Ve Ve အချိုရည်စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု ပြေလည်မှုမရသေး

0
175

မန္တလေး၊ ဇန်နဝါရီ ၃၁၊ ၂၀၁၈

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ Ve Ve အချိုရည်စက်ရုံ အလုပ်သမားများက ကြုံတွေ့နေသည့်အခက်အခဲများ ပြေလည်ရန် အတွက် ဇန်နဝါရီလ ၃၁ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ရာ သက်ဆိုင်ရာ အလုပ်သမားအငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့က ဖြေရှင်းပေးသော် လည်း ပြေလည်မှုမရရှိသေးကြောင်း သိရသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များထဲမှ အပြင်နေလုပ်သားများ ဖယ်ရီ (သို့မဟုတ်) ခရီးစရိတ်စီစဉ်ပေးရေး နှင့် နှစ်တိုးကြေးများရရှိရေး မှ လွဲပြီး ကျန်သည့်တောင်းဆိုချက်များကို အလုပ်ရှင်ဘက်မှ လိုက်လျောကြောင်း အလုပ်သမားများထံက သိရသည်။

“ကျွန်မတို့ကတော့ အကုန်ရမှ သဘောတူမယ် ။ ခုဆက်ပြီး မညှိနှိုင်း တော့ ဘူး ။ ကျွန်မတို့ ပြန်လာလိုက်တယ် ။ ဘာဆက်လုပ်မယ် ဆိုတာကို အခြားလူတွေနဲ့ တိုင်ပင်ပြီးမှ ဆက်လုပ်သွားမယ်´´ ဟု ဆန္ဒပြအလုပ်သမား တစ်ဦးဖြစ်သည့် မကြူကြူသင်းက ပြောသည်။

ယင်းဆန္ဒပြမှုတွင် အလုပ်သမားအင်အား အယောက် ၄၀ ကျော်ပါဝင်ကာ အမျိုးသမီးများအား မိုက်ရိုင်းစွာဆဲဆိုဆက်ဆံပြီး လိင်အကြမ်းဖက်သော QC ခေါင်းဆောက်များ အလိုမရှိ ၊ ကျန်းမာရေးနှင့် မညီညွှတ်၊ မြန်မာ့ ယဉ်ကျေးမှုနှင့်မကိုက်ညီသော ယူနီဖောင်းများအား ပြောင်းလဲပေးရေး ဒို့အရေး ၊ နားနေဆောင်များရရှိရေး ဒို့အရေး၊ အလုပ်သမားများ၏ ဆန္ဒမပါပဲ မြို့/ဌာန မပြောင်းရွှေ့ရေး ဒို့အရး စသည့် ကြွေးကြော် သံများဖြင့် တောင်းဆိုချက် (၁၅)ချက်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နိုင်လင်းဦး

Leave a Reply