City Taxi သက္တမ္းတိုးလုပ္ငန္းမ်ားကို သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ ခြင့္ျပဳခ်က္ ရမွသာ ျပန္လည္ေဆာင္ရြက္မည္

0
14

City Taxi သက်တမ်းတိုးလုပ်ငန်းများကို သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခွင့်ပြုချက် ရမှသာ ပြန်လည်ဆောင်ရွက်မည်

အောက်တိုဘာ ၁၄

City Taxi သက်တမ်းတိုးခြင်းလုပ်ငန်းများကို COVID-19 ဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက် ရမှသာ ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ
သိရသည်။

လက်ရှိတွင် City Taxi သက်တမ်းတိုးခြင်း လုပ်ငန်းများကို COVID-19 စတင်ဖြစ်ပွားသည့် မတ်လအတွင်းက စတင်၍ လူစုလူဝေး မဖြစ်စေရန် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ City Taxi ဆိုတာက ရန်ကုန်တိုင်း ဒေသကြီးရဲ့ လိုအပ်ချက်အရ City Taxi မှတ်ပုံတင်ခြင်း လုပ်ငန်း လုပ်ရတာ ဖြစ်တဲ့အတွက် ရောဂါကူးစက်မှု ဖြစ်နိုင်ခြေနဲ့ လုပ်ငန်းလိုအပ်ချက်ကို တွက်ပြီးတော့ ကျွန်တော်တို့ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်အထိ City Taxi မှတ်ပုံတင် သက်တမ်းတိုးခြင်းကို ရပ်ဆိုင်းထားဆဲ ဖြစ်ပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများရဲ့ ခွင့်ပြုချက်အရ ကျွန်တော်တို့ ပြန်လည်လေ့လာသုံးသပ်ပြီးတော့မှ ပြန်လည်ဆောင်ရွက်ပေးသွားပါ့မယ်”ဟု YRTA မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

City Taxi မှတ်ပုံတင်ခြင်းကို ၂၀၀၂ ခုနှစ်မှစ၍ စီမံချက်ချကာ မြို့တော်အင်္ဂါရပ်နှင့်ညီသော အငှားယာဉ်များဖြစ်ရေး၊ အငှါးယာဉ် စီးနင်းသူ များကို အထောက်အပံ့ပြုနိုင်ရေးနှင့် အငှားယာဉ် များကို စည်းကမ်းထိန်းသိမ်းမှု လုပ်ဆောင် ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ City Taxi အဖြစ် မှတ်ပုံတင်ကာ စနစ်တကျ ထိန်းကျောင်းခဲ့သောကြောင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၀ ရက်အထိ ပစ္စည်းပျောက်မှု၊ ရာဇဝတ်မှုအပါအဝင် အမှု ဖြစ်စဉ်ပေါင်း ၂၉၀၀ ကိုလည်း ကူညီပေးနိုင်ခဲ့ ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တွင် City Taxi မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေမှာ မတ်လကုန်အထိ အစီးရေ ၆၀၀၀၀ ကျော် ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

 

City Taxi သက္တမ္းတိုးလုပ္ငန္းမ်ားကို သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ား၏ ခြင့္ျပဳခ်က္ ရမွသာ ျပန္လည္ေဆာင္ရြက္မည္

ေအာက္တိုဘာ ၁၄

City Taxi သက္တမ္းတိုးျခင္းလုပ္ငန္းမ်ားကို COVID-19 ျဖစ္ပြားမွု အေျခအေနေပၚမူတည္၍ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား၏ ခြင့္ျပဳခ်က္ ရမွသာ ျပန္လည္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမွုအာဏာပိုင္အဖြဲ႕(YRTA)မွ
သိရသည္။

လက္ရွိတြင္ City Taxi သက္တမ္းတိုးျခင္း လုပ္ငန္းမ်ားကို COVID-19 စတင္ျဖစ္ပြားသည့္ မတ္လအတြင္းက စတင္၍ လူစုလူေဝး မျဖစ္ေစရန္ ရပ္ဆိုင္းခဲ့ျခင္းျဖစ္သည္။
“ကၽြန္ေတာ္တို႔ရဲ႕ City Taxi ဆိုတာက ရန္ကုန္တိုင္း ေဒသႀကီးရဲ့ လိုအပ္ခ်က္အရ City Taxi မွတ္ပုံတင္ျခင္း လုပ္ငန္း လုပ္ရတာ ျဖစ္တဲ့အတြက္ ေရာဂါကူးစက္မွု ျဖစ္နိုင္ေျခနဲ႔ လုပ္ငန္းလိုအပ္ခ်က္ကို တြက္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဆိုင္းငံ့ခဲ့တာ ျဖစ္ပါတယ္။ အခုအခ်ိန္အထိ City Taxi မွတ္ပုံတင္ သက္တမ္းတိုးျခင္းကို ရပ္ဆိုင္းထားဆဲ ျဖစ္ပါတယ္။ ေရာဂါအေျခအေနေပၚ မူတည္ၿပီးေတာ့ သက္ဆိုင္ရာ တာဝန္ရွိ အဖြဲ႕အစည္းမ်ားရဲ႕ ခြင့္ျပဳခ်က္အရ ကၽြန္ေတာ္တို႔ ျပန္လည္ေလ့လာသုံးသပ္ၿပီးေတာ့မွ ျပန္လည္ေဆာင္ရြက္ေပးသြားပါ့မယ္”ဟု YRTA မွ တြဲဘက္အတြင္းေရးမွဴး ဦးလွေအာင္ က ေျပာသည္။

City Taxi မွတ္ပုံတင္ျခင္းကို ၂၀၀၂ ခုႏွစ္မွစ၍ စီမံခ်က္ခ်ကာ ၿမိဳ့ေတာ္အဂၤါရပ္ႏွင့္ညီေသာ အငွားယာဥ္မ်ားျဖစ္ေရး၊ အငွါးယာဥ္ စီးနင္းသူ မ်ားကို အေထာက္အပံ့ျပဳနိုင္ေရးႏွင့္ အငွားယာဥ္ မ်ားကို စည္းကမ္းထိန္းသိမ္းမွု လုပ္ေဆာင္ ေပးနိုင္ေရးတို႔အတြက္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။

ထိုကဲ့သို႔ City Taxi အျဖစ္ မွတ္ပုံတင္ကာ စနစ္တက် ထိန္းေက်ာင္းခဲ့ေသာေၾကာင့္ ၂၀၁၄ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၀ ရက္အထိ ပစၥည္းေပ်ာက္မွု၊ ရာဇဝတ္မွုအပါအဝင္ အမွု ျဖစ္စဥ္ေပါင္း ၂၉၀၀ ကိုလည္း ကူညီေပးနိုင္ခဲ့ ေၾကာင္း သိရသည္။
လက္ရွိ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ ေရး ႀကီးၾကပ္ကြပ္ကဲမွု အာဏာပိုင္အဖြဲ႕တြင္ City Taxi မွတ္ပုံတင္ထားသည့္ ယာဥ္အစီးေရမွာ မတ္လကုန္အထိ အစီးေရ ၆၀၀၀၀ ေက်ာ္ ရွိေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply