သမ္မတရုံးနှင့်အတိုင်ပင်ခံရုံးတွင် ပြည်ပ အကြံပေးခန့်ထားခြင်းမရှိဟုဆို

0
59

နိုင်ငံတော်သမ္မတ ရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးတွင် ပြည်ပမှ အကြံပေးများ ခန့်အပ်ထားခြင်းမရှိဟု သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးကဆိုသည်။
 
သမ္မတအိမ်တော်သတင်းထောက် Group တွင်သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ဦးဇော်ဌေးမှ ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
“ဒါကိုပဲ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးတွေမှာ ပြည်ပအကြံပေးတွေ ရှိတယ် ဆိုပြီး သတင်းမှားတွေ ပြောနေတာတွေ ရှိတဲ့အတွက် ဖြည့်စွက် ပြောကြားရခြင်း ဖြစ်ပါတယ်။ အချုပ်ပြောရရင် နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတွေမှာ ပြည်ပ အကြံပေးတွေ ခန့်ထားတာ မရှိဘူး လို့ ဖြေကြားလိုပါတယ်” ဟု ဦးဇော်ဌေး ကပြောသည်။
 
သမ္မတရုံးတွင် ခန့်အပ်ထားသည့် အကြံပေးများသည် ဥပဒေရေးရာအကြံပေး (၂)ဦီး (ဥပဒေဆိုင်ရာဝန်ထမ်းအငြိမ်းစားများသာဖြစ်)၊ နယ်စပ်ဆိုင်ရာ အကြံပေး (၁)ဦီး (နိုင်ငံခြားရေးဝန်ထမ်းအငြိမ်းစား)၊ ရခိုင်ဆိုင်ရာအကြံပေး (၁) ဦး (ယခင် ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီးဟောင်း)၊ စုစုပေါင်း (၄)ဦး ခန့်ထားခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။
 
ပြည်ပ မှ အကြံပေး ခန့်အပ်ထားသည့် ဝန်ကြီးဌာန (၆)ခုရှိပြီး ယင်း ၆ ခု တွင် သာာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန နှင့် စာရင်းစစ်ချုပ်ရုံးတို့်တွင်ပြည်ပမှ ပညာရှင် ၊ အကြံပေး၊ နည်းပြ ၊ ကျွမ်းကျင်သူ စသည့် စုစုပေါင်း ၉၀ ဦးရှိကြောင်း ၂၀၁၉ ခုနှစ် မတ်လ က ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှဖြေကြားထားခြင်းဖြစ်သည်။
 
၎င်း တို့သည် သက်ဆိုင်ရာဝန်ကြီးဌာန၏ စီမံကိန်းတစ်ခုခြင်း အလိုက် သက်တမ်းကာလ သတ်မှတ်ချက်နှင့် ဆောင်ရွက်ရခြင်း ဖြစ်၍ အချို့ ဝန်ကြီးဌာနတွင် စာရင်းဝင်ပြည်ပ အကြံပေးအချို့မှာ ကာလ သတ်မှတ်ချက်ပြီးဆုံးပါက ပြည်ပသို့ပြန်သွားကြောင်း ဦးဇော်ဌေးကပြောသည်။
 
ယဉ်ကေနွယ်
#TheFifthWave
 
( Zawgyi )
 
Leave a Reply