အာဆင်နယ်လေ့ကျင့်ရေးကွင်းသို့ အူဘာမီရန်ရောက်ရှိ၊ အပြောင်းအရွှေ့ အတွက် မကြာမီ ပြီးမြောက်ဖွယ်ရှိ

0
185

ဇန်န၀ါရီ ၃၁ ၊ ၂၀၁၈

ဂျာမနီနိုင်ငံက ပျံသန်းလာတဲ့ ဂျက်လေယာဉ်တစ်စင်းဟာ ယနေ့အစောပိုင်းမှာ လန်ဒန်မြို့ရဲ့ Luton Airport ကို ဆိုက်ခဲ့ပါတယ်။ အဆိုပါလေယာဉ်မှာ ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန် ပါဝင်လာပါတယ်။

သိပ်မကြာခင်မှာပဲ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်ရောက်ရှိ လာခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၅၅ သန်း ဖြစ်ပြီး တစ်ပတ်လုပ်ခကတော့ ပေါင်တစ်သိန်းရှစ်သောင်းရရှိမှာ ဖြစ်ပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်မှာ သီရာရီအွန်နရီ ၊၀ဲလ်ကော့တို့ ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ ပါတဲ့ ဂျာစီကို ၀တ်ဆင်ကစားမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ အကုန်ပြီးမြောက်ခဲ့တဲ့ အူဘာမီယန်ဟာ အပြောင်းအရွှေ့ မပိတ်မီ နာရီအနည်းငယ်အတွင်းမှာ ဆေးစစ်မှုတွေ ပြုလုပ်ပြီး အာဆင်နယ်ကစားသမားတစ်ယောက် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဒေါ့မန်အသင်းဟာ အူဘာမီယန်ရဲ့ အပြောင်းအရွှေ့အတွက် အာဆင်နယ်တိုက်စစ်မှူး ဂီရော့ကို ပြန်လည်အလိုရှိနေပါတယ်။ ဂီရော့ဟာ ယနေ့ရရှိသော နောက်ဆုံးသတင်းအရ လန်ဒန်ကလပ် ချယ်လ်ဆီးကို ပြောင်းဖို့ သဘောတူခဲ့ပြီလို့ သိရပါတယ်။

ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန် ရောက်ရှိလာခဲ့မှုကြောင့် အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ ယခင်က ဒေါ့မန်ရဲ့ တိုက်စစ်အတွဲဖြစ်တဲ့ အူဘာမီယန် ၊ မစ်ခိတာရန် တို့ တွဲဖက်ကစားတာကို မြင်ရတော့မှာ ဖြစ်ပါတယ်။

NN

Leave a Reply