ရွမ္းျပည္မွ ရန္ကုန္သို႔ ကုန္စည္သယ္ယူ ပို႔ေဆာင္ သည့္ ကုန္တင္ကားခမ်ား ႏွစ္ဆေက်ာ္ ျမႇင့္တက္

0
54

ရှမ်းပြည်မှ ရန်ကုန်သို့ ကုန်စည်သယ်ယူ ပို့ဆောင် သည့် ကုန်တင်ကားခများ နှစ်ဆကျော် မြှင့်တက်

အောက်တိုဘာ ၁၄

COVID-19 ကာလအတွင်း ရှမ်းပြည်နယ်မှ ရန်ကုန်သို့ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကားခများ နှစ်ဆကျော် မြှင့်တက် နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရသည်။

ကုန်တင်ကားခများမှာ ယခင်က ခြောက်သိန်း၊ ခြောက်သိန်းခွဲခန့်သာ ရှိသော်လည်း ယခုအခါ ၁၆ သိန်းအထိ ဖြစ်ပေါ်နေပြီး ထိုသို့ ကုန်တင် ကားခများ နှစ်ဆ ကျော် မြှင့်တက်နေသော ကြောင့် ယခုရက်ပိုင်းတွင် သီရိမင်္ဂလာဈေးသို့ ကုန်တင်ကားအဝင်မှာ အစီးရေ ၂၀ နှင့် ၃၀ ကြားသာ ရှိကြောင်း သိရသည်။

“ကုန်တင်ကားခ ဈေးနှုန်း နဂိုတုန်းက ခြောက်သိန်း၊ ခြောက်သိန်းခွဲဆိုရင် တင်လို့ရတယ်။ အခုဟာ ကတော့ ဈေးကတော့ မျိုးစုံပဲ။ ပါးစပ်ဈေးကို ဖြစ်နေတာ။ သီရိမင်္ဂလာဈေး အဝင်ကတော့ ဒီရက်ပိုင်းမှာ ကားအစီးရေ ၂၀ ကျော်ပဲ ဝင်တယ်။ ကိုဗစ်မဖြစ်ခင် ပထမတစ်ခေါက်ဖြစ်တာနဲ့ ဒုတိယတစ်ခေါက်ကြားမှာတော့ အခြေအနေ ပြန်ကောင်းတဲ့အချိန်မှာ ကားအစီးရေက ရာဂဏန်း ဝင်တယ်” မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်သူ က ပြောသည်။

လက်ရှိ ရှမ်းပြည်နယ်မှ ထွက်ရှိသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုပ်ပွ၊ ခရမ်းသီး၊ အာလူး၊ ကြက်သွန် စသည့် ကုန်များ ထွက်ရှိနေသော်လည်း ကုန်တင်ခများ မြှင့်တက်သည့်အပြင် သယ်ယူ ပို့ဆောင်ရေး မချောမွေ့ခြင်းတို့ကြောင့် လိုသလောက် မတင်ပို့နိုင်ဘဲ ကုန်စည်များ စားသုံးသူ လက်ထဲရောက်ရှိပါက ဈေးမြှင့်တက်မှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။

လက်ရှိ ရှမ်းပြည်နယ် စိုက်ခင်းထဲတွင် ခရမ်းချဉ်သီး တစ်ပိဿလျှင် ကျပ်သုံးရာသာ ရှိသော်လည်း ရန်ကုန်ရှိ မြို့နယ်နှင့် ရက်ကွက် ရောင်းဈေးတွင် တစ်ပိဿလျှင် ကျပ်သုံးထောင် ရှိပြီး အလားတူ စိုက်ခင်းထဲတွင် ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် လေးရာခန့် သာရှိသော်လည်း ရန်ကုန် ရောင်းဈေး တွင် တစ်ထုပ်လျှင် တစ်ထောင့်ငါးရာကျပ် နှင့် စိုက်ခင်းထဲတွင် ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် တစ်ရာ့ငါးဆယ်သာ ရှိသော်လည်း ရန်ကုန် ရောင်းဈေးတွင် တစ်ထုပ်လျှင် တစ်ထောင်ကျပ် ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

 

(zawgyi)

 

ရွမ္းျပည္မွ ရန္ကုန္သို႔ ကုန္စည္သယ္ယူ ပို႔ေဆာင္ သည့္ ကုန္တင္ကားခမ်ား ႏွစ္ဆေက်ာ္ ျမႇင့္တက္

