ရွမ္းျပည္ထြက္ကုန္မ်ား ဝယ္ယူလႉဒါန္းလိုပါက စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔အသင္းကစီစဥ္ေဆာင္႐ြက္ေပးမည္

0
14

ရှမ်းပြည်ထွက်ကုန်များ ဝယ်ယူလှူဒါန်းလိုပါက စိုက်ပျိုးထုတ်လုပ်တင်ပို့အသင်းကစီစဉ်ဆောင်ရွက်ပေးမည်
 
ရှမ်းပြည်နယ်ရှိ ထွက်ကုန်ပစ္စည်းများ ဝယ်ယူ လှူဒါန်း လိုကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း(MFVP) သို့ ဆက်သွယ်လာပါက စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။
 
လက်ရှိတွင် MFVP မှ ဦးဆောင်၍ တောင်သူ ဈေးကားများဖြင့် ရန်ကုန်မြို့ရှိ မြို့နယ် (၄)မြို့နယ်ဖြစ်သော တောင်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာပနှင့် သင်္ကန်းကျွန်းတို့တွင် အောက်တိုဘာလ ၁၄ ရက်မှစ၍ သက်ဆိုင်ရာ မြို့နယ်မှ သတ်မှတ်ပေးထားသည့် နေရာများတွင် လှည့်လည်ရောင်းချလျှက်ရှိကြောင်းသိရသည်။
 
“လှူချင်တယ်ဆိုတဲ့လူ ကျွန်တော်တို့ကို လာဆက်သွယ်ရင်တော့ လှူဒါန်းချင်တဲ့သူကို စီစဉ်ပေးမယ်။ ကားခက ဘယ်လောက် ကျမယ်၊ ဟိုဘက်က ကုန်ပစ္စည်း ဝယ်တာက ဘယ်လောက် ကျမယ်ဆိုတာကို စီစဉ်ပေးမယ်။ သူလှူချင်တဲ့ နေရာကို လှူရင်လည်း လှူပေါ့၊ အဲ့လိုမဟုတ်ဘဲ ကျွန်တော်တို့ လှူမယ့်နေရာကိုပါ စီစဉ်ပေးပါ ဆိုရင်လည်း ကျွန်တော်တို့က စီစဉ်ပေးပါမယ်”ဟု MFVP မှ အတွင်းရေးမှူး ဦးကျော်သူ က ပြောသည်။
 
တောင်သူများ၏ ကုန်ပစ္စည်းများဖြစ်သော ချဉ်ပေါင်၊ကန်စွန်း၊ကင်ပွန်း၊ဘုံလုံ၊ဗူး၊ဖယုံ၊ဆူးပုပ်၊
ဟင်းနုနယ်၊ဂွေးတောက်၊ မုန်ညင်း၊ခဝဲ၊ခရမ်း၊မုံလာ အစရှိသည့် ဟင်းသီးဟင်းရွက်များကို
တောင်သူဈေးကား နှစ်စီးဖြင့် ရန်ကုန်မြို့ရှိ မှော်ဘီ၊တိုက်ကြီး၊မင်္ဂလာဒုံတို့တွင်ရောင်းချလျှက် ရှိပြီး ရှမ်းပြည်နယ် နောင်တရားတောင်သူများ၏ ခရမ်းချဉ်၊ အာလူး၊ငရုတ်သီး၊ဂေါ်ဖီထုပ်၊ ဂေါ်ရခါးသီးနှင့် ပင်းတယ ကြက်သွန်နီတို့ကိုလည်း တောင်သူသတ်မှတ်သည့် ဈေးဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်းသိရသည်။
 
ထိုသို့ ရောင်းချရာတွင် သက်ဆိုင်ရာ မြို့နယ်မှ သတ်မှတ်ပေးထားသည့် နေရာများတွင် ရပ်ထားကာ ရောင်းသူ၊ ဝယ်သူ ထိတွေ့မှု မရှိစေရေးအတွက် ၆ ပေခွာ တန်းစီ၍ လာရောက်ဝယ်ယူနိုင်ရန် စီမံထားပြီး
Mask မတပ်ပါက ဝယ်ယူခွင့်ပြုမည် မဟုတ်ကြောင်းသိရသည်။
 
ထို့ပြင် ဟင်းသီးဟင်းရွက်များကို ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ကုန်များ အသင့်တွဲစပ် ထုတ်ပိုး ထားပေးမည်ဖြစ်ကာ တစ်နေ့တာကုန်များကို အပြီးရောင်းချမည်ဖြစ်ပြီး လက်ကျန်များကို သိုလှောင်ရုံသို့ ပြန်သယ်မည် မဟုတ်ဘဲ
ညနေပိုင်းတွင် မြို့စွန်ရပ်ကွက်များရှိ လိုအပ်သော အိမ်ထောင်စုများကို လျှော့ဈေးဖြင့် လည်းကောင်း၊ တောင်သူများ၏ ဆန္ဒအရ သို့မဟုတ် အလှူရှင်ရှိပါက လှူဒါန်းခြင်းဖြင့် လည်းကောင်း ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
 
ဝေဝေဖြိုး
#TheFifthWave
(Zawgyi)
 
ရွမ္းျပည္ထြက္ကုန္မ်ား ဝယ္ယူလႉဒါန္းလိုပါက စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔အသင္းကစီစဥ္ေဆာင္႐ြက္ေပးမည္
 
ရွမ္းျပည္နယ္ရွိ ထြက္ကုန္ပစၥည္းမ်ား ဝယ္ယူ လႉဒါန္း လိုေၾကာင္း ျမန္မာႏိုင္ငံ သစ္သီးဝလံ၊ ပန္းမန္ႏွင့္ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ားအသင္း(MFVP) သို႔ ဆက္သြယ္လာပါက စီစဥ္ေဆာင္႐ြက္ေပးမည္ ျဖစ္ေၾကာင္း အဆိုပါအသင္းမွ သိရသည္။
 
လက္ရွိတြင္ MFVP မွ ဦးေဆာင္၍ ေတာင္သူ ေဈးကားမ်ားျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္ (၄)ၿမိဳ႕နယ္ျဖစ္ေသာ ေတာင္ဒဂုံ၊ လႈိင္သာယာ၊ ေတာင္ဥကၠလာပႏွင့္ သကၤန္းကြၽန္းတို႔တြင္ ေအာက္တိုဘာလ ၁၄ ရက္မွစ၍ သက္ဆိုင္ရာ ၿမိဳ႕နယ္မွ သတ္မွတ္ေပးထားသည့္ ေနရာမ်ားတြင္ လွည့္လည္ေရာင္းခ်လွ်က္ရွိေၾကာင္းသိရသည္။
 
“လႉခ်င္တယ္ဆိုတဲ့လူ ကြၽန္ေတာ္တို႔ကို လာဆက္သြယ္ရင္ေတာ့ လႉဒါန္းခ်င္တဲ့သူကို စီစဥ္ေပးမယ္။ ကားခက ဘယ္ေလာက္ က်မယ္၊ ဟိုဘက္က ကုန္ပစၥည္း ဝယ္တာက ဘယ္ေလာက္ က်မယ္ဆိုတာကို စီစဥ္ေပးမယ္။ သူလႉခ်င္တဲ့ ေနရာကို လႉရင္လည္း လႉေပါ့၊ အဲ့လိုမဟုတ္ဘဲ ကြၽန္ေတာ္တို႔ လႉမယ့္ေနရာကိုပါ စီစဥ္ေပးပါ ဆိုရင္လည္း ကြၽန္ေတာ္တို႔က စီစဥ္ေပးပါမယ္”ဟု MFVP မွ အတြင္းေရးမႉး ဦးေက်ာ္သူ က ေျပာသည္။
 
ေတာင္သူမ်ား၏ ကုန္ပစၥည္းမ်ားျဖစ္ေသာ ခ်ဥ္ေပါင္၊ကန္စြန္း၊ကင္ပြန္း၊ဘုံလုံ၊ဗူး၊ဖယုံ၊ဆူးပုပ္၊
ဟင္းႏုနယ္၊ေဂြးေတာက္၊ မုန္ညင္း၊ခဝဲ၊ခရမ္း၊မုံလာ အစရွိသည့္ ဟင္းသီးဟင္း႐ြက္မ်ားကို
ေတာင္သူေဈးကား ႏွစ္စီးျဖင့္ ရန္ကုန္ၿမိဳ႕ရွိ ေမွာ္ဘီ၊တိုက္ႀကီး၊မဂၤလာဒုံတို႔တြင္ေရာင္းခ်လွ်က္ ရွိၿပီး ရွမ္းျပည္နယ္ ေနာင္တရားေတာင္သူမ်ား၏ ခရမ္းခ်ဥ္၊ အာလူး၊င႐ုတ္သီး၊ေဂၚဖီထုပ္၊ ေဂၚရခါးသီးႏွင့္ ပင္းတယ ၾကက္သြန္နီတို႔ကိုလည္း ေတာင္သူသတ္မွတ္သည့္ ေဈးျဖင့္ ေရာင္းခ် သြားမည္ ျဖစ္ေၾကာင္းသိရသည္။
 
ထိုသို႔ ေရာင္းခ်ရာတြင္ သက္ဆိုင္ရာ ၿမိဳ႕နယ္မွ သတ္မွတ္ေပးထားသည့္ ေနရာမ်ားတြင္ ရပ္ထားကာ ေရာင္းသူ၊ ဝယ္သူ ထိေတြ႕မႈ မရွိေစေရးအတြက္ ၆ ေပခြာ တန္းစီ၍ လာေရာက္ဝယ္ယူႏိုင္ရန္ စီမံထားၿပီး
Mask မတပ္ပါက ဝယ္ယူခြင့္ျပဳမည္ မဟုတ္ေၾကာင္းသိရသည္။
 
ထို႔ျပင္ ဟင္းသီးဟင္း႐ြက္မ်ားကို ၅၀၀ က်ပ္တန္၊ ၁၀၀၀ က်ပ္တန္ ကုန္မ်ား အသင့္တြဲစပ္ ထုတ္ပိုး ထားေပးမည္ျဖစ္ကာ တစ္ေန႔တာကုန္မ်ားကို အၿပီးေရာင္းခ်မည္ျဖစ္ၿပီး လက္က်န္မ်ားကို သိုေလွာင္႐ုံသို႔ ျပန္သယ္မည္ မဟုတ္ဘဲ
ညေနပိုင္းတြင္ ၿမိဳ႕စြန္ရပ္ကြက္မ်ားရွိ လိုအပ္ေသာ အိမ္ေထာင္စုမ်ားကို ေလွ်ာ့ေဈးျဖင့္ လည္းေကာင္း၊ ေတာင္သူမ်ား၏ ဆႏၵအရ သို႔မဟုတ္ အလႉရွင္ရွိပါက လႉဒါန္းျခင္းျဖင့္ လည္းေကာင္း ေရာင္းခ်ေပးမည္ ျဖစ္ေၾကာင္း သိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply