တန်းဆင်းဇုန်ကနေ လွတ်ခဲ့တဲ့ဆွမ်းဆီး ၊ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ပိုမိုခက်ခဲသွားတဲ့ အာဆင်နယ်

0
170

ဇန်န၀ါရီ ၃၁ ၊ ၂၀၁၈

ယနေ့နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆွမ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် ဆွမ်ဆီးအသင်းက ဧည့်သည် အာဆင်နယ်အသင်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဆွမ်းဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းကလည်း လီဗာပူးလ်အသင်းကို အနိုင်ကစားခဲ့ပါသေးတယ်။ ယခုလို အသင်းကြီး ၂ သင်းကို ဆက်တိုက် အနိုင်ရရှိမှုကြောင့် ဆွမ်းဆီးဟာ တန်းဆင်းဇုန်အန္တရာယ်ကနေ လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဆွမ်ဆီး – အာဆင်နယ်ပွဲစဉ်မှာ ပထမပိုင်း ၃၃ မိနစ်မှာ ဧည့်သည် အာဆင်နယ်တို့ မွန်ရီရယ်ရဲ့ သွင်းဂိုးနဲ့ အတူ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ ဦးဆောင်မှုဟာ တစ်မိနစ်သာ ခံခဲ့ပါတယ်။ ၃၄ မိနစ်မှာတော့ ဆွမ်ဆီးအတွက် ချေပဂိုးကို Sam Clucas က ပြန်လည် သွင်းယူခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ်အပြီးမှာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ၆၁ မိနစ်မှာ ဂျော်ဒန်အရူးက ဆွမ်ဆီးအတွက် အနိုင်ဂိုးတစ်ဂိုးကို စတင် သွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၂- ၁ရလဒ်နဲ့ အရေးနိမ့်နေချိန်မှာ အသင်းရဲ့တိုက်စစ်ကို မြင့်တင်ဖို့အတွက် မန်ယူကနေ ပြောင်းလာတဲ့ မစ်ခိတာရန်ကို Elneny နဲ့ လူစားလဲခဲ့သလို ၇၆ မိနစ်မှာလည်း အီဝိုဘီအစား ဂီရော့နဲ့ လူစားလဲမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ကစားသမားတွေဟာ ဆွမ်းဆီးဂိုးသမား ဖေဘီယန်စကီးကို ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ပွဲကစားချိန် ၈၆မိနစ်မှာတော့ တစ်ပွဲလုံးမှာ ခြေစွမ်းပြနေတဲ့ ဆွမ်ဆီးတိုက်စစ်မှူး Sam Clucasက နောက်ထပ် အနိုင်ဂိုးတစ်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ဒါကြောင့် ပွဲအပြီးမှာ ဆွမ်ဆီးဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယခုပွဲ အနိုင်ရရှိမှုကြောင့် ဆွမ်ဆီးအသင်းဟာ တန်းဆင်းဇုန်ရဲ့ အပေါ် အဆင့် ၁၇ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့အတွက် အဆင် ၄ နေရာက လီဗာပူးလ်အသင်းနဲ့ ရမှတ် ၈ မှတ် ကွာဟနေပါတယ်။

NN

Leave a Reply