ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕တြင္ အေရးေပၚအေျခအေနတစ္လေၾကညာမႈအား ထိုင္းအစိုးရအဖဲြ႕ အတည္ျပဳ၊

0
20

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် အရေးပေါ်အခြေအနေတစ်လကြေညာမှုအား ထိုင်းအစိုးရအဖွဲ့ အတည်ပြု၊

ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေက သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ထုတ်ပြန်မည်ဟု ထိုင်းအစိုးရပြောကြားထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကအရေးတကြီးခေါ်ယူခဲ့သော ထိုင်းအစိုးရအဖွဲ့အစည်းအဝေး က ဘန်ကောက်မြို့၌ အရေးပေါ်အခြေအနေတစ်လ ကြေညာမှုအား အောက်တိုဘာလ ၁၆ ရက်တွင် တရားဝင်အတည်ပြုခဲ့ကြောင်းသိရသည်။

ဘန်ကောက်မြို့တွင် အောက်တိုဘာလ ၁၅ ရက် ညနေ ၄ နာရီခန့်က ဆန္ဒပြမှုများထပ်မံဖြစ်ပွားခဲ့ပြီးနောက် ၎င်းထုတ်ပြန်ခဲ့သော အရေးပေါ်အမိန့်အား အတည် ပြုဆွေးနွေးရန် ဝန်ကြီးချုပ် ပရာယွတ်က အစိုးရအဖွဲ့အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက် နံ နက် ၁၀ နာရီတွင်ခေါ်ယူခဲ့ခြင်းဟု သတင်းများကဖေါ်ပြခဲ့သည်။

ဝန်ကြီးချုပ် ပရာယွတ်က အကယ်၍ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေက ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ကြေညာရလိမ်မည်ဟု သတင်းထောက်များအားပြောကြားခဲ့သည်။ အခြေအနေအရ စစ်အုပ် ချုပ်ရေးအမိန့်ထုတ်ပြန်ရန် မလိုအပ်သေးကြောင်း ၎င်းကပြောခဲ့သည်။

အစိုးရအဖွဲ့အစည်းအဝေး၌ ဘန်ကောက်မြို့တွင်အရေးပေါ်အမိန့်ကို နိုဝင်ဘာလ ၁၅ ရက်အထိ တစ်လကြာအတည်ပြုခဲ့သည်။ ထိုအမိန့်အား အမျိုးသားလုံခြုံရေးကောင်စီ၏ အဆိုပြုချက်အရ အစိုးရ အဖွဲ့အတွင်းရေးမှူးရုံးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်များက အောက်တိုဘာလ ၁၄ ရက် နံနက် တွင် ရတ်ချာဒမ်နွန်လမ်းရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်၌ လူစုလူဝေးပြုလုပ်ကာ မွန်းလွဲပိုင်း တွင် အစိုးရအဖွဲ့ရုံးသို့ချီတက်၍ အစိုးရအဖွဲ့ရုံးအပြင်ဘက်အား ညဘက်တွင်သိမ်းပိုက်ထားခဲ့ကြ သည်။

အဆိုပါဆန္ဒပြသမားများက လူစုလူဝေးစုရုံးမှုနှင့်ဆက်စပ်သော ဥပဒေများကိုလည်းချိုးဖောက်ခဲ့ကာ ထိုင်းဘုရင်မင်းမြတ် လိုက်ပါလာသော တော်ဝင်ကားတန်းအားပိတ်ဆို့တားဆီးရန်ကြိုးစားမှုအပါအဝင် မငြိမ်မသက်ဖြစ်စေသည့် လှုံ့ဆော်မှုနည်းလမ်းများကိုလည်း ပြုလုပ်ခဲ့ခြင်းကြောင့် ဤကဲ့သို့ အရေးပေါ် အမိန့်ထုတ်ပြန်ခဲ့ရခြင်းဟုလည်း အစိုးရ အဖွဲ့အတွင်းရေးမှူးရုံးက ပြောကြားခဲ့သည်။

Ref—–Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews

(zawgyi)

ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕တြင္ အေရးေပၚအေျခအေနတစ္လေၾကညာမႈအား ထိုင္းအစိုးရအဖဲြ႕ အတည္ျပဳ၊

