ပုဂံေဒသ အပင္ ၃၀၀၀စိုက္ပ်ိဳးေရးစီမံကိန္းမွ ယႏၲရားအသံုးျပဳေျမတူးေဖာ္မႈေရွးေဟာင္သုေတသနအသင္း ကန္႔ကြက္

0
15

ပုဂံဒေသ အပင် ၃၀၀၀စိုက်ပျိုးရေးစီမံကိန်းမှ ယန္တရားအသုံးပြုမြေတူးဖော်မှုရှေးဟောင်သုတေသနအသင်း ကန့်ကွက်

ပုဂံဒေသစိမ်းလန်းစိုပြည်ရေးခေါင်းစဉ်ဖြင့်ပုဂံယဉ်ကျေးမှုနယ်မြေအတွင်းအရိပ်ရပင်(အပင်ကြီး)၃,၀၀၀စိုက်ပျိုးမည့် စီမံကိန်းကိုဆောင်ရွက်ရာတွင်ပုဂံဒေသ၏ယဉ်ကျေးမှုအမွေအနှစ်တည်ရှိရာဇုန်(PropertyZone)အတွင်းမြေတူးစက်၊ မြေကော်စက်များဖြစ်သည့် စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်နေခြင်းအပေါ်ရှေးဟောင်သုတေသနအသင်းမှကန့်ကွက်လိုက်ကြောင်းသိရသည်။

ထိုသို့အပင်စိုက်ရန်မြေတူးခြင်းများကြောင့်ရှေးဟောင်းအုတ်ရိုးများပျက်စီးမှုများဖြစ်ပေါ်ခြင်း၊ပုဂံ၏ယဉ်ကျေးမှုဝိသေသရှုခင်း (Cultural Landscape) အား ဆိုးရွားစွာ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခြင်း၊အစရှိသည့်ဖြစ်ရပ်များ ဖြစ်ပေါ်ခြင်းအတွက်မိမိတို့အသင်းအနေဖြင့်ပုဂံမြို့ပြအမွေအနှစ်၏ အမွေအနှစ်ဆိုင်ရာ အထင်ကရတန်ဖိုးများ ဆက်လက်ပျောက်ပျက်မည်ကိုများစွာစိုးရိမ်မကင်းဖြစ်ရကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်လက်၍ပုဂံယဉ်ကျေးမှုနယ်မြေသည်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သကဲ့သို့နိုင်ငံတော်အဆင့်ကာကွယ်စောင့်ရှောက်ခံအမွေအနှစ်ဒေသတစ်ခုလည်းဖြစ်သည့်အားလျော်စွာပုဂံကမ္ဘာ့အမွေအနှစ်ဇုန်အားစီမံခန့်ခွဲရေးဆောင်ရွက်နေသည့်အဖွဲ့အစည်းပုဂ္ဂိုလ်များအနေဖြင့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာပြည်တွင်းတည်ဆဲဉပဒေပါပြဌားန်ချက်များနိုင်ငံတကာသဘောတူညီချက်နှင့်ပြဌာန်းချက်များ၊ရှေးဟောင်းသုတေသနဆိုင်ရာနိုင်ငံတကာစံနှုန်းများနှင့်သတ်မှတ်ချက်များ၊ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိန်းရေးဆိုင်ရာ ကျင့်ဝတ်များ၊ ပုဂံဒေသကမ္ဘာအမွေအနှစ်အဖြစ် တင်သွင်းရာတွင် နိုင်ငံတော်က ကတိကဝတ်ပြုထားသည့် အမွေအနှစ်ထိန်းသိန်းရေးဆိုင်ရာစံနှုန်းများကိုအထူးဂရုပြုကာအတိအကျလိုက်နာဆောင်ရွက်ရန်မိမိတို့အသင်းအနေဖြင့်လေးလေးနက်နက်တိုက်တွန်းကြောင်းဖော်ပြထားသည်။

အဆိုပါဆောင်ရွက်နေသည့်စီမံကိန်းသည်ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ၏ ရေရှည်တည်တံ့ရေးကိုခြိမ်းခြောက်နေခြင်း၊ပုဂံယဉ်ကျေးမှုမြို့ပြမြင်ကွင်း၏အထင်ကရတန်ဖိုးကိုဆိုးရွားစွာထိခိုက်ပျက်စီးစေခြင်း၊မြေအောက်ရှိသုတေသနမပြုရသေးသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများ ပျက်စီးခြင်းကြောင့်အနာဂတ်တွင်သမိုင်းနှင့်ရှေးဟောင်းသုတေသနဆိုင်ရာ သုတေသနပြုလုပ်ငန်းများ အတွက် သက်သေအထောက်အထားများပျောက်ဆုံးပျက်စီးခြင်းဖြစ်ပေါ်စေနိုင်ကြောင်းထုတ်ပြန်ချက်ကရေးသားထားသည်။

ထို့ကြောင့်ပုဂံဒေသစိမ်းလန်းစိုပြေရေးစီမံကိန်းနှင့်စပ်လျဉ်း၍လက်ရှိဆောင်ရွက်နေမှုများအပေါ်မိမိတို့အသင်းအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ ပါကြောင်းနှင့် အဆိုပါ စီမံကိန်းအား အချိန်မဆိုင်းကာရပ်တန့်ထားပြီး အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်ညီမညီ ပညာရှင်များ၏အတည်ပြုသုံးသပ်ချက်များ ပြန်လည်ရယူပြီးမှသာ ဆောင်ရွက်ပါရန် လေးလေး နက်နက် တိုက်တွန်း ထားသည်။

ထို့အပြင်လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ စီမံကိန်းအား ဆက်လက်ဖော်ဆောင်နေမည်ဆိုပါက မိမိတို့ အသင်းသည် ရှေးဟောင်းသုတေသနနှင့်ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကဏ္ဍ၏ ပညာရပ်ဆိုင်ရာအရပ်ဘက်အဖွဲ့ အစည်းတစ်ခုအနေဖြင့်နိုင်ငံတော်သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာဗဟိုကော်မတီတို့ထံသို့ အစီရင်ခံစာစာတွဲများနှင့်အတူ တိုင်ကြားခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သလို ပြည်သူလူထုပါ ပါဝင်သည့် Public Campaign တစ်ခုပါ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိ‌ပေးပြောကြားထားသည်။

HM
#TheFifthWaveNews

(zawgyi)

ပုဂံေဒသ အပင္ ၃၀၀၀စိုက္ပ်ိဳးေရးစီမံကိန္းမွ ယႏၲရားအသံုးျပဳေျမတူးေဖာ္မႈေရွးေဟာင္သုေတသနအသင္း ကန္႔ကြက္

ပုဂံေဒသစိမ္းလန္းစိုျပည္ေရးေခါင္းစဥ္ျဖင့္ပုဂံယဥ္ေက်းမွုနယ္ေျမအတြင္းအရိပ္ရပင္(အပင္ႀကီး)၃,၀၀၀စိုက္ပ်ိဳးမည့္ စီမံကိန္းကိုေဆာင္ရြက္ရာတြင္ပုဂံေဒသ၏ယဥ္ေက်းမွုအေမြအႏွစ္တည္ရွိရာဇုန္(PropertyZone)အတြင္းေျမတူးစက္၊ ေျမေကာ္စက္မ်ားျဖစ္သည့္ စက္ယႏၲရားႀကီးမ်ားျဖင့္ ေဆာင္ရြက္ေနျခင္းအေပၚေရွးေဟာင္သုေတသနအသင္းမွကန္႔ကြက္လိုက္ေၾကာင္းသိရသည္။

ထိုသို႔အပင္စိုက္ရန္ေျမတူးျခင္းမ်ားေၾကာင့္ေရွးေဟာင္းအုတ္ရိုးမ်ားပ်က္စီးမွုမ်ားျဖစ္ေပၚျခင္း၊ပုဂံ၏ယဥ္ေက်းမွုဝိေသသရွုခင္း (Cultural Landscape) အား ဆိုးရြားစြာ ထိခိုက္ပ်က္စီးမွုျဖစ္ေပၚျခင္း၊အစရွိသည့္ျဖစ္ရပ္မ်ား ျဖစ္ေပၚျခင္းအတြက္မိမိတို့အသင္းအေနျဖင့္ပုဂံၿမိဳ့ျပအေမြအႏွစ္၏ အေမြအႏွစ္ဆိုင္ရာ အထင္ကရတန္ဖိုးမ်ား ဆက္လက္ေပ်ာက္ပ်က္မည္ကိုမ်ားစြာစိုးရိမ္မကင္းျဖစ္ရေၾကာင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ဆက္လက္၍ပုဂံယဥ္ေက်းမွုနယ္ေျမသည္ကမၻာ့အေမြအႏွစ္စာရင္းဝင္ျဖစ္သကဲ့သို့နိုင္ငံေတာ္အဆင့္ကာကြယ္ေစာင့္ေရွာက္ခံအေမြအႏွစ္ေဒသတစ္ခုလည္းျဖစ္သည့္အားေလ်ာ္စြာပုဂံကမၻာ့အေမြအႏွစ္ဇုန္အားစီမံခန႔္ခြဲေရးေဆာင္ရြက္ေနသည့္အဖြဲ႕အစည္းပုဂၢိဳလ္မ်ားအေနျဖင့္ယဥ္ေက်းမွုအေမြအႏွစ္ထိန္းသိမ္းေရးဆိုင္ရာျပည္တြင္းတည္ဆဲဉပေဒပါျပဌားန္ခ်က္မ်ားနိုင္ငံတကာသေဘာတူညီခ်က္ႏွင့္ျပဌာန္းခ်က္မ်ား၊ေရွးေဟာင္းသုေတသနဆိုင္ရာနိုင္ငံတကာစံႏွုန္းမ်ားႏွင့္သတ္မွတ္ခ်က္မ်ား၊ယဥ္ေက်းမွုအေမြအႏွစ္ထိန္းသိန္းေရးဆိုင္ရာ က်င့္ဝတ္မ်ား၊ ပုဂံေဒသကမၻာအေမြအႏွစ္အျဖစ္ တင္သြင္းရာတြင္ နိုင္ငံေတာ္က ကတိကဝတ္ျပဳထားသည့္ အေမြအႏွစ္ထိန္းသိန္းေရးဆိုင္ရာစံႏွုန္းမ်ားကိုအထူးဂ႐ုျပဳကာအတိအက်လိုက္နာေဆာင္ရြက္ရန္မိမိတို့အသင္းအေနျဖင့္ေလးေလးနက္နက္တိုက္တြန္းေၾကာင္းေဖာ္ျပထားသည္။

