Project K အဖြဲ႕သည္ ေစတီေတာ္ပုံရိပ္ကို နင္းေျခလိုေသာ ေစတနာဆိုး-အကုသိုလ္ေစတနာမရွိေၾကာင္း ထင္ရွားဟု သာသနာေရးထုတ္ျပန္

0
24

Project K အဖွဲ့သည် စေတီတော်ပုံရိပ်ကို နင်းခြေလိုသော စေတနာဆိုး-အကုသိုလ်စေတနာမရှိကြောင်း ထင်ရှားဟု သာသနာရေးထုတ်ပြန်

Project K အဖွဲ့ ဖျော်ဖြေသူများသည် Rehersal ပြုလုပ်သည့် အချိန်က အဆိုပါစေတီတော်ပုံရိပ်မပါ၀င်ကြောင်း သိရှိရချိန်တွင် လွန်စွာ စိတ်မကောင်း ဖြစ်ရပါသဖြင့် တောင်းပန်ကြောင်းဖော်ပြထားသဖြင့် စေတီတော်ပုံရိပ်ကို နင်းခြေလိုသော စေတနာဆိုး -အကုသိုလ်စေတနာ မရှိကြောင်း ထင်ရှားပါသည် သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန က ဟု ထုတ်ပြန်ကြေညာလိုက်သည်။

စီစဉ်သူများ အနေဖြင့်လည်း ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာနိုင်ငံ၏ထင်ရှားသော ပုံရိပ်( အမျိုးအသားအထိမ်းအမှတ်သင်္ကေတ) ဖြစ် သည့် အတွက် ဖျော်ဖြေတင်ဆက်သူများသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိစေလိုသဖြင့် စေတီတော်ကို LED Display Board ဖြင့် ဖော်ပြဖန်တီးခြက်းသာ ဖြစ်သည်ဟု ယူဆကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင်ဖျော်ဖြေသူများသည် စေတီတော်ပုံရိပ်ကို မသိရှိခြင်းကြောင့် ဆက်လက်ကပြဖျော်ဖြေခြင်းဖြစ်ပြီး အကုသိုလ်စေတနာ မဖြစ်သဖြင့် သည်းခံခွင့်လွတ်ရန် လုံလောက်သည့် အတွက် ၎င်း တို့ကိုယ်တိုင်ကပင် တောင်းပန်ထားသည့် အတွက် ယင်းကိစ္စအား ဗုဒ္ဓဘာသာ၀င်များ အားလုံးအကုသိုလ် မတိုးပွားသင့်ကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့အတူ မြန်မာနိုင်ငံရှိ အချို့စေတီတော်များတွင် ညနေပိုင်း အချိန်တွင် ဖူးမြှော်လာကြသည့် ဘုရားဖူးများအားလုံးသည် အနောက်အရပ်မှ နေရောင်ထိုးသည့် အတွက် အရှေ့အရပ်တွင်ဖြစ်ပေါ်နေသော စေတီတော်ပုံရိပ်ကို နျင်းလျောက်ကြရသည်သာ ဖြစ်သည့် အတွက် မည်သူမျှ အကုသိုလ်စိတ်မဖြစ်ကြပဲ စေတီတော်ကို ကြည်ညိုသဒ္ဓါဖြင့် ပူဇော်ရှိခိုးကြကြောင်းထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။

ကိုးရီးယား သမ္မတနိုင်ငံသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် နှစ်ကာလရှည်ကြာချစ်ကြည်ခိုင်မြဲစွာ ဆက်ဆံခဲ့သည့် မိတ်ဆွေကောင်း ပီသသည့် နိုင်ငံဖြစ်သည့် အတွက် နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးကိုသာ အဓိကထားကြိုးပမ်းဆောင်ရွက်ရန် ပါရှိသည်။

Project K အဖွဲ့ သည် ကိုးရီးယားနိုင်ငံတွင် ပြုလုပ်သည့် အာရှသီချင်းများဖျော်ဖြေရေး ပွဲတော် တွင် ကပြဖျော်ဖြေရာတွင် ရွှေတိဂုံစေတီတော်ပုံရိပ်ကို နင်း၍ ဖျော်ဖြေခဲ့သည့် အတွက် ဝေဖန်မှုများစွာဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ကိုးရီးယား နိုင်ငံမှ ပြန်လာကြသည့် Project K အဖွဲ့ကို ရန်ကန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လူအင်အား ၁၀၀ ကျော်မှ ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ ဆန္ဒပြမှုအား ဦးဆောင်သူ ၇ ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၄ ရက်တွင် တရား၀င် ဆင့်ခေါ်စာဖြင့် မင်္ဂလာဒုံရဲစခန်းသို့ခေါ်ယူကာ ခံ၀န် လက်မှတ်ထိုးခိုင်းစေကြောင်း သိရသည်။

ယဥ်ကေနွယ်
#TheFifthWaveNews

 

(zawgyi)

 

Project K အဖြဲ႕သည္ ေစတီေတာ္ပုံရိပ္ကို နင္းေျခလိုေသာ ေစတနာဆိုး-အကုသိုလ္ေစတနာမရွိေၾကာင္း ထင္ရွားဟု သာသနာေရးထုတ္ျပန္

Project K အဖြဲ႕ ေဖ်ာ္ေျဖသူမ်ားသည္ Rehersal ျပဳလုပ္သည့္ အခ်ိန္က အဆိုပါေစတီေတာ္ပုံရိပ္မပါ၀င္ေၾကာင္း သိရွိရခ်ိန္တြင္ လြန္စြာ စိတ္မေကာင္း ျဖစ္ရပါသျဖင့္ ေတာင္းပန္ေၾကာင္းေဖာ္ျပထားသျဖင့္ ေစတီေတာ္ပုံရိပ္ကို နင္းေျခလိုေသာ ေစတနာဆိုး -အကုသိုလ္ေစတနာ မရွိေၾကာင္း ထင္ရွားပါသည္ သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန က ဟု ထုတ္ျပန္ေၾကညာလိုက္သည္။

စီစဥ္သူမ်ား အေနျဖင့္လည္း ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးသည္ ျမန္မာႏိုင္ငံ၏ထင္ရွားေသာ ပုံရိပ္( အမ်ိဳးအသားအထိမ္းအမွတ္သေကၤတ) ျဖစ္ သည့္ အတြက္ ေဖ်ာ္ေျဖတင္ဆက္သူမ်ားသည္ ျမန္မာႏိုင္ငံသားမ်ားျဖစ္ေၾကာင္း သိေစလိုသျဖင့္ ေစတီေတာ္ကို LED Display Board ျဖင့္ ေဖာ္ျပဖန္တီးျခက္းသာ ျဖစ္သည္ဟု ယူဆေၾကာင္း ထုတ္ျပန္ေၾကညာခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ေဖ်ာ္ေျဖသူမ်ားသည္ ေစတီေတာ္ပုံရိပ္ကို မသိရွိျခင္းေၾကာင့္ ဆက္လက္ကျပေဖ်ာ္ေျဖျခင္းျဖစ္ၿပီး အကုသိုလ္ေစတနာ မျဖစ္သျဖင့္ သည္းခံခြင့္လြတ္ရန္ လုံေလာက္သည့္ အတြက္ ၎ တို႔ကိုယ္တိုင္ကပင္ ေတာင္းပန္ထားသည့္ အတြက္ ယင္းကိစၥအား ဗုဒၶဘာသာ၀င္မ်ား အားလုံးအကုသိုလ္ မတိုးပြားသင့္ေၾကာင္းလည္း ေဖာ္ျပပါရွိသည္။

ထို႔အတူ ျမန္မာႏိုင္ငံရွိ အခ်ိဳ႕ေစတီေတာ္မ်ားတြင္ ညေနပိုင္း အခ်ိန္တြင္ ဖူးေျမႇာ္လာၾကသည့္ ဘုရားဖူးမ်ားအားလုံးသည္ အေနာက္အရပ္မွ ေနေရာင္ထိုးသည့္ အတြက္ အေရွ႕အရပ္တြင္ျဖစ္ေပၚေနေသာ ေစတီေတာ္ပုံရိပ္ကို န်င္းေလ်ာက္ၾကရသည္သာ ျဖစ္သည့္ အတြက္ မည္သူမွ် အကုသိုလ္စိတ္မျဖစ္ၾကပဲ ေစတီေတာ္ကို ၾကည္ညိဳသဒၶါျဖင့္ ပူေဇာ္ရွိခိုးၾကေၾကာင္းထုတ္ျပန္ေၾကညာခ်က္တြင္ပါရွိသည္။

ကိုးရီးယား သမၼတႏိုင္ငံသည္ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံႏွင့္ ႏွစ္ကာလရွည္ၾကာခ်စ္ၾကည္ခိုင္ၿမဲစြာ ဆက္ဆံခဲ့သည့္ မိတ္ေဆြေကာင္း ပီသသည့္ ႏိုင္ငံျဖစ္သည့္ အတြက္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အဓြန္႔ရွည္ တည္တံ့ခိုင္ၿမဲေရးကိုသာ အဓိကထားႀကိဳးပမ္းေဆာင္႐ြက္ရန္ ပါရွိသည္။

Project K အဖြဲ႕ သည္ ကိုးရီးယားႏိုင္ငံတြင္ ျပဳလုပ္သည့္ အာရွသီခ်င္းမ်ားေဖ်ာ္ေျဖေရး ပြဲေတာ္ တြင္ ကျပေဖ်ာ္ေျဖရာတြင္ ေ႐ႊတိဂုံေစတီေတာ္ပုံရိပ္ကို နင္း၍ ေဖ်ာ္ေျဖခဲ့သည့္ အတြက္ ေဝဖန္မႈမ်ားစြာျဖစ္ေပၚခဲ့သည္။

ထို႔ျပင္ ကိုးရီးယား ႏိုင္ငံမွ ျပန္လာၾကသည့္ Project K အဖြဲ႕ကို ရန္ကန္ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ လူအင္အား ၁၀၀ ေက်ာ္မွ ဆႏၵျပမႈမ်ား လုပ္ေဆာင္ခဲ့သည္။

ထိုသို႔ ဆႏၵျပမႈအား ဦးေဆာင္သူ ၇ ဦးကို ရဲတပ္ဖြဲ႕က ေအာက္တိုဘာလ ၁၄ ရက္တြင္ တရား၀င္ ဆင့္ေခၚစာျဖင့္ မဂၤလာဒုံရဲစခန္းသို႔ေခၚယူကာ ခံ၀န္ လက္မွတ္ထိုးခိုင္းေစေၾကာင္း သိရသည္။

ယဥ္ေကႏြယ္
#TheFifthWaveNews

Leave a Reply