ကာကြယ္ေရး၀န္ႀကီး(ၿငိမ္း)မွ ပထမဆုံးအႀကိမ္မဲေပးခြင္႔ရရွိမည္႔ လူငယ္မ်ားအား မဲေပးနည္း စနစ္ သ႐ုပ္ေဖာ္ျပသခဲ႔

0
24

ကာကွယ်ရေးဝန်ကြီး(ငြိမ်း)မှ ပထမဆုံးအကြိမ်မဲပေးခွင့်ရရှိမည့် လူငယ်များအား မဲပေးနည်း စနစ် သရုပ်ဖော်ပြသခဲ့

USDP ပါတီမှ ကာကွယ်ရေးဝန်ကြီး (ငြိမ်း)ဖြစ်သည့် ဦးဝေလွင်မှ ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိမည့် လူငယ်များကို မဲပေးနည်းစနစ် သိရှိစေရန်နှင့် မိမိ ဆန္ဒပြုသည့်မဲလက်မှတ် ပယ်မဲမဖြစ်စေရန် သရုပ်ဖော်ပြသမှုများ ပြုလုပ်ပေးခဲ့သည်။

ထိုကဲ့သို့ ပြသပေးမှုကို ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာ၊ ဘက်စုံသက်မွေးပညာသင်စခန်းတွင် အောက်တိုဘာလ ၁၄ ရက်နေ့က ပြုခဲ့ပြီး အသက် ၁၈ နှစ်ပြည့်ပြီးလူငယ် ၅၀ ကျော်က လာရောက် လေ့လာခဲ့ကြကြောင်း သိရှိရသည်။
“အခုလိုပြသပေးတော့ ကောင်းပါတယ်။ ပယ်မဲမဖြစ်တဲ့ အချက်တွေသိတော့ ပြင်လို့ရတာပေါ့။ ကျွန်တော်တို့က USDP ကိုပဲ မဲပေးမှာပါ”ဟု တက်ရောက်လာသည့် ဒေသခံ လူငယ်တစ်ဦးက ပြောသည်။

ရွေးကောက်ပွဲတွင် ဆန္ဒမဲများ ပေးရာတွင် ကျန်းမာရေးနှင့်အညီ မဲပေးနိုင်ရန် မှတ်ပုံတင်ပါရှိရန် ၊ Mask တပ်ရန် ၊ တစ်ဦးနှင့်တစ်ဦး ကပ်မနေပဲ သတ်မှတ်ထားသည့် အကွာအဝေးတိုင်း စနစ်တကျ နေရန် ၊ လက်ဆေးရန် နှင့် မဲပေးရာတွင် စနစ်တကျ လုပ်ဆောင်ရန် တို့ကို သရုပ်ပြ ပြောခဲ့သည်။

၎င်းမြို့နယ်တွင် တစ်သီးပုဂ္ဂလ (၃)ဦးအပါအဝင် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အခြေခံလူတန်းစားဘဝမြှင့်တင်ရေး ပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ယဉ်ကေနွယ်
#TheFifthWaveNews

(zawgyi)

ကာကြယ္ေရး၀န္ႀကီး(ၿငိမ္း)မွ ပထမဆုံးအႀကိမ္မဲေပးခြင္႔ရရွိမည္႔ လူငယ္မ်ားအား မဲေပးနည္း စနစ္ သ႐ုပ္ေဖာ္ျပသခဲ႔

USDP ပါတီမွ ကာကြယ္ေရး၀န္ႀကီး (ၿငိမ္း)ျဖစ္သည္႔ ဦးေဝလြင္မွ ပထမဆုံးအႀကိမ္ မဲေပးခြင္႔ရရွိမည္႔ လူငယ္မ်ားကို မဲေပးနည္းစနစ္ သိရွိေစရန္ႏွင္႔ မိမိ ဆႏၵျပဳသည္႔မဲလက္မွတ္ ပယ္မဲမျဖစ္ေစရန္ သ႐ုပ္ေဖာ္ျပသမႈမ်ား ျပဳလုပ္ေပးခဲ႔သည္။

ထိုကဲ႔သို႔ ျပသေပးမႈကို ၎၏ မဲဆႏၵနယ္ျဖစ္သည္႔ ေနျပည္ေတာ္၊ ပုဗၺသီရိျမဳိ႕နယ္ ေညာင္ပင္ႀကီးစု ေက်းရြာ၊ ဘက္စုံသက္ေမြးပညာသင္စခန္းတြင္ ေအာက္တိုဘာလ ၁၄ ရက္ေန႔က ျပဳခဲ႔ၿပီး အသက္ ၁၈ ႏွစ္ျပည္႔ၿပီးလူငယ္ ၅၀ ေက်ာ္က လာေရာက္ ေလ႔လာခဲ႔ၾကေၾကာင္း သိရွိရသည္။
“အခုလိုျပသေပးေတာ႔ ေကာင္းပါတယ္။ ပယ္မဲမျဖစ္တဲ႔ အခ်က္ေတြသိေတာ႔ ျပင္လို႔ရတာေပါ႔။ ကြ်န္ေတာ္တို႔က USDP ကိုပဲ မဲေပးမွာပါ”ဟု တက္ေရာက္လာသည္႔ ေဒသခံ လူငယ္တစ္ဦးက ေျပာသည္။

ေရြးေကာက္ပြဲတြင္ ဆနၵမဲမ်ား ေပးရာတြင္ က်န္းမာေရးနွင့္အညီ မဲေပးႏိုင္ရန္ မွတ္ပုံတင္ပါရွိရန္ ၊ Mask တပ္ရန္ ၊ တစ္ဦးႏွင္႔တစ္ဦး ကပ္မေနပဲ သတ္မွတ္ထားသည္႔ အကြာအေ၀းတိုင္း စနစ္တက် ေနရန္ ၊ လက္ေဆးရန္ ႏွင္႔ မဲေပးရာတြင္ စနစ္တက် လုပ္ေဆာင္ရန္ တို႔ကို သရုပ္ျပ ေျပာခဲ႔သည္။

၎ၿမိဳ႕နယ္တြင္ တစ္သီးပုဂၢလ (၃)ဦးအပါအဝင္ ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ၊ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ပါတီ၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီ၊ ျပည္ေထာင္စုၾက႔ံခိုင္ေရးႏွင္႔ ဖြံ႔ျဖဳိးတိုးတက္ေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီႏွင္႔ အေျခခံလူတန္းစားဘဝႁမွင္႔တင္ေရး ပါတီတို႔မွ ၀င္ေရာက္ယွဥ္ျပဳိင္မည္ ျဖစ္သည္။

ယဥ္ေကႏြယ္
#TheFifthWaveNews

 

Leave a Reply