အဆိုပါေဆာင္ရြက္ေနသည့္စီမံကိန္းသည္ပုဂံယဥ္ေက်းမွုအေမြအႏွစ္ေဒသရွိ ေရွးေဟာင္းအေဆာက္အအုံမ်ား၏ ေရရွည္တည္တံ့ေရးကိုၿခိမ္းေျခာက္ေနျခင္း၊ပုဂံယဥ္ေက်းမွုၿမိဳ့ျပျမင္ကြင္း၏အထင္ကရတန္ဖိုးကိုဆိုးရြားစြာထိခိုက္ပ်က္စီးေစျခင္း၊ေျမေအာက္ရွိသုေတသနမျပဳရေသးသည့္ ေရွးေဟာင္းသုေတသနဆိုင္ရာ အေထာက္အထားမ်ား ပ်က္စီးျခင္းေၾကာင့္အနာဂတ္တြင္သမိုင္းႏွင့္ေရွးေဟာင္းသုေတသနဆိုင္ရာ သုေတသနျပဳလုပ္ငန္းမ်ား အတြက္ သက္ေသအေထာက္အထားမ်ားေပ်ာက္ဆုံးပ်က္စီးျခင္းျဖစ္ေပၚေစႏိုင္ေၾကာင္းထုတ္ျပန္ခ်က္ကေရးသားထားသည္။

ထို႔ေၾကာင့္ပုဂံေဒသစိမ္းလန္းစိုေျပေရးစီမံကိန္းႏွင့္စပ္လ်ဥ္း၍လက္ရွိေဆာင္ရြက္ေနမွုမ်ားအေပၚမိမိတို့အသင္းအေနျဖင့္ ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရွုတ္ခ် ပါေၾကာင္းႏွင့္ အဆိုပါ စီမံကိန္းအား အခ်ိန္မဆိုင္းကာရပ္တန႔္ထားၿပီး အေမြအႏွစ္ထိန္းသိမ္းေရးဆိုင္ရာ လုပ္ထုံးလုပ္နည္းမ်ား ႏွင့္ညီမညီ ပညာရွင္မ်ား၏အတည္ျပဳသုံးသပ္ခ်က္မ်ား ျပန္လည္ရယူၿပီးမွသာ ေဆာင္ရြက္ပါရန္ ေလးေလး နက္နက္ တိုက္တြန္း ထားသည္။

ထို႔အျပင္လိုက္နာေဆာင္ရြက္ျခင္းမရွိဘဲ စီမံကိန္းအား ဆက္လက္ေဖာ္ေဆာင္ေနမည္ဆိုပါက မိမိတို့ အသင္းသည္ ေရွးေဟာင္းသုေတသနႏွင့္ယဥ္ေက်းမွုအေမြအႏွစ္ထိန္းသိမ္းေရးက႑၏ ပညာရပ္ဆိုင္ရာအရပ္ဘက္အဖြဲ႕ အစည္းတစ္ခုအေနျဖင့္နိုင္ငံေတာ္သမၼတ၊နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ အမ်ိဳးသားယဥ္ေက်းမွုအေမြအႏွစ္ ထိန္းသိမ္းေရးဆိုင္ရာဗဟိုေကာ္မတီတို့ထံသို့ အစီရင္ခံစာစာတြဲမ်ားႏွင့္အတူ တိုင္ၾကားျခင္းမ်ားကို ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္သလို ျပည္သူလူထုပါ ပါဝင္သည့္ Public Campaign တစ္ခုပါ ျပဳလုပ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းအသိ‌ေပးေျပာၾကားထားသည္။

HM
#TheFifthWaveNews

Leave a Reply