ဆႏၵျပပြဲမ်ားဆက္လုပ္မည္ဟု ထိုင္းဆႏၵျပေခါင္းေဆာင္မ်ားကတိျပဳ

0
13

ဆန္ဒပြပွဲများဆက်လုပ်မည်ဟု ထိုင်းဆန္ဒပြခေါင်းဆောင်များကတိပြု

ဘန်ကောက်၊ အောက်တိုဘာ ၁၇

သောကြာနေ့ညပိုင်းတွင် ထိုင်းရဲများက ဘန်ကောက်မြို့လယ်ရှိ ပသွန်ဝမ်လမ်းဆုံတွင် လူထောင်ဂဏန်းပါဝင်သည့်ဆန္ဒပြသူများကို မီးသတ်ပိုက်များဖြင့်လူစုခွဲခဲ့သည်။

ထိုလမ်းဆုံတွင် ည ၈ နာရီခွဲဝန်းကျင်၌ ဆန္ဒပြသူများကို ရဲများက အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး စနေနေ့တွင် ဆန္ဒပြမှုများဆက်လုပ်သွားမည်ဟု ဆန္ဒပြခေါင်းဆောင်များကကတိပြုထားသော်လည်း နေရာကိုလျှို့ဝှက်ထားသည်။

ခန့်မှန်းခြေလူ ၂၀၀၀ ခန့်ရှိသည့်ဆန္ဒပြသူများကို အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များနောက်တွင်ရပ်ထားသည့် ထရပ်ကားများမှ အရောင်များထည့်ထားသည့်ရေပန်းများဖြင့်ထိုးခဲ့ပြီး မျက်စိစပ်စေသည့်ဓာတုပစ္စည်းများပါသည်ဟု ဆန္ဒပြသူများကပြောထားသော်လည်း ပါဝင်ပစ္စည်းအတိအကျကိုမသိရသေးချေ။

ဆန္ဒပြသူများက ဟောင်ကောင်ဒီမိုကရေစီအရေးဆန္ဒပြသူများကဲ့သို့ ရေပန်းများကို ထီးဖြင့်ကာခဲ့ပြီး အချို့က ရဲများကို ရေသန့်ဘူးများဖြင့်ပစ်ခတ်ခဲ့သည်။

မိုးပျံလမ်းမများပေါ်မှစောင့်ကြည့်သူများကလည်း ထီးများပစ်ချပေးပြီး ဆန္ဒပြသူများကိုကူညီခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၄ ယောက်နှင့် ဆန္ဒပြသူ ၁၁ ယောက် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ဗုဒ္ဓဟူးနေ့တွင်စတင်သည့်ဆန္ဒပြပွဲများတွင် ခေါင်းဆောင်သူများနှင့်ပါဝင်သူများ စုစုပေါင်း ၅၁ ယောက်ကို အာမခံမပေးဘဲ ထိုင်းအစိုးရဘက်က ဖမ်းဆီးထားသည်ဟု ထိုင်းလူ့အခွင့်အရေးရှေ့နေများကပြောသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ်နုတ်ထွက်ရေး၊ ထိုင်းတော်ဝင်မိသားစုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေးနှင့် အနာဂတ်တွင် အာဏာသိမ်းမှုများကို ထိုင်းဘုရင်ကထောက်ခံမှုမပြုရန်တို့ကို ဆက်လက်တောင်းဆိုနေကြသည်။

Source – Bangkok Post
ဥက္ကာ
#TheFifthWaveNews
Photo – Bangkok Post

 

(ZawGyi)

 

ဆႏၵျပပြဲမ်ားဆက္လုပ္မည္ဟု ထိုင္းဆႏၵျပေခါင္းေဆာင္မ်ားကတိျပဳ

ဘန္ေကာက္၊ ေအာက္တိုဘာ ၁၇

ေသာၾကာေန႔ညပိုင္းတြင္ ထိုင္းရဲမ်ားက ဘန္ေကာက္ၿမိဳ႕လယ္႐ွိ ပသြန္၀မ္လမ္းဆံုတြင္ လူေထာင္ဂဏန္းပါ၀င္သည့္ဆႏၵျပသူမ်ားကို မီးသတ္ပိုက္မ်ားျဖင့္လူစုခြဲခဲ့သည္။