ဆႏၵျပမႈမ်ား ဆက္လက္ျဖစ္ပြားေနက သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရအမိန္႔ထုတ္ျပန္မည္ဟု ထိုင္းအစိုးရေျပာၾကားထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ ခ်န္အိုခ်ာ ကအေရးတႀကီးေခၚယူခဲ့ေသာ ထိုင္းအစိုးရအဖဲြ႕အစည္းအေဝး က ဘန္ေကာက္ၿမိဳ႕၌ အေရးေပၚအေျခအေနတစ္လ ေၾကညာမႈအား ေအာက္တိုဘာလ ၁၆ ရက္တြင္ တရားဝင္အတည္ျပဳခဲ့ေၾကာင္းသိရသည္။

ဘန္ေကာက္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၁၅ ရက္ ညေန ၄ နာရီခန္႔က ဆႏၵျပမႈမ်ားထပ္မံျဖစ္ပြားခဲ့ၿပီးေနာက္ ၎ထုတ္ျပန္ခဲ့ေသာ အေရးေပၚအမိန္႔အား အတည္ ျပဳေဆြးေႏြးရန္ ဝန္ႀကီးခ်ဳပ္ ပရာယြတ္က အစိုးရအဖဲြ႕အစည္းအေဝးကို ေအာက္တိုဘာလ ၁၆ ရက္ နံ နက္ ၁၀ နာရီတြင္ေခၚယူခဲ့ျခင္းဟု သတင္းမ်ားကေဖၚျပခဲ့သည္။

ဝန္ႀကီးခ်ဳပ္ ပရာယြတ္က အကယ္၍ ဆႏၵျပမႈမ်ား ဆက္လက္ျဖစ္ပြားေနက ညမထြက္ရအမိန္႔ကိုလည္း ထုတ္ျပန္ေၾကညာရလိမ္မည္ဟု သတင္းေထာက္မ်ားအားေျပာၾကားခဲ့သည္။ အေျခအေနအရ စစ္အုပ္ ခ်ဳပ္ေရးအမိန္႔ထုတ္ျပန္ရန္ မလိုအပ္ေသးေၾကာင္း ၎ကေျပာခဲ့သည္။

အစိုးရအဖဲြ႕အစည္းအေဝး၌ ဘန္ေကာက္ၿမိဳ႕တြင္အေရးေပၚအမိန္႔ကို နိုဝင္ဘာလ ၁၅ ရက္အထိ တစ္လၾကာအတည္ျပဳခဲ့သည္။ ထိုအမိန္႔အား အမ်ိဳးသားလံုျခံဳေရးေကာင္စီ၏ အဆိုျပဳခ်က္အရ အစိုးရ အဖဲြ႕အတြင္းေရးမွဴးရံုးက ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

ဘန္ေကာက္ၿမိဳ႕တြင္ အစိုးရဆန္႔က်င္ေရး ဆႏၵျပေခါင္းေဆာင္မ်ားက ေအာက္တိုဘာလ ၁၄ ရက္ နံနက္ တြင္ ရတ္ခ်ာဒမ္ႏြန္လမ္းရွိ ဒီမိုကေရစီအထိမ္းအမွတ္ေက်ာက္တိုင္၌ လူစုလူေဝးျပဳလုပ္ကာ မြန္းလဲြပိုင္း တြင္ အစိုးရအဖဲြ႕ရံုးသို႔ခ်ီတက္၍ အစိုးရအဖဲြ႕ရံုးအျပင္ဘက္အား ညဘက္တြင္သိမ္းပိုက္ထားခဲ့ၾက သည္။

အဆိုပါဆႏၵျပသမားမ်ားက လူစုလူေဝးစုရံုးမႈႏွင့္ဆက္စပ္ေသာ ဥပေဒမ်ားကိုလည္းခ်ိဳးေဖာက္ခဲ့ကာ ထိုင္းဘုရင္မင္းျမတ္ လိုက္ပါလာေသာ ေတာ္ဝင္ကားတန္းအားပိတ္ဆို႔တားဆီးရန္ႀကိဳးစားမႈအပါအဝင္ မၿငိမ္မသက္ျဖစ္ေစသည့္ လႈံ႕ေဆာ္မႈနည္းလမ္းမ်ားကိုလည္း ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ဤကဲ့သို႔ အေရးေပၚ အမိန္႕ထုတ္ျပန္ခဲ့ရျခင္းဟုလည္း အစိုးရ အဖဲြ႕အတြင္းေရးမွဴးရံုးက ေျပာၾကားခဲ့သည္။

Ref—–Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews

Leave a Reply