ရန္ကုန္တိုင္းရွိ စက္႐ုံဝန္ထမ္းမ်ားအတြက္ လူမႈဖူလုံေရးေၾကး ၆၀ ဒသမ ၁၅ ဘီလ်ံထုတ္ေပးခဲ့ၿပီး က်န္ေဒသငါးခုတြင္လည္း ဆက္လက္ထုတ္ေပးမည္

0
19

ရန်ကုန်တိုင်းရှိ စက်ရုံဝန်ထမ်းများအတွက် လူမှုဖူလုံရေးကြေး ၆၀ ဒသမ ၁၅ ဘီလျံထုတ်ပေးခဲ့ပြီး ကျန်ဒေသငါးခုတွင်လည်း ဆက်လက်ထုတ်ပေးမည်
 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသည့်ကာလအတွင်း ပိတ်ထားသည့်စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများအတွက် လူမှုဖူလုံရေးကြေး ၆၀ ဒသမ ၁၅ ဘီလျံထုတ်ပေးခဲ့ပြီး ကျန်ဒေသငါးခုတွင်လည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
 
Covid-19 ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“Covid-19 ကပ်ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုကာလမှာ အလုပ်သမားရေးရာ ကဏ္ဍအားဦးစားပေး ကဏ္ဍအဖြစ်သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။
Covid-19 အလွန်ကာလမှာ စီးပွားရေးပြန်လည် ကောင်းမွန်လာရေး၊ တည့်မတ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ရေရှည်အကျိုးကိုကြည့်ကာ သက်ဆိုင်သူအားလုံးက ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှာ ဖြစ်ပါတယ်။ အချို့ စက်ရုံ၊ အလုပ်ရုံ‌တွေကိုမူလသတ်မှတ်ချက်တွေနဲ့
ကိုက်ညီမှုရှိတဲ့အတွက် ဆက်လက်လုပ်ကိုင်ခွင့်ပြုတဲ့အပေါ် အလုပ်သမားအချို့ရဲ့စိုးရိမ်ပူပန်မှု‌တွေကိုလည်းနားလည်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် အလုပ်ရှင်နှင့်အလုပ်သမားအားလုံးက တိကျစွာလိုက်နာလုပ်ဆောင်ကြရန် အထူးအရေးကြီးပါတယ်။ တင်ပြလာတဲ့သတ်မှတ်ချက်များနဲ့ကိုက်ညီမှုမရှိဘူးလို့ယူဆသော စက်ရုံ၊ အလုပ်ရုံများကိုလည်း သက်ဆိုင်ရာဌာနများက ရှောင်တခင် စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
 
အောက်တိုဘာ ၁၂ ရက်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် A အဆင့်ရှိသည့် စက်ရုံ၊ အလုပ်ရုံများအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် လုပ်ကိုင်ခွင့်ပြု ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအပြင်လူမှုဖူလုံရေးအဖွဲ့မှ Covid-19 ကာလအတွင်း ဖြေလျော့ပေးမှု များအနေဖြင့် ထည့်ဝင်ကြေးပေးသွင်းသည့် ကာလကို သက်ဆိုင်ရာလ ကုန်ဆုံးပြီးနောက် (၃) လနောက်ဆုတ် ပေးသွင်းခွင့်ပြုခြင်း၊ အလုပ်လက်မဲ့ကာလအတွင်း မကျန်းမာမှု ငွေကြေး အကျိုးခံစားခွင့်/ဆေးဘိုးနှင့် ခရီးစရိတ်များကို ၆ လမှ ၁နှစ်အထိခံစား ခွင့်ပြုခြင်း၊ ကိုယ်ဝန်ဆောင်အာမခံ အလုပ်သမားများကို ဆေးမကျန်းမာမှု ငွေကြေးအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုခြင်းနှင့် Quarantine ဝင်ရသည့် အာမခံအလုပ်သမားများ မကျန်းမာမှု ငွေကြေးအကျိုး ခံစားခွင့် ၆၀ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
 
