UAB ဘဏ္အား ေသနတ္အတုျဖင့္ ေငြက်ပ္သိန္း (၂၀၀)ယူေဆာင္သြားသူကို ပုဒ္မ- ၃၉၂ျဖင့္ အမႈဖြင့္

0
21

UAB ဘဏ်အား သေနတ်အတုဖြင့် ငွေကျပ်သိန်း (၂၀၀)ယူဆောင်သွားသူကို ပုဒ်မ- ၃၉၂ဖြင့် အမှုဖွင့်

မန္တလေး ၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၆၂ လမ်းနှင့်ရတနာလမ်းကြား(လမ်း130)နှင့် (131)လမ်းကြားရှိ UAB ဘဏ်ကို အောက်တိုဘာ(၁၅)ရက် မွန်းလွဲ(၃)နာရီမိနစ်(၄၀) အချိန်ခန့်က သေနတ်အတုဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း(၂၀၀)ယူဆောင်သွားသူကို ရာဇသတ်ကြီးပုဒ်မ (၃၉၂) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ UAB ဘဏ်ခွဲသို့ မတ်တူး99 အဖြူရောင်၊ ယာဉ်အမှတ် MDY- 4D/5422 ဖြင့် အရပ် (၅)ပေ (၆)လက်မခန့်၊ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ဘဏ် အတွင်းသို့ရောက်ရှိလာပြီး ပစ္စတိုဟုယူဆရသော သေနတ်အားထုတ်၍ ဘဏ်ကောင်တာရှိ အမျိုးသမီးတစ်ဦးထံ သေနတ်ဖြင့်ချိန်ကာ ငွေများတောင်းရာ ကောင်တာမှ တစ်သောင်းတန် တစ်ထုပ်ပေးရာ လက်မခံဘဲ သေနက်ဖြင့်ပစ်မည်ဟုချိန်းခြောက်ရာနောက်ထပ်တထုပ်ပေးရာ စုစုပေါင်းသိန်း ၂၀၀ ကျပ်အားယူဆောင်၍ ၆၂ လမ်းတောင်ဘက်မှ ရတနာလမ်းအတိုင်းအနောက်ဘက်သို့ ထွက်ပြေးသွားခဲ့သည်။

” သေနတ်ဆိုတာကလည်း ကားထဲမှာစတီးဘောစိတွေကို တွေ့ရှိထားတော့ သေနတ်အစစ်တော့မဖြစ်နိုင်ဘူး ။ တရုတ်နိုင်ငံထုတ် လေသေနတ်ပုံစံမျိုးဖြစ်နိုင်တယ် ။ ကျုးလွန်သူကိုတော့ မမိသေးဘူး ” ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနေမျိုးအောင်က ပြောသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူကို အခင်းဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် အဖြူရောင် စလွန်းကားကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (က)ရပ်ကွက်၊ ၁၁၄လမ်းနှင့် ၆၉လမ်းထောင့်တွင် မီးရှို့ထားလျက် တွေ့ရှိခဲ့ပြီး တရားခံမှာ ထွက်ပြေးသွားခဲ့သည် ။

လုယက်မှုကို UAB စက်မှုဇုန်ဘဏ်ခွဲမှ အကြီးတန်းမန်နေဂျာ ဦးစောလိုင်းနယ်က စက်မှုနယ်မြေရဲစခန်းတွင် တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ရာ ရဲစခန်းက (ပ)၄၀၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၉၂ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

 

(zawgyi)

 

UAB ဘဏ္အား ေသနတ္အတုျဖင့္ ေငြက်ပ္သိန္း (၂၀၀)ယူေဆာင္သြားသူကို ပုဒ္မ- ၃၉၂ျဖင့္ အမႈဖြင့္

မႏၲေလး ၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဆ)ရပ္ကြက္၊ ၆၂ လမ္းႏွင့္ရတနာလမ္းၾကား(လမ္း130)ႏွင့္ (131)လမ္းၾကားရွိ UAB ဘဏ္ကို ေအာက္တိုဘာ(၁၅)ရက္ မြန္းလြဲ(၃)နာရီမိနစ္(၄၀) အခ်ိန္ခန္႔က ေသနတ္အတုျဖင့္ ၿခိမ္းေျခာက္ကာ ေငြက်ပ္သိန္း(၂၀၀)ယူေဆာင္သြားသူကို ရာဇသတ္ႀကီးပုဒ္မ (၃၉၂) ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ UAB ဘဏ္ခြဲသို႔ မတ္တူး99 အျဖဴေရာင္၊ ယာဥ္အမွတ္ MDY- 4D/5422 ျဖင့္ အရပ္ (၅)ေပ (၆)လက္မခန္႔၊ အသက္(၃၀)ႏွစ္ခန္႔ရွိ အမ်ိဳးသားတစ္ဦးသည္ ဘဏ္ အတြင္းသို႔ေရာက္ရွိလာၿပီး ပစၥတိုဟုယူဆရေသာ ေသနတ္အားထုတ္၍ ဘဏ္ေကာင္တာရွိ အမ်ိဳးသမီးတစ္ဦးထံ ေသနတ္ျဖင့္ခ်ိန္ကာ ေငြမ်ားေတာင္းရာ ေကာင္တာမွ တစ္ေသာင္းတန္ တစ္ထုပ္ေပးရာ လက္မခံဘဲ ေသနက္ျဖင့္ပစ္မည္ဟုခ်ိန္းေျခာက္ရာေနာက္ထပ္တထုပ္ေပးရာ စုစုေပါင္းသိန္း ၂၀၀ က်ပ္အားယူေဆာင္၍ ၆၂ လမ္းေတာင္ဘက္မွ ရတနာလမ္းအတိုင္းအေနာက္ဘက္သို႔ ထြက္ေျပးသြားခဲ့သည္။

” ေသနတ္ဆိုတာကလည္း ကားထဲမွာစတီးေဘာစိေတြကို ေတြ႕ရွိထားေတာ့ ေသနတ္အစစ္ေတာ့မျဖစ္ႏိုင္ဘူး ။ တ႐ုတ္ႏိုင္ငံထုတ္ ေလေသနတ္ပုံစံမ်ိဳးျဖစ္ႏိုင္တယ္ ။ က်ဳးလြန္သူကိုေတာ့ မမိေသးဘူး ” ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးရဲမႉးေနမ်ိဳးေအာင္က ေျပာသည္ ။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး က်ဴးလြန္သူကို အခင္းျဖစ္စဥ္တြင္ အသုံးျပဳခဲ့သည့္ အျဖဴေရာင္ စလြန္းကားကို မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ (က)ရပ္ကြက္၊ ၁၁၄လမ္းႏွင့္ ၆၉လမ္းေထာင့္တြင္ မီးရႈိ႕ထားလ်က္ ေတြ႕ရွိခဲ့ၿပီး တရားခံမွာ ထြက္ေျပးသြားခဲ့သည္ ။

လုယက္မႈကို UAB စက္မႈဇုန္ဘဏ္ခြဲမွ အႀကီးတန္းမန္ေနဂ်ာ ဦးေစာလိုင္းနယ္က စက္မႈနယ္ေျမရဲစခန္းတြင္ တရားလိုျပဳလုပ္၍ အမႈဖြင့္ခဲ့ရာ ရဲစခန္းက (ပ)၄၀၀/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၉၂ျဖင့္အမႈဖြင့္အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply