Covid ေခ်းေငြမွ လုပ္ငန္းေပါင္း ၁၂၀၀ ကို က်ပ္ ၂၁ ဘီလီယံေက်ာ္ ထပ္မံထုတ္ေပးမည္

0
27

Covid ချေးငွေမှ လုပ်ငန်းပေါင်း ၁၂၀၀ ကို ကျပ် ၂၁ ဘီလီယံကျော် ထပ်မံထုတ်ပေးမည်

အောက်တိုဘာ ၁၅

ဒုတိယအကြိမ် ထုတ်ချေးသည့် Covid ချေးငွေမှ လုပ်ငန်းပေါင်း ၁၂၀၀ ခုကို ကျပ် ၂၁ ဘီလီယံ ကျော် ထပ်မံထုတ်ပေးသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်က ကျပ် ဘီလီယံ ၁၀၀ ထပ်မံ လျာထား ပေးခဲ့ပြီး ပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ကျပ် ၂၀ ဒသမ ၇၇၇ ဘီလီယံ ခွင့်ပြု ပေးခဲ့ပြီး ဖြစ်ကာ အဆိုပါ အစည်းအဝေးတွင် ထပ်မံ၍ လုပ်ငန်း ၁၂၀၀ ခုသို့ ကျပ် ၂၁ ဒသမ ၁၂၂ ဘီလီယံ ထုတ်ပေးနိုင်ရေးအတွက် အတည်ပြုပေးမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့ အတည်ပြုပြီးပါက ဒုတိယအကြိမ် ချေးငွေမှ ကဏ္ဍအလိုက် ခွင့်ပြုထုတ်ပေး နိုင်မှုသည် စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခုရှိလာမည်ဖြစ်ပြီး ငွေပမာဏမှာ ကျပ် ၄၁ ဒသမ ၈၉၉ ဘီလီယံ ရှိလာမည် ဖြစ်သည်။

ဒုတိယအကြိမ် ကိုဗစ်ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုး ပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေး ဝမ်းကျောင်း ပညာသင် ကျောင်းများအား ထုတ်ချေးပေးနေခြင်း ဖြစ်သည်။
ထိုသို့ ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေးကဏ္ဍလုပ်ငန်း ၄၁ ခု သို့ ကျပ် ၁၀၁၀ သန်း၊ မွေးမြူရေးကဏ္ဍလုပ်ငန်း ၁၈၂ ခုသို့ ကျပ် ၂၉၅၇ သန်း၊ ရေလုပ်ငန်းကဏ္ဍလုပ်ငန်း ၉၃ ခုသို့ ကျပ် ၂၂၁၈ သန်း၊ ပို့ကုန်လုပ်ငန်းကဏ္ဍ လုပ်ငန်း ၄၂ ခုသို့ ကျပ် ၁၇၇၀ သန်း၊ သွင်းကုန် အစားထိုးကဏ္ဍလုပ်ငန်း ၁၅၃ ခုသို့ ကျပ် ၃၄၃၂ သန်း၊ Supply Chain လုပ်ငန်းများလုပ်ငန်း ၄၉ ခုသို့ ကျပ် ၁၂၅၇ သန်း၊ စားသောက်ကုန် ကဏ္ဍလုပ်ငန်း ၁၅၇၀ ခုသို့ ကျပ်၂၇၅၆၀ သန်း၊ပြည်ပ အလုပ်အကိုင်လုပ်ငန်း ၇၀ ခုသို့ ကျပ် ၈၇၀ သန်းနှင့် ရှာဖွေရေးလုပ်ငန်းများ အသက်မွေး ပညာသင် လုပ်ငန်း ၄၁ ခုသို့ ကျပ် ၈၂၅ သန်း စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခု သို့ ကျပ် ၄၁၈၉၉ သန်း ထုတ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

COVID-19 ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေ ထုတ်ပေးရာတွင် ပထမအကြိမ်က လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေပမာဏ ကျပ် ၁၀၁ ဒသမ ၁၂၈ ဘီလီယံ ထုတ်ပေးရန် စိစစ်ခွင့်ပြု ခဲ့သည့်အနက် လုပ်ငန်း ၃၂၃၉ ခုသို့ ကျပ် ၉၇ ဒသမ ၀၅၀ ဘီလီယံ ထုတ်ပေးထားပြီးဖြစ်ကာ ဆက်လက်၍ ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့ ချေးငွေ ကျပ် ၄ ဒသမ ၀၇၈ ဘီလီယံ ဆက်လက်ထုတ်ပေးရေးကိုလည်း မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

(zawgyi)

 

Covid ေခ်းေငြမွ လုပ္ငန္းေပါင္း ၁၂၀၀ ကို က်ပ္ ၂၁ ဘီလီယံေက်ာ္ ထပ္မံထုတ္ေပးမည္

ေအာက္တုိဘာ ၁၅

ဒုတိယအႀကိမ္ ထုတ္ေခ်းသည့္ Covid ေခ်းေငြမွ လုပ္ငန္းေပါင္း ၁၂၀၀ ခုကို က်ပ္ ၂၁ ဘီလီယံ ေက်ာ္ ထပ္မံထုတ္ေပးသြားမည္ ျဖစ္ေၾကာင္း ရင္းႏွီးျမႇုဳပ္ႏွံမွုႏွင့္ နိုင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာသည္။

