မိုးကုတ္ၿမိဳ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာ သုံးဦ ေတြ႕ရွိၿပီးေနာက္ပိုင္း NLD မွ မဲဆြယ္စည္း႐ုံးမႈ ျပဳလုပ္မႈအေပၚ ေဒသခံမ်ား ကန္႔ကြက္ရႉံ႔ခ်

0
72

မိုးကုတ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာ သုံးဦ တွေ့ရှိပြီးနောက်ပိုင်း NLD မှ မဲဆွယ်စည်းရုံးမှု ပြုလုပ်မှုအပေါ် ဒေသခံများ ကန့်ကွက်ရှူံ့ချ

မိုးကုတ်မြို့တွင် ကိုဗစ်ပိုးတွေ့လူနာသုံးဦးတွေ့ရှိပြီးနောက်ပိုင်း NLD မှ မဲဆွယ်စည်းရုံးမှုပြုလုပ်သည့်အပေါ် ဒေသခံများက online ပေါ်တင် ကန့်ကွက်ရှူံ့​ချခဲ့ကြသည် ။

မိုးကုတ်တွင် NLDမှ အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် လူအင်အား ၃၀၀ ခန့်ဖြင့် ဆိုင်ကယ်ကားများဖြင့် မြို့တွင်းလှည့်လည်ကာ မဲဆွယ်စည်းရုံးမှုများပြုလုပ်ခဲ့ကြသည် ။

” အဲ့တာက ထောက်ခံဝန်းရံသူတွေလုပ်တယ် ထင်တယ် ။ ကျွန်တော်တို့မသိဘူးဗျ ။ ထောက်ခံဝန်းရံသူတွေက စုစည်းပြီးတော့ လုပ်တယ်ဆိုတော့ ကျွန်တော်တို့က ဘာမှပြောလို့မရဘူးလေ ။ သိလဲမသိတော့ ” ဟု မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ပြောသည် ။

မိုးကုတ်မြို့တွင် ရန်ကုန်မှပြန်လည်ရောက်ရှိလာသူ ၃ ဦးတွင် အောက်တိုဘာလ ၁၅ ရက်နေ့ COVID ပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့နှင့်ထိတွေ့ သူ ၁၂ ဦးရှိခဲ့သည် ။

” ဒီလို ပိုးတွေ့ပြီးနောက်ပိုင်းမှာလုပ်တော့ စိတ်မကောင်းဘူးပေါ့ ။ ကျွန်တော်တို့ ၇ လကျော်လောက် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးကို စိတ်ရောကိုယ်ပါ အပင်ပန်းခံပြီး လုပ်နေကြတယ် ။ တကယ်လို့များ ရောဂါပိုးပြန့်ပွားသွား ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အတွေးမျိုးမှာ ဘယ်လိုမှစဉ်းစားမရဘူးဖြစ်နေတယ် ” ဟု မိုးကုတ်မြို့နယ် COVID-19 ကာကွယ်ရေးနှင့်အရေးပေါ်ထိန်းချုပ်ရေးကော်မတီဝင် ကိုမင်းသူရကပြောသည် ။

အဆိုပါ NLD ပါတီမှဝန်းရံထောက်ခံသူများ မဲဆွယ်စည်းရုံးမှုကို မိုးကုတ်မြို့ခံများက စိုးရိမ်မှုဖြစ်ကာ Online ပေါ်တွင် ဝေဖန်မှုများလည်းရှိခဲ့သည် ။

” မနေ့က ဒီစည်းရုံးရေးကို မလိုက်ကြဖို့ messenger ကနေ လက်လှမ်းမီသလောက်လိုက်ပြောတယ် ။ ဒီစည်းရုံးရေးကို ကန့်ကွက်တာတော့မဟုတ်ဘူး ။ ကျန်းမာရေးအခြေအနေကြောင့် မလုပ်သင့်ဘူးပေါ့ ။ဒါပေမယ့်လဲ လူတွေကမရဘူး ” ဟု မိုးကုတ်မြို့နယ် ဒေသခံဦးစိုးမြင့်ကပြောသည် ။

ထိုသို့ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း ဖြစ်ပေါ်နေချိန် ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီး NLD ပါတီမှလည်း ပြည်သူများအနေဖြင့် လမ်းမများပေါ်၌ လူစုလူဝေးဖြစ်ပေါ်မှုကို ရှောင်ရှားရန်နှင့် COVID-19 နှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အားပေးထောက်ခံ ဝန်းရံပေးကြရန်အတွက် NLD ပါတီမှ ပြည်သူသို့ မေတ္တာရပ်ခံထားသည်။

နေသူရိန်လင်း
#TheFifthWaveNews

(zawgyi)

 

