ျမန္မာကုန္တင္ယာဥ္ေမာင္းမ်ား ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးေတြ႕ရွိေသာေၾကာင့္ ထိုင္းႏိုင္ငံရွိ လူေထာင္ေပါင္းမ်ားစြာကို စစ္ေဆးမည္

0
12

မြန်မာကုန်တင်ယာဉ်မောင်းများ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးတွေ့ရှိသောကြောင့် ထိုင်းနိုင်ငံရှိ လူထောင်ပေါင်းများစွာကို စစ်ဆေးမည်

မြန်မာကုန်တင်ယာဉ်မောင်း ၃ ဦးတွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့သောကြောင့် ထိုင်းနိုင်ငံရှိ လူထောင်ပေါင်းများစွာကို COVID-19 စစ်ဆေးမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။

မြန်မာကုန်တင်ယာဉ်မောင်းများတွင် Covid-19 အတည်ပြုတွေ့ရှိခြင်းကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်ရှိ စာသင်ကျောင်း တစ်ဒါဇင်ခန့် ပိတ်သိမ်းလိုက်ရပြီး ပိုးသတ်ဆေးဖြန်းရန် စီစဉ်နေကာ ဒေသတွင်းရှိ လူပေါင်း ၄၀၀၀ ဝန်းကျင်ခန့်ကိုလည်း COVID-19 စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

ဒေသတွင်းရှိ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများကဲ့သို့ အန္တရာယ်များသူများအ နေဖြင့် အရေးကြီးသည့်ကိစ္စ တစ်စုံတစ်ရာမရှိဘဲ အိမ်ပြင်မထွက်ကြရန်လည်း ညွှန်ကြားထားပြီး ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူမှုအလှမ်းခွါခြင်းနှင့် လက်ကို ဆေးကြောခြင်းတို့ကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး စည်းမျဉ်းများကို လိုက်နာကြရန်လည်း ညွှန်ကြားထား‌ကြောင်း သိရသည်။

ယင်းအပြင် ပိတ်သိမ်းလိုက်သည့် စာသင် ကျောင်း ၁၁ ခုကို မည်မျှကြာကြာ ပိတ်သိမ်း ထားမည်ပြောကြားထားခြင်းမရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၂ ရက်တွင် ထိုင်း-မြန်မာ ချစ်ကြည်ရေး ဒုတိယတံတားကို ဖွင့်လှစ်ပေးလိုက်ပြီးနောက် မြန်မာနိုင်ငံ မြဝတီမြို့မှ ကုန်တင်ကားများစွာ ဝင်ရောက်လာခဲ့ပြီး ကုန်ချပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြကြောင်း ဖော်ပြထားပြီး၊ ထိုင်းနိုင်ငံတွင် ထုတ်ပြန်ထားသည့် စည်းမျဉ်းကန့်သတ်ချက်အသစ်များအရ မြန်မာယာဉ်မောင်းများကို ထိုင်းနိုင်ငံအတွင်း ၇ နာရီသာ နေခွင့်ပြုပြီး မြို့တွင်းသို့ ဝင်ခွင့်မပြုတော့ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFifthWaveNews

(Zawgyi)

ျမန္မာကုန္တင္ယာဥ္ေမာင္းမ်ား ကို႐ိုနာဗိုင္းရပ္စ္စစ္ေဆးေတြ႕ရွိေသာေၾကာင့္ ထိုင္းႏိုင္ငံရွိ လူေထာင္ေပါင္းမ်ားစြာကို စစ္ေဆးမည္

ျမန္မာကုန္တင္ယာဥ္ေမာင္း ၃ ဦးတြင္ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးေတြ႕ရွိခဲ့ေသာေၾကာင့္ ထိုင္းႏိုင္ငံရွိ လူေထာင္ေပါင္းမ်ားစြာကို COVID-19 စစ္ေဆးမည္ျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္မ်ား၏ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

ျမန္မာကုန္တင္ယာဥ္ေမာင္းမ်ားတြင္ Covid-19 အတည္ျပဳေတြ႕ရွိျခင္းေၾကာင့္ ထိုင္းႏိုင္ငံ၊ မဲေဆာက္ခ႐ိုင္ရွိ စာသင္ေက်ာင္း တစ္ဒါဇင္ခန္႔ ပိတ္သိမ္းလိုက္ရၿပီး ပိုးသတ္ေဆးျဖန္းရန္ စီစဥ္ေနကာ ေဒသတြင္းရွိ လူေပါင္း ၄၀၀၀ ဝန္းက်င္ခန္႔ကိုလည္း COVID-19 စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ဟု ေဖာ္ျပထားသည္။

ေဒသတြင္းရွိ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ ေရာဂါအခံရွိသူမ်ားကဲ့သို႔ အႏၲရာယ္မ်ားသူမ်ားအ ေနျဖင့္ အေရးႀကီးသည့္ကိစၥ တစ္စုံတစ္ရာမရွိဘဲ အိမ္ျပင္မထြက္ၾကရန္လည္း ၫႊန္ၾကားထားၿပီး ပါးစပ္ႏွာေခါင္းစည္းတပ္ဆင္ျခင္း၊ လူမႈအလွမ္းခြါျခင္းႏွင့္ လက္ကို ေဆးေၾကာျခင္းတို႔ကဲ့သို႔ ကို႐ိုနာဗိုင္းရပ္စ္ ႀကိဳတင္ကာကြယ္ေရး စည္းမ်ဥ္းမ်ားကို လိုက္နာၾကရန္လည္း ၫႊန္ၾကားထား‌ေၾကာင္း သိရသည္။

ယင္းအျပင္ ပိတ္သိမ္းလိုက္သည့္ စာသင္ ေက်ာင္း ၁၁ ခုကို မည္မွ်ၾကာၾကာ ပိတ္သိမ္း ထားမည္ေျပာၾကားထားျခင္းမရွိေၾကာင္း သိရသည္။

ေအာက္တိုဘာ ၁၂ ရက္တြင္ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရး ဒုတိယတံတားကို ဖြင့္လွစ္ေပးလိုက္ၿပီးေနာက္ ျမန္မာႏိုင္ငံ ျမဝတီၿမိဳ႕မွ ကုန္တင္ကားမ်ားစြာ ဝင္ေရာက္လာခဲ့ၿပီး ကုန္ခ်ၿပီးေနာက္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာသြားၾကေၾကာင္း ေဖာ္ျပထားၿပီး၊ ထိုင္းႏိုင္ငံတြင္ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းကန္႔သတ္ခ်က္အသစ္မ်ားအရ ျမန္မာယာဥ္ေမာင္းမ်ားကို ထိုင္းႏိုင္ငံအတြင္း ၇ နာရီသာ ေနခြင့္ျပဳၿပီး ၿမိဳ႕တြင္းသို႔ ဝင္ခြင့္မျပဳေတာ့ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFifthWaveNews

 

Leave a Reply