ယင်းအပြင် ထောက်ပံ့မှုများအနေဖြင့် COVID -19 1st Wave ကာလဧပြီ (၂၀) ရက်မှမေ (၁၅) ရက်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ အစစ်ဆေးခံရန် ခေတ္တပိတ်ထားသောစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနပေါင်း (၆,၄၂၉) ခုမှ၊ အလုပ်သမားပေါင်း (၈၀၀,၂၆၀) အတွက် ငွေကျပ်သန်း (၁,၉၆၄၀ ဒသမ ၆၃၆)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ ကျန်သောဌာနများကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ COVID-19 2nd Wave ကာလရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ထုတ်ပြန် သောအမိန့်ကြော်ငြာစာအမှတ်အရ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ဌာနများတွင်ရှိသော အလုပ်သမား ၈၆၃,၉၀၀ အတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း အားခွင့်ပြုပေးရန် ငွေကျပ်သန်း ၆၀,၁၄၆ သန်း လျာထားဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
လူမှုဖူလုံရေးထောက်ပံ့ငွေများ လျှောက်ထားရာတွင် Online Webportal နှင့်မြို့နယ်ရုံးခွဲမှတဆင့် လျှောက်ထားခြင်းများအား အောက်တိုဘာ ၁၅ ရက်အထိ လျှောက်ထားမှုအချက်အလက်ပြည်စုံသည့် ဌာန(၁,၁၂၃)ဌာနမှ အာမခံအလုပ်သမား ၁၅၅,၈၂၂ ဦး အတွက်ခွင့်ပြုငွေ ကျပ်သန်း (၁၀၅၅၀ ဒသမ ၀၃၂) ကို ခွင့်ပြုပေးခဲ့ပြီး ကျန်အလုပ် ဌာနများကိုလည်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။
 
Stay at Home အဖြစ် သတ်မှတ်ထားသော ကျန်သည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးများရှိ မြို့နယ် (၁၁) မြို့နယ်ရှိအလုပ်ဌာန (၄,၇၂၇) ဌာနရှိ အာမခံ အလုပ်သမား (၁၀၂,၃၅၉) ဦး အတွက်လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းအား ဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
 
ဆုသက်နှင်း
#TheFifthWave
 
(Zawgyi)
 
ရန္ကုန္တိုင္းရွိ စက္႐ုံဝန္ထမ္းမ်ားအတြက္ လူမႈဖူလုံေရးေၾကး ၆၀ ဒသမ ၁၅ ဘီလ်ံထုတ္ေပးခဲ့ၿပီး က်န္ေဒသငါးခုတြင္လည္း ဆက္လက္ထုတ္ေပးမည္
 
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ Stay at Home သတ္မွတ္ထားသည့္ကာလအတြင္း ပိတ္ထားသည့္စက္႐ုံ၊ အလုပ္႐ုံမ်ားမွ ဝန္ထမ္းမ်ားအတြက္ လူမႈဖူလုံေရးေၾကး ၆၀ ဒသမ ၁၅ ဘီလ်ံထုတ္ေပးခဲ့ၿပီး က်န္ေဒသငါးခုတြင္လည္း ဆက္လက္ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာသည္။
 
Covid-19 ကပ္ေရာဂါကာလအတြင္း စက္႐ုံ/အလုပ္႐ုံမ်ား ဖြင့္လွစ္ေဆာင္႐ြက္ေနမႈ အေျခအေနမ်ား လူမႈဖူလုံေရး အက်ဳံးဝင္ စက္႐ုံ၊အလုပ္႐ုံ၊ လုပ္ငန္းဌာနမ်ားရွိ အလုပ္သမားမ်ား၊ ဝန္ထမ္း မ်ားအား လူမႈဖူလုံေရးေထာက္ပံ့ေငြမ်ား ဆက္လက္ခြင့္ျပဳ ထုတ္ေပးေနသည့္ အေျခအေနမ်ားႏွင့္ ပတ္သက္၍ အလုပ္သမားအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ ညႇိႏႈိင္းေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
“Covid-19 ကပ္ေရာဂါ ဒုတိယလႈိင္း ကူးစက္ျပန႔္ပြားမႈကာလမွာ အလုပ္သမားေရးရာ က႑အားဦးစားေပး က႑အျဖစ္သတ္မွတ္ၿပီး ေဆာင္႐ြက္လ်က္ရွိပါတယ္။
Covid-19 အလြန္ကာလမွာ စီးပြားေရးျပန္လည္ ေကာင္းမြန္လာေရး၊ တည့္မတ္ႏိုင္ေရးအတြက္ ရည္႐ြယ္ၿပီး ေရရွည္အက်ိဳးကိုၾကည့္ကာ သက္ဆိုင္သူအားလုံးက ပူးေပါင္းေဆာင္႐ြက္သြားရန္ လိုအပ္မွာ ျဖစ္ပါတယ္။ အခ်ိဳ႕ စက္႐ုံ၊ အလုပ္႐ုံ‌ေတြကိုမူလသတ္မွတ္ခ်က္ေတြနဲ႔
ကိုက္ညီမႈရွိတဲ့အတြက္ ဆက္လက္လုပ္ကိုင္ခြင့္ျပဳတဲ့အေပၚ အလုပ္သမားအခ်ိဳ႕ရဲ႕စိုးရိမ္ပူပန္မႈ‌ေတြကိုလည္းနားလည္ပါတယ္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနရဲ႕ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီေစရန္ အလုပ္ရွင္ႏွင့္အလုပ္သမားအားလုံးက တိက်စြာလိုက္နာလုပ္ေဆာင္ၾကရန္ အထူးအေရးႀကီးပါတယ္။ တင္ျပလာတဲ့သတ္မွတ္ခ်က္မ်ားနဲ႔ကိုက္ညီမႈမရွိဘူးလို႔ယူဆေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားကိုလည္း သက္ဆိုင္ရာဌာနမ်ားက ေရွာင္တခင္ စစ္ေဆးၾကပ္မတ္ ေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာသည္။
 
ေအာက္တိုဘာ ၁၂ ရက္မွစ၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ သတ္မွတ္ထားသည့္ A အဆင့္ရွိသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားအား သတ္မွတ္ထားသည့္ စည္းမ်ဥ္း/စည္းကမ္းခ်က္မ်ားႏွင့္အညီ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ အစီအစဥ္ျဖင့္ လုပ္ကိုင္ခြင့္ျပဳ ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ယင္းအျပင္လူမႈဖူလုံေရးအဖြဲ႕မွ Covid-19 ကာလအတြင္း ေျဖေလ်ာ့ေပးမႈ မ်ားအေနျဖင့္ ထည့္ဝင္ေၾကးေပးသြင္းသည့္ ကာလကို သက္ဆိုင္ရာလ ကုန္ဆုံးၿပီးေနာက္ (၃) လေနာက္ဆုတ္ ေပးသြင္းခြင့္ျပဳျခင္း၊ အလုပ္လက္မဲ့ကာလအတြင္း မက်န္းမာမႈ ေငြေၾကး အက်ိဳးခံစားခြင့္/ေဆးဘိုးႏွင့္ ခရီးစရိတ္မ်ားကို ၆ လမွ ၁ႏွစ္အထိခံစား ခြင့္ျပဳျခင္း၊ ကိုယ္ဝန္ေဆာင္အာမခံ အလုပ္သမားမ်ားကို ေဆးမက်န္းမာမႈ ေငြေၾကးအက်ိဳးခံစားခြင့္ ၆၀ ရာခိုင္ႏႈန္း ခြင့္ျပဳျခင္းႏွင့္ Quarantine ဝင္ရသည့္ အာမခံအလုပ္သမားမ်ား မက်န္းမာမႈ ေငြေၾကးအက်ိဳး ခံစားခြင့္ ၆၀ ရာခိုင္ႏႈန္း ခြင့္ျပဳေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
 
ယင္းအျပင္ ေထာက္ပံ့မႈမ်ားအေနျဖင့္ COVID -19 1st Wave ကာလဧၿပီ (၂၀) ရက္မွေမ (၁၅) ရက္အတြင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားႏွင့္အညီ အစစ္ေဆးခံရန္ ေခတၱပိတ္ထားေသာစက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္းဌာနေပါင္း (၆,၄၂၉) ခုမွ၊ အလုပ္သမားေပါင္း (၈၀၀,၂၆၀) အတြက္ ေငြက်ပ္သန္း (၁,၉၆၄၀ ဒသမ ၆၃၆)ကို ခြင့္ျပဳထုတ္ေပးခဲ့ၿပီး၊ က်န္ေသာဌာနမ်ားကိုလည္း စိစစ္ခြင့္ျပဳေပးလ်က္ရွိေၾကာင္း၊ COVID-19 2nd Wave ကာလေရာဂါကူးစက္ျပန႔္ႏွံ႔မႈကို ပိုမိုထိေရာက္စြာ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ ေရးအတြက္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဝန္ႀကီးဌာနမွ ထုတ္ျပန္ ေသာအမိန႔္ေၾကာ္ျငာစာအမွတ္အရ Stay at Home အစီအစဥ္တြင္ အက်ဳံးဝင္ေသာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္႐ုံ၊ အလုပ္႐ုံ၊ လုပ္ငန္း ဌာနမ်ားတြင္ရွိေသာ အလုပ္သမား ၈၆၃,၉၀၀ အတြက္ လူမႈဖူလုံေရးေထာက္ပံ့ေငြ ၄၀ ရာခိုင္ႏႈန္း အားခြင့္ျပဳေပးရန္ ေငြက်ပ္သန္း ၆၀,၁၄၆ သန္း လ်ာထားေဆာင္႐ြက္လ်က္ ရွိေၾကာင္းသိရသည္။
လူမႈဖူလုံေရးေထာက္ပံ့ေငြမ်ား ေလွ်ာက္ထားရာတြင္ Online Webportal ႏွင့္ၿမိဳ႕နယ္႐ုံးခြဲမွတဆင့္ ေလွ်ာက္ထားျခင္းမ်ားအား ေအာက္တိုဘာ ၁၅ ရက္အထိ ေလွ်ာက္ထားမႈအခ်က္အလက္ျပည္စုံသည့္ ဌာန(၁,၁၂၃)ဌာနမွ အာမခံအလုပ္သမား ၁၅၅,၈၂၂ ဦး အတြက္ခြင့္ျပဳေငြ က်ပ္သန္း (၁၀၅၅၀ ဒသမ ၀၃၂) ကို ခြင့္ျပဳေပးခဲ့ၿပီး က်န္အလုပ္ ဌာနမ်ားကိုလည္း ဆက္လက္ထုတ္ေပးသြားမည္ျဖစ္‌ေၾကာင္း သိရသည္။
 
Stay at Home အျဖစ္ သတ္မွတ္ထားေသာ က်န္သည့္ မြန္ျပည္နယ္၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီးမ်ားရွိ ၿမိဳ႕နယ္ (၁၁) ၿမိဳ႕နယ္ရွိအလုပ္ဌာန (၄,၇၂၇) ဌာနရွိ အာမခံ အလုပ္သမား (၁၀၂,၃၅၉) ဦး အတြက္လူမႈဖူလုံေရး ေထာက္ပံ့ေငြ ၄၀ ရာခိုင္ႏႈန္းအား ဆက္လက္ထုတ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။
 
ဆုသက္ႏွင္း
#TheFifthWave

 

Leave a Reply