ေအာက္တိုဘာ ၁၄

COVID-19 ကာလအတြင္း ရွမ္းျပည္နယ္မွ ရန္ကုန္သို႔ ကုန္စည္မ်ား သယ္ယူပို႔ေဆာင္ရာတြင္ ကုန္တင္ကားခမ်ား ႏွစ္ဆေက်ာ္ ျမႇင့္တက္ ေနေၾကာင္း ျမန္မာနိုင္ငံ သစ္သီး၀လံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းမွသိရသည္။

ကုန္တင္ကားခမ်ားမွာ ယခင္က ေျခာက္သိန္း၊ ေျခာက္သိန္းခြဲခန္႔သာ ရွိေသာ္လည္း ယခုအခါ ၁၆ သိန္းအထိ ျဖစ္ေပၚေနၿပီး ထိုသို႔ ကုန္တင္ ကားခမ်ား ႏွစ္ဆ ေက်ာ္ ျမႇင့္တက္ေနေသာ ေၾကာင့္ ယခုရက္ပိုင္းတြင္ သီရိမဂၤလာေစ်းသို႔ ကုန္တင္ကားအဝင္မွာ အစီးေရ ၂၀ ႏွင့္ ၃၀ ၾကားသာ ရွိေၾကာင္း သိရသည္။

“ကုန္တင္ကားခ ေစ်းႏွုန္း နဂိုတုန္းက ေျခာက္သိန္း၊ ေျခာက္သိန္းခြဲဆိုရင္ တင္လို႔ရတယ္။ အခုဟာ ကေတာ့ ေစ်းကေတာ့ မ်ိဳးစုံပဲ။ ပါးစပ္ေစ်းကို ျဖစ္ေနတာ။ သီရိမဂၤလာေစ်း အဝင္ကေတာ့ ဒီရက္ပိုင္းမွာ ကားအစီးေရ ၂၀ ေက်ာ္ပဲ ဝင္တယ္။ ကိုဗစ္မျဖစ္ခင္ ပထမတစ္ေခါက္ျဖစ္တာနဲ႔ ဒုတိယတစ္ေခါက္ၾကားမွာေတာ့ အေျခအေန ျပန္ေကာင္းတဲ့အခ်ိန္မွာ ကားအစီးေရက ရာဂဏန္း ဝင္တယ္” ျမန္မာနိုင္ငံ သစ္သီး၀လံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းမွ အတြင္းေရးမွဴး ဦးေက်ာ္သူ က ေျပာသည္။

လက္ရွိ ရွမ္းျပည္နယ္မွ ထြက္ရွိေသာ ခရမ္းခ်ဥ္သီး၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ င႐ုပ္ပြ၊ ခရမ္းသီး၊ အာလူး၊ ၾကက္သြန္ စသည့္ ကုန္မ်ား ထြက္ရွိေနေသာ္လည္း ကုန္တင္ခမ်ား ျမႇင့္တက္သည့္အျပင္ သယ္ယူ ပို႔ေဆာင္ေရး မေခ်ာေမြ႕ျခင္းတို႔ေၾကာင့္ လိုသေလာက္ မတင္ပို႔နိုင္ဘဲ ကုန္စည္မ်ား စားသုံးသူ လက္ထဲေရာက္ရွိပါက ေစ်းျမႇင့္တက္မႈ မ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။

လက္ရွိ ရွမ္းျပည္နယ္ စိုက္ခင္းထဲတြင္ ခရမ္းခ်ဥ္သီး တစ္ပိႆလၽွင္ က်ပ္သုံးရာသာ ရွိေသာ္လည္း ရန္ကုန္ရွိ ၿမိဳ့နယ္ႏွင့္ ရက္ကြက္ ေရာင္းေစ်းတြင္ တစ္ပိႆလၽွင္ က်ပ္သုံးေထာင္ ရွိၿပီး အလားတူ စိုက္ခင္းထဲတြင္ ေဂၚဖီထုပ္ တစ္ထုပ္လၽွင္ က်ပ္ ေလးရာခန္႔ သာရွိေသာ္လည္း ရန္ကုန္ ေရာင္းေစ်း တြင္ တစ္ထုပ္လၽွင္ တစ္ေထာင့္ငါးရာက်ပ္ ႏွင့္ စိုက္ခင္းထဲတြင္ ပန္းေဂၚဖီ တစ္ထုပ္လၽွင္ က်ပ္ တစ္ရာ့ငါးဆယ္သာ ရွိေသာ္လည္း ရန္ကုန္ ေရာင္းေစ်းတြင္ တစ္ထုပ္လၽွင္ တစ္ေထာင္က်ပ္ ရွိေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

 

Leave a Reply