ဒုတိယအႀကိမ္ ေခ်းေငြထုတ္ေပးနိုင္ေရးအတြက္ နိုင္ငံေတာ္က က်ပ္ ဘီလီယံ ၁၀၀ ထပ္မံ လ်ာထား ေပးခဲ့ၿပီး ပထမအသုတ္အျဖစ္ လုပ္ငန္း ၁၀၄၁ ခုသို႔ က်ပ္ ၂၀ ဒသမ ၇၇၇ ဘီလီယံ ခြင့္ျပဳ ေပးခဲ့ၿပီး ျဖစ္ကာ အဆိုပါ အစည္းအေဝးတြင္ ထပ္မံ၍ လုပ္ငန္း ၁၂၀၀ ခုသို႔ က်ပ္ ၂၁ ဒသမ ၁၂၂ ဘီလီယံ ထုတ္ေပးနိုင္ေရးအတြက္ အတည္ျပဳေပးမည္ ျဖစ္ေၾကာင္းသိရသည္။
ထိုသို႔ အတည္ျပဳၿပီးပါက ဒုတိယအႀကိမ္ ေခ်းေငြမွ က႑အလိုက္ ခြင့္ျပဳထုတ္ေပး နိုင္မွုသည္ စုစုေပါင္းလုပ္ငန္း ၂၂၄၁ ခုရွိလာမည္ျဖစ္ၿပီး ေငြပမာဏမွာ က်ပ္ ၄၁ ဒသမ ၈၉၉ ဘီလီယံ ရွိလာမည္ ျဖစ္သည္။

ဒုတိယအႀကိမ္ ကိုဗစ္ေခ်းေငြကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေရထြက္ပစၥည္း ထုတ္လုပ္သည့္ လုပ္ငန္းမ်ား၊ ျပည္ပပို႔ကုန္ ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ သြင္းကုန္ အစားထိုး ပစၥည္း ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္တြင္းထုတ္လုပ္မွုမွ ျပည္ပတင္ပို႔သည္အထိ ထုတ္လုပ္မွုကြင္းဆက္ (Supply Chain) တစ္ေလၽွာက္ ပါဝင္ ေဆာင္ရြက္သည့္ လုပ္ငန္းမ်ား၊ စားေသာက္ကုန္ ထုတ္လုပ္သည့္ ကုန္ထုတ္လုပ္ငန္းမ်ား၊ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မွုလုပ္ငန္းမ်ားႏွင့္ အသက္ေမြး ဝမ္းေက်ာင္း ပညာသင္ ေက်ာင္းမ်ားအား ထုတ္ေခ်းေပးေနျခင္း ျဖစ္သည္။
ထိုသို႔ က႑တစ္ခုခ်င္းအလိုက္ ေခ်းေငြထုတ္ေပးရာတြင္ စိုက္ပ်ိဳးေရးက႑​​လုပ္ငန္း ၄၁ ခု သို႔ ​က်ပ္ ၁၀၁၀ သန္း၊ ေမြးျမဴေရးက႑​​လုပ္ငန္း ၁၈၂​​ ခုသို႔ က်ပ္ ၂၉၅၇ သန္း၊ ​ေရလုပ္ငန္းက႑​​လုပ္ငန္း ၉၃ ​​ခုသို႔ က်ပ္ ၂၂၁၈ သန္း၊ ပို႔ကုန္လုပ္ငန္း​က႑​​ လုပ္ငန္း ၄၂ ​ခုသို႔ က်ပ္ ၁၇၇၀ သန္း၊ သြင္းကုန္ အစားထိုးက႑​လုပ္ငန္း ၁၅၃​ ခုသို႔ က်ပ္ ၃၄၃၂ သန္း၊ Supply Chain လုပ္ငန္းမ်ား​လုပ္ငန္း ၄၉ ခုသို႔ ​က်ပ္ ၁၂၅၇ သန္း၊ စားေသာက္ကုန္ က႑​လုပ္ငန္း ၁၅၇၀​ ခုသို႔ က်ပ္၂၇၅၆၀ သန္း၊​ျပည္ပ အလုပ္အကိုင္​​လုပ္ငန္း ၇၀​ ခုသို႔ က်ပ္ ၈၇၀ သန္းႏွင့္ ​ရွာေဖြေရးလုပ္ငန္းမ်ား အသက္ေမြး ပညာသင္​​ လုပ္ငန္း ၄၁​ ခုသို႔ က်ပ္ ၈၂၅ သန္း ​စုစုေပါင္း​​​လုပ္ငန္း ၂၂၄၁ ခု သို႔ ​​က်ပ္ ၄၁၈၉၉ သန္း ထုတ္ေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

COVID-19 ေၾကာင့္ ထိခိုက္မွုရွိခဲ့သည့္ က႑မ်ားမွ စီးပြားေရးလုပ္ငန္းမ်ားအတြက္ ေခ်းေငြ ထုတ္ေပးရာတြင္ ပထမအႀကိမ္က လုပ္ငန္းေပါင္း ၃၃၉၃ ခုသို႔ ေငြပမာဏ က်ပ္ ၁၀၁ ဒသမ ၁၂၈ ဘီလီယံ ထုတ္ေပးရန္ စိစစ္ခြင့္ျပဳ ခဲ့သည့္အနက္ လုပ္ငန္း ၃၂၃၉ ခုသို႔ က်ပ္ ၉၇ ဒသမ ၀၅၀ ဘီလီယံ ထုတ္ေပးထားၿပီးျဖစ္ကာ ဆက္လက္၍ က်န္ရွိသည့္ လုပ္ငန္း ၁၅၄ ခုသို႔ ေခ်းေငြ က်ပ္ ၄ ဒသမ ၀၇၈ ဘီလီယံ ဆက္လက္ထုတ္ေပးေရးကိုလည္း ျမန္မာ့စီးပြားေရးဘဏ္က ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply