​ ကန်​​ဒေါ်လာ ၁ ဒသမ ၁ဘီလျံ၊၊ မွန်​ပြည်​နယ်​တွင်ကန်​​ဒေါ်လာ၄၄၈သန်း၊ကချင်​ပြည်နယ်တွင်​ ​ဒေါ်လာ၂၄၄သန်း​ကျော် ​နှင့်​ တနသာင်္ရီတိုင်းတွင်​ ​ဒေါ်လာ ၁၇၄သန်း ဝင်​​ရောက်​ခဲ့​ကြောင်း သိရသည်​။

၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်​ နိုဝင်​ဘာလအထိ ပြည်​တွင်း၌ စင်​ကာပူနိုင်​ငံ၏ ရင်းနှီးမြှုပ်​နှံမှု ပမာဏမှာ အ​မေရိကန်​​ဒေါ်လာ ၁၆ ဘီလျံ
ကျော်​ ရှိပြီဖြစ်​သည်​။

ဝေ​ဝေဖြိုး

Leave a Reply