မိုးကုတ္ၿမိဳ႕တြင္ ကိုဗစ္ပိုးေတြ႕လူနာသုံးဦးေတြ႕ရွိၿပီးေနာက္ပိုင္း NLD မွ မဲဆြယ္စည္း႐ုံးမႈျပဳလုပ္သည့္အေပၚ ေဒသခံမ်ားက online ေပၚတင္ ကန္႔ကြက္ရႉံ႔​ခ်ခဲ့ၾကသည္ ။

မိုးကုတ္တြင္ NLDမွ ေအာက္တိုဘာလ ၁၆ ရက္ နံနက္ပိုင္းတြင္ လူအင္အား ၃၀၀ ခန္႔ျဖင့္ ဆိုင္ကယ္ကားမ်ားျဖင့္ ၿမိဳ႕တြင္းလွည့္လည္ကာ မဲဆြယ္စည္း႐ုံးမႈမ်ားျပဳလုပ္ခဲ့ၾကသည္ ။

” အဲ့တာက ေထာက္ခံဝန္းရံသူေတြလုပ္တယ္ ထင္တယ္ ။ ကြၽန္ေတာ္တို႔မသိဘူးဗ် ။ ေထာက္ခံဝန္းရံသူေတြက စုစည္းၿပီးေတာ့ လုပ္တယ္ဆိုေတာ့ ကြၽန္ေတာ္တို႔က ဘာမွေျပာလို႔မရဘူးေလ ။ သိလဲမသိေတာ့ ” ဟု မိုးကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးႏိုင္ငံေက်ာ္က ေျပာသည္ ။

မိုးကုတ္ၿမိဳ႕တြင္ ရန္ကုန္မွျပန္လည္ေရာက္ရွိလာသူ ၃ ဦးတြင္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ COVID ပိုးေတြ႕ရွိခဲ့ၿပီး ၎တို႔ႏွင့္ထိေတြ႕ သူ ၁၂ ဦးရွိခဲ့သည္ ။

” ဒီလို ပိုးေတြ႕ၿပီးေနာက္ပိုင္းမွာလုပ္ေတာ့ စိတ္မေကာင္းဘူးေပါ့ ။ ကြၽန္ေတာ္တို႔ ၇ လေက်ာ္ေလာက္ ကိုဗစ္ထိန္းခ်ဳပ္ကာကြယ္ေရးကို စိတ္ေရာကိုယ္ပါ အပင္ပန္းခံၿပီး လုပ္ေနၾကတယ္ ။ တကယ္လို႔မ်ား ေရာဂါပိုးျပန္႔ပြားသြား ဘယ္လိုထိန္းခ်ဳပ္ရမလဲဆိုတဲ့အေတြးမ်ိဳးမွာ ဘယ္လိုမွစဥ္းစားမရဘူးျဖစ္ေနတယ္ ” ဟု မိုးကုတ္ၿမိဳ႕နယ္ COVID-19 ကာကြယ္ေရးႏွင့္အေရးေပၚထိန္းခ်ဳပ္ေရးေကာ္မတီဝင္ ကိုမင္းသူရကေျပာသည္ ။

အဆိုပါ NLD ပါတီမွဝန္းရံေထာက္ခံသူမ်ား မဲဆြယ္စည္း႐ုံးမႈကို မိုးကုတ္ၿမိဳ႕ခံမ်ားက စိုးရိမ္မႈျဖစ္ကာ Online ေပၚတြင္ ေဝဖန္မႈမ်ားလည္းရွိခဲ့သည္ ။

” မေန႔က ဒီစည္း႐ုံးေရးကို မလိုက္ၾကဖို႔ messenger ကေန လက္လွမ္းမီသေလာက္လိုက္ေျပာတယ္ ။ ဒီစည္း႐ုံးေရးကို ကန္႔ကြက္တာေတာ့မဟုတ္ဘူး ။ က်န္းမာေရးအေျခအေနေၾကာင့္ မလုပ္သင့္ဘူးေပါ့ ။ဒါေပမယ့္လဲ လူေတြကမရဘူး ” ဟု မိုးကုတ္ၿမိဳ႕နယ္ ေဒသခံဦးစိုးျမင့္ကေျပာသည္ ။

ထိုသို႔ COVID-19 ကပ္ေရာဂါ ဒုတိယလႈိင္း ျဖစ္ေပၚေနခ်ိန္ ျဖစ္သျဖင့္ မႏၲေလးတိုင္းေဒသႀကီး NLD ပါတီမွလည္း ျပည္သူမ်ားအေနျဖင့္ လမ္းမမ်ားေပၚ၌ လူစုလူေဝးျဖစ္ေပၚမႈကို ေရွာင္ရွားရန္ႏွင့္ COVID-19 ႏွင့္ပတ္သက္သည့္ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ျခင္းျဖင့္ အားေပးေထာက္ခံ ဝန္းရံေပးၾကရန္အတြက္ NLD ပါတီမွ ျပည္သူသို႔ ေမတၱာရပ္ခံထားသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply