အင္းယားစင္တာမွ ကိုဗစ္-၁၉ လူနာ (၁၀၁) ဦးကို အိမ္ျပန္ခြင့္ျပဳ

0
15

အင်းယားစင်တာမှ ကိုဗစ်-၁၉ လူနာ (၁၀၁) ဦးကို အိမ်ပြန်ခွင့်ပြု
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် အောက်တိုဘာလ (၁၆) ရက်တွင် အင်းယားစင်တာမှ ပထမအကြိမ် လူနာ (၁၀၁) ဦးကို အိမ်ပြန်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ယင်းစင်တာမှ သိရသည်။
 
အဆိုပါ အိမ်ပြန်ခွင့်ရရှိသူ (၁၀၁) ဦးကို အင်းယားစင်တာ မှ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) နှင့် ငါးသေတ္တာ နှစ်ဗူးစီ လှူဒါန်းလိုက်ပြီး အင်ယားစင်တာတွင် တာဝန်ထမ်းဆောင် နေကြသော ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ အပါအဝင် Covid 19 အတည်ပြု လူနာများကို အဆိုတော် R ဇာနည်၊ မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ် တို့က ချစ်ခင်ရင်းနှီးစွာ Clean Zone များမှတဆင့် အားပေးစကား ပြောဆို၍ တေးသီချင်းများဖြင့် စိတ်ခွန်အားများ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
 
“ဒီအင်းယားစင်တာကြီးမှာ နေခဲ့ရတာ အစားကောင်း၊ အသောက်ကောင်းတွေလည်း စားရပါတယ်။ လိုလေသေးမရှိအောင်လည်း နေခဲ့ရပါတယ်။ စိတ်ချမ်းသာပြီးတော့ ကျန်းကျန်းမာမာလည်း ဖြစ်လာပါတယ်။ အိမ်ပြန်ရတော့မယ်။ ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာပါတယ်”ဟု နေအိမ်ပြန်ခွင့်ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ Yangon Convention Center တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ်သိန်း (၇၀၀၀)နှင့် ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၃၀၀၀) စုစုပေါင်း ကျပ်သိန်း တစ်သောင်း ကနဦး မတည်လှူဒါန်း၍ လူနာကုတင်(၅၀၀)ဆံ့ ကိုဗစ် အင်းယားစင်တာကို အောက်တိုဘာလ (၁၀) ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
 
အဆိုပါ အင်းယားစင်တာကို အောက်တိုဘာလ (၁၀)ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါနေ့တွင် ကိုဗစ်-၁၉ လူနာ (၂၁၀) ဦး စတင်လက်ခံခဲ့ရာ အောက်တိုဘာလ ၁၂ ရက်အထိ အင်းယားစင်တာ တွင် ကိုဗစ်-၁၉ လူနာ (၄၀၃)ဦးကို လက်ခံကုသ ပေးလျက် ရှိကြောင်းသိရသည်။
 
အင်းယားစင်တာတွင် Oxygen Therapy ကုတင် (၁၀၄)ကုတင်နှင့် လူနာကုတင် (၄၁၂)ကုတင် စုစုပေါင်း လူနာကုတင်(၅၁၆)ကုတင် ထားရှိ ကုသပေးသွားရန် ဆောင်ရွက်ထားကာ အဆိုပါစင်တာတွင် မိသားစုများ အတူတကွ နေထိုင်နိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး လိုအပ်မည့် အထူးဆေးဝါးများနှင့် အာဟာရ ပြည့်ဝစေရန် နံနက်၊ နေ့လည်၊ ညစာများကို အခမဲ့ စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
 
ဝေဝေဖြိုး
#TheFifthWave
 
(Zawgyi)
 
အင္းယားစင္တာမွ ကိုဗစ္-၁၉ လူနာ (၁၀၁) ဦးကို အိမ္ျပန္ခြင့္ျပဳ
 
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္မႈ၊ ရန္ကုန္တိုင္းေဒသႀကီး Covid 19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္ ေပါင္းစပ္ ညႇိႏႈိင္းေရး ေကာ္မတီ၏ အနီးကပ္ႀကီးၾကပ္ ကြပ္ကဲမႈျဖင့္ ေအာက္တိုဘာလ (၁၆) ရက္တြင္ အင္းယားစင္တာမွ ပထမအႀကိမ္ လူနာ (၁၀၁) ဦးကို အိမ္ျပန္ခြင့္ျပဳ လိုက္ၿပီျဖစ္ေၾကာင္း ယင္းစင္တာမွ သိရသည္။
 
အဆိုပါ အိမ္ျပန္ခြင့္ရရွိသူ (၁၀၁) ဦးကို အင္းယားစင္တာ မွ တစ္ဦးလွ်င္ ေငြက်ပ္ (၅၀၀၀၀) ႏွင့္ ငါးေသတၱာ ႏွစ္ဗူးစီ လႉဒါန္းလိုက္ၿပီး အင္ယားစင္တာတြင္ တာဝန္ထမ္းေဆာင္ ေနၾကေသာ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ ေစတနာ့ဝန္ထမ္းမ်ား အပါအဝင္ Covid 19 အတည္ျပဳ လူနာမ်ားကို အဆိုေတာ္ R ဇာနည္၊ မီမီဝင္းေဖ၊ ေကာ္နီ၊ တင္ဇာေမာ္၊ ေခ်ာစုခင္၊ ဆုန္သင္းပါရ္ တို႔က ခ်စ္ခင္ရင္းႏွီးစြာ Clean Zone မ်ားမွတဆင့္ အားေပးစကား ေျပာဆို၍ ေတးသီခ်င္းမ်ားျဖင့္ စိတ္ခြန္အားမ်ား ျဖည့္ဆည္းေပးခဲ့ေၾကာင္း သိရသည္။
 
“ဒီအင္းယားစင္တာႀကီးမွာ ေနခဲ့ရတာ အစားေကာင္း၊ အေသာက္ေကာင္းေတြလည္း စားရပါတယ္။ လိုေလေသးမရွိေအာင္လည္း ေနခဲ့ရပါတယ္။ စိတ္ခ်မ္းသာၿပီးေတာ့ က်န္းက်န္းမာမာလည္း ျဖစ္လာပါတယ္။ အိမ္ျပန္ရေတာ့မယ္။ ကိုယ့္မိသားစုနဲ႔ ျပန္ေတြ႕ရေတာ့မယ္ဆိုေတာ့ အတိုင္းမသိ ဝမ္းသာပါတယ္”ဟု ေနအိမ္ျပန္ခြင့္ရသူ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
 
က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လမ္းၫႊန္မႈမ်ားႏွင့္အညီ Yangon Convention Center တြင္ ကိုဗစ္-၁၉ ေရာဂါ ကုသေရးအတြက္ ကေမာၻဇဘဏ္မွ ေငြက်ပ္သိန္း (၇၀၀၀)ႏွင့္ ေ႐ႊသံလြင္ကုမၸဏီမွ ေငြက်ပ္သိန္း (၃၀၀၀) စုစုေပါင္း က်ပ္သိန္း တစ္ေသာင္း ကနဦး မတည္လႉဒါန္း၍ လူနာကုတင္(၅၀၀)ဆံ့ ကိုဗစ္ အင္းယားစင္တာကို ေအာက္တိုဘာလ (၁၀) ရက္က စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။
 
အဆိုပါ အင္းယားစင္တာကို ေအာက္တိုဘာလ (၁၀)ရက္က က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ဌာနသို႔ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး အဆိုပါေန႔တြင္ ကိုဗစ္-၁၉ လူနာ (၂၁၀) ဦး စတင္လက္ခံခဲ့ရာ ေအာက္တိုဘာလ ၁၂ ရက္အထိ အင္းယားစင္တာ တြင္ ကိုဗစ္-၁၉ လူနာ (၄၀၃)ဦးကို လက္ခံကုသ ေပးလ်က္ ရွိေၾကာင္းသိရသည္။
 
အင္းယားစင္တာတြင္ Oxygen Therapy ကုတင္ (၁၀၄)ကုတင္ႏွင့္ လူနာကုတင္ (၄၁၂)ကုတင္ စုစုေပါင္း လူနာကုတင္(၅၁၆)ကုတင္ ထားရွိ ကုသေပးသြားရန္ ေဆာင္႐ြက္ထားကာ အဆိုပါစင္တာတြင္ မိသားစုမ်ား အတူတကြ ေနထိုင္ႏိုင္ရန္ ကူညီေဆာင္႐ြက္ေပးသြားမည္ ျဖစ္ၿပီး လိုအပ္မည့္ အထူးေဆးဝါးမ်ားႏွင့္ အာဟာရ ျပည့္ဝေစရန္ နံနက္၊ ေန႔လည္၊ ညစာမ်ားကို အခမဲ့ စီစဥ္ေဆာင္႐ြက္ ေပးထားေၾကာင္း သိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply