Covid-19 ညႊန္ၾကားခ်က္မ်ားေၾကာင့္ ေနရပ္သို့မျပန္နိုင္သူမ်ား ႀကိဳတင္ဆႏၵမဲေပးနိုင္ေၾကာင္း ေရြးေကာ္ထုတ္ျပန္

0
15

Covid-19 ညွှန်ကြားချက်များကြောင့် နေရပ်သို့မပြန်နိုင်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ရွေးကော်ထုတ်ပြန်

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်သည့် ညွှန်ကြားချက်များကြောင့် မိမိနေရပ်သို့မပြန်နိုင်သည့်သူများအနေဖြင့် သက်ဆိုင်ရာရွေးကောက်ပွဲဆိုင်ရာကော်မရှင်အဖွဲ့ခွဲထံတွင် ပုံစံ ၁၅ ဖြည့်၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရန် ၂၅ ရက်သာ ကျန်ရှိတော့ပြီဖြစ်သော်လည်း Covid-19 အမိန့်ညွှန်ကြားချက်ကြောင့် နေရပ်သို့မပြန်နိုင်သေးသည့်သူများရှိနေပြီး ယင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်နေကြောင်း သိရသည်။ ယင်းကြောင့် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရန် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်ပြီး Covid-19 အတည်ပြုလူနာများနှင့် ကွားရန်တင်းဝင်ရောက်သူများကိုလည်း ကြိုတင်မဲပေးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“ ကပ်ရောဂါကာလအတွင်းမှာ ရွေးကောက်ပွဲရွှေ့ဆိုင်းချင်တဲ့ နိုင်င့တွေအများကြီးရှိတယ်။ ကျင်းပတဲ့နိုင်ငံတွေလည်းရှိတယ်။ ကပ်ရောဂါကာလအတွင်းမှာလုပ်တာဆိုတော့ တီထွင်ဆန်းသစ်မှုတွေလုပ်ရတယ်။ အမေရိကန်နိုင်ငံဆိုရင် အွန်လိုင်းကနေ မဲပေးလို့ရသလို စာတိုက်ကနေပေးပို့ပြီး မဲပေးလို့ရတယ်ပေါ့၊ ဒီမှာကရွေးစရာမရှိဘူး။ လက်ရှိအာဏာရပါတီကတော့ အခွင့်အလမ်းပိုသာတယ်။ အထူးသဖြင့် အတိုက်အခံပါတီတွေ၊ ပါတီငယ်တွေက ရုပ်မြင်သံကြားကနေလွှင့်တော့လည်း ဆင်ဆာဖြတ်ခံရတယ်။ မလွှင့်တော့ဘူးလို့ အသံတွေကြားနေရတယ်။ ဒါကြောင့် ၂၀၂၀ အလွန်ကိုသုံးသပ်ရမယ်ဆိုရင် သူသည်ဘယ်လောက် ပွင့်လင်းမြင်သာမှုရှိမလဲ၊ မျှတမှုရှိမလဲဆိုတာ စောင့်ကြည့်ရမယ်။ တော်တော်ကြီးအားမရဘူး”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကပြောသည်။

Covid-19 ကပ်ရောဂါကာလအတွင်းကျင်းပမည့် ရွေးကောက်ပွဲဖြစ်သည့်အတွက် ကျန်းမာရေးမကောင်းသူများ၊ အသက်အရွယ်ကြီးသူများအတွက် ရောဂါပိုးမကူးစက်နိုင်စေရန်အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပရောက်နိုင်ငံသားများမှ ကြိုတင်ဆန္ဒမဲပေးနေပြီး စုစုပေါင်းစာရင်းအရ ၁၅၀၀၀၀ ဝန်းကျင်ရှိပြီး ၅၀၀၀၀ ကျော်ကြိုတင်မဲပေးပြီးဖြစ်ကာ လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများကိုမူ လက်ရှိအချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(zawgyi)

Covid-19 ညႊန္ၾကားခ်က္မ်ားေၾကာင့္ ေနရပ္သို့မျပန္နိုင္သူမ်ား ႀကိဳတင္ဆႏၵမဲေပးနိုင္ေၾကာင္း ေရြးေကာ္ထုတ္ျပန္

Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီမွ ထုတ္ျပန္သည့္ ညႊန္ၾကားခ်က္မ်ားေၾကာင့္ မိမိေနရပ္သို့မျပန္နိုင္သည့္သူမ်ားအေနျဖင့္ သက္ဆိုင္ရာေရြးေကာက္ပြဲဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲထံတြင္ ပုံစံ ၁၅ ျဖည့္၍ ႀကိဳတင္ဆႏၵမဲေပးနိုင္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

၂၀၂၀ ပါတီစုံအေထြေထြေရြးေကာက္ပြဲက်င္းပရန္ ၂၅ ရက္သာ က်န္ရွိေတာ့ၿပီျဖစ္ေသာ္လည္း Covid-19 အမိန္႔ညႊန္ၾကားခ်က္ေၾကာင့္ ေနရပ္သို့မျပန္နိုင္ေသးသည့္သူမ်ားရွိေနၿပီး ယင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၌ အမ်ားဆုံးျဖစ္ေနေၾကာင္း သိရသည္။ ယင္းေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မဲေပးပိုင္ခြင့္ဆုံးရွုံးမွုမရွိေစရန္ ယင္းသို့ေဆာင္ရြက္ျခင္းျဖစ္ၿပီး Covid-19 အတည္ျပဳလူနာမ်ားႏွင့္ ကြားရန္တင္းဝင္ေရာက္သူမ်ားကိုလည္း ႀကိဳတင္မဲေပးနိုင္ရန္အတြက္လည္း စီစဥ္ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“ ကပ္ေရာဂါကာလအတြင္းမွာ ေရြးေကာက္ပြဲေရႊ႕ဆိုင္းခ်င္တဲ့ နိုင္င့ေတြအမ်ားႀကီးရွိတယ္။ က်င္းပတဲ့နိုင္ငံေတြလည္းရွိတယ္။ ကပ္ေရာဂါကာလအတြင္းမွာလုပ္တာဆိုေတာ့ တီထြင္ဆန္းသစ္မွုေတြလုပ္ရတယ္။ အေမရိကန္နိုင္ငံဆိုရင္ အြန္လိုင္းကေန မဲေပးလို့ရသလို စာတိုက္ကေနေပးပို့ၿပီး မဲေပးလို့ရတယ္ေပါ့၊ ဒီမွာကေရြးစရာမရွိဘူး။ လက္ရွိအာဏာရပါတီကေတာ့ အခြင့္အလမ္းပိုသာတယ္။ အထူးသျဖင့္ အတိုက္အခံပါတီေတြ၊ ပါတီငယ္ေတြက ႐ုပ္ျမင္သံၾကားကေနလႊင့္ေတာ့လည္း ဆင္ဆာျဖတ္ခံရတယ္။ မလႊင့္ေတာ့ဘူးလို့ အသံေတြၾကားေနရတယ္။ ဒါေၾကာင့္ ၂၀၂၀ အလြန္ကိုသုံးသပ္ရမယ္ဆိုရင္ သူသည္ဘယ္ေလာက္ ပြင့္လင္းျမင္သာမွုရွိမလဲ၊ မၽွတမွုရွိမလဲဆိုတာ ေစာင့္ၾကည့္ရမယ္။ ေတာ္ေတာ္ႀကီးအားမရဘူး”ဟု နိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေအာင္သူၿငိမ္းကေျပာသည္။

Covid-19 ကပ္ေရာဂါကာလအတြင္းက်င္းပမည့္ ေရြးေကာက္ပြဲျဖစ္သည့္အတြက္ က်န္းမာေရးမေကာင္းသူမ်ား၊ အသက္အရြယ္ႀကီးသူမ်ားအတြက္ ေရာဂါပိုးမကူးစက္နိုင္ေစရန္အတြက္ ႀကိဳတင္ဆႏၵမဲေပးျခင္းျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ျပည္ပေရာက္နိုင္ငံသားမ်ားမွ ႀကိဳတင္ဆႏၵမဲေပးေနၿပီး စုစုေပါင္းစာရင္းအရ ၁၅၀၀၀၀ ဝန္းက်င္ရွိၿပီး ၅၀၀၀၀ ေက်ာ္ႀကိဳတင္မဲေပးၿပီးျဖစ္ကာ လာမည့္ နိုဝင္ဘာလ ၈ ရက္တြင္ ပါတီစုံအေထြေထြေရြးေကာက္ပြဲက်င္းပမည္ျဖစ္ၿပီး ေရြးေကာက္ပြဲမက်င္းပနိုင္သည့္ ေနရာမ်ားကိုမူ လက္ရွိအခ်ိန္ထိ ထုတ္ျပန္ျခင္းမရွိေသးေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

Leave a Reply