ထိုလမ္းဆံုတြင္ ည ၈ နာရီခြဲ၀န္းက်င္၌ ဆႏၵျပသူမ်ားကို ရဲမ်ားက အျပည့္အ၀ထိန္းခ်ဳပ္ႏုိင္ခဲ့ၿပီး စေနေန႔တြင္ ဆႏၵျပမႈမ်ားဆက္လုပ္သြားမည္ဟု ဆႏၵျပေခါင္းေဆာင္မ်ားကကတိျပဳထားေသာ္လည္း ေနရာကိုလွ်ိဳ႕၀ွက္ထားသည္။

ခန္႔မွန္းေျခလူ ၂၀၀၀ ခန္႔႐ွိသည့္ဆႏၵျပသူမ်ားကို အဓိက႐ုဏ္းႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔၀င္မ်ားေနာက္တြင္ရပ္ထားသည့္ ထရပ္ကားမ်ားမွ အေရာင္မ်ားထည့္ထားသည့္ေရပန္းမ်ားျဖင့္ထိုးခဲ့ၿပီး မ်က္စိစပ္ေစသည့္ဓာတုပစၥည္းမ်ားပါသည္ဟု ဆႏၵျပသူမ်ားကေျပာထားေသာ္လည္း ပါ၀င္ပစၥည္းအတိအက်ကိုမသိရေသးေခ်။

ဆႏၵျပသူမ်ားက ေဟာင္ေကာင္ဒီမိုကေရစီအေရးဆႏၵျပသူမ်ားကဲ့သို႔ ေရပန္းမ်ားကို ထီးျဖင့္ကာခဲ့ၿပီး အခ်ိဳ႕က ရဲမ်ားကို ေရသန္႔ဘူးမ်ားျဖင့္ပစ္ခတ္ခဲ့သည္။

မိုးပ်ံလမ္းမမ်ားေပၚမွေစာင့္ၾကည့္သူမ်ားကလည္း ထီးမ်ားပစ္ခ်ေပးၿပီး ဆႏၵျပသူမ်ားကိုကူညီခဲ့သည္။

ရဲတပ္ဖဲြ႔၀င္ ၄ ေယာက္ႏွင့္ ဆႏၵျပသူ ၁၁ ေယာက္ ဒဏ္ရာရခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ကေျပာသည္။
ဗုဒၶဟူးေန႔တြင္စတင္သည့္ဆႏၵျပပြဲမ်ားတြင္ ေခါင္းေဆာင္သူမ်ားႏွင့္ပါ၀င္သူမ်ား စုစုေပါင္း ၅၁ ေယာက္ကို အာမခံမေပးဘဲ ထိုင္းအစိုးရဘက္က ဖမ္းဆီးထားသည္ဟု ထိုင္းလူ႔အခြင့္အေရးေ႐ွ႕ေနမ်ားကေျပာသည္။

ဆႏၵျပသူမ်ားက ၀န္ႀကီးခ်ဳပ္ႏုတ္ထြက္ေရး၊ ထိုင္းေတာ္၀င္မိသားစုျပဳျပင္ေျပာင္းလဲမႈမ်ားျပဳလုပ္ေရးႏွင့္ အနာဂတ္တြင္ အာဏာသိမ္းမႈမ်ားကို ထိုင္းဘုရင္ကေထာက္ခံမႈမျပဳရန္တို႔ကို ဆက္လက္ေတာင္းဆိုေနၾကသည္။

Source – Bangkok Post
ဥကၠာ
#TheFifthWaveNews
Photo – Bangkok Post

Leave a Reply