အိႏၵိယက မတ္ပဲ အဝယ္ရွိ၍ ျပည္တြင္းမတ္ပဲေဈး တစ္တန္ကို က်ပ္ ၈၅၀၀၀ ခန႔္ ေဈးျမႇင့္တက္

0
12
အိန္ဒိယက မတ်ပဲ အဝယ်ရှိ၍ ပြည်တွင်းမတ်ပဲဈေး တစ်တန်ကို ကျပ် ၈၅၀၀၀ ခန့် ဈေးမြှင့်တက်
 
အောက်တိုဘာ ၁၇
 
အိန္ဒိယက မတ်ပဲအဝယ်ရှိ၍ သုံးပတ်အတွင်း ပြည်တွင်းမတ်ပဲဈေး တစ်တန်လျှင် ကျပ် ၈၅၀၀၀ ခန့် ဈေးမြှင့်တက်လာကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်၏ စာရင်းများအရ သိရသည်။
 
ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်က ပဲဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် ၁၀၇၂၅၀၀ ခန့်သာ ရှိသော်လည်း အောက်တိုဘာ လ ၁၆ ရက်တွင် မတ်ပဲတစ်တန်လျှင် ၁၁၅၇၅၀၀ ခန့်မြင့်တက်ခဲ့သောကြောင့် သုံးပတ်အတွင်း မတ်ပဲ တစ်တန်ကို ကျပ် ၈၅၀၀၀ ခန့် ဈေးမြှင့်တက်ခဲ့သည်။
 
အိန္ဒိယနိုင်ငံအနေဖြင့် ပဲလိုအပ်ချက်ရှိသောကြောင့် အောက်တိုဘာလ ၁ ရက်တွင် အိန္ဒိယနိုင်ငံ၏ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ မတ်ပဲ တန်ချိန်တစ်သိန်းခွဲ ထပ်မံဝယ်ယူရန် အသိပေးစာ ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ အသိပေးစာတွင် ပြည်ပမှ ပဲတင်သွင်းရန် အိန္ဒိယပဲကုမ္ပဏီများကို သွင်းကုန် လိုင်စင်များ အညီအမျှ ခွဲဝေချ ထားပေးမည်ဟု ဖော်ပြ ထားပြီး ပဲတင်သွင်းချိန်ကိုလည်း လာမည့် ၂၀၂၁ ခုနှစ်၊ မတ်လကုန်အထိ အချိန်ပေးထားသည်။
 
လက်ရှိ အိန္ဒိယနိုင်ငံတွင် မတ်ပဲအသစ်ပေါ်ချိန် ဖြစ်သော်လည်း ရာသီဥတုဖောက် ပြန်မှုကြောင့် မတ်ပဲအထွက်နှုန်း လျော့နည်းသဖြင့် ပြည်ပမှ မတ် ပဲ ထပ်မံတင်သွင်းရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
 
အိန္ဒိယနိုင်ငံမှ အဓိကဝယ်ယူမည့် မတ်ပဲသည် မြန်မာနိုင်ငံကသာ အဓိက စိုက်ပျိုးပြီး အခြား ပဲစင်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲများကိုမူ မြန်မာနိုင်ငံအပြင် အာဖရိကတိုက်နှင့် သြစတေးလျနိုင်ငံများလည်း စိုက်ပျိုးကြကြောင်း သိရသည်။
 
ဝေဝေဖြိုး
#TheFifthWave
 
(Zawgyi)
 
အိႏၵိယက မတ္ပဲ အဝယ္ရွိ၍ ျပည္တြင္းမတ္ပဲေဈး တစ္တန္ကို က်ပ္ ၈၅၀၀၀ ခန႔္ ေဈးျမႇင့္တက္
 
ေအာက္တိုဘာ ၁၇
 
အိႏၵိယက မတ္ပဲအဝယ္ရွိ၍ သုံးပတ္အတြင္း ျပည္တြင္းမတ္ပဲေဈး တစ္တန္လွ်င္ က်ပ္ ၈၅၀၀၀ ခန႔္ ေဈးျမႇင့္တက္လာေၾကာင္း ဘုရင့္ေနာင္ ကုန္စည္ဒိုင္၏ စာရင္းမ်ားအရ သိရသည္။
 
ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၁ ရက္က ပဲေဈးကြက္အတြင္း မတ္ပဲတစ္တန္လွ်င္ ၁၀၇၂၅၀၀ ခန႔္သာ ရွိေသာ္လည္း ေအာက္တိုဘာ လ ၁၆ ရက္တြင္ မတ္ပဲတစ္တန္လွ်င္ ၁၁၅၇၅၀၀ ခန႔္ျမင့္တက္ခဲ့ေသာေၾကာင့္ သုံးပတ္အတြင္း မတ္ပဲ တစ္တန္ကို က်ပ္ ၈၅၀၀၀ ခန႔္ ေဈးျမႇင့္တက္ခဲ့သည္။
 
အိႏၵိယႏိုင္ငံအေနျဖင့္ ပဲလိုအပ္ခ်က္ရွိေသာေၾကာင့္ ေအာက္တိုဘာလ ၁ ရက္တြင္ အိႏၵိယႏိုင္ငံ၏ စက္မႈႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ျမန္မာႏိုင္ငံမွ မတ္ပဲ တန္ခ်ိန္တစ္သိန္းခြဲ ထပ္မံဝယ္ယူရန္ အသိေပးစာ ထုတ္ျပန္ခဲ့သည္။
 
အဆိုပါ အသိေပးစာတြင္ ျပည္ပမွ ပဲတင္သြင္းရန္ အိႏၵိယပဲကုမၸဏီမ်ားကို သြင္းကုန္ လိုင္စင္မ်ား အညီအမွ် ခြဲေဝခ် ထားေပးမည္ဟု ေဖာ္ျပ ထားၿပီး ပဲတင္သြင္းခ်ိန္ကိုလည္း လာမည့္ ၂၀၂၁ ခုႏွစ္၊ မတ္လကုန္အထိ အခ်ိန္ေပးထားသည္။
 
လက္ရွိ အိႏၵိယႏိုင္ငံတြင္ မတ္ပဲအသစ္ေပၚခ်ိန္ ျဖစ္ေသာ္လည္း ရာသီဥတုေဖာက္ ျပန္မႈေၾကာင့္ မတ္ပဲအထြက္ႏႈန္း ေလ်ာ့နည္းသျဖင့္ ျပည္ပမွ မတ္ ပဲ ထပ္မံတင္သြင္းရန္ စီစဥ္ျခင္း ျဖစ္ေၾကာင္း သိရသည္။
 
အိႏၵိယႏိုင္ငံမွ အဓိကဝယ္ယူမည့္ မတ္ပဲသည္ ျမန္မာႏိုင္ငံကသာ အဓိက စိုက္ပ်ိဳးၿပီး အျခား ပဲစင္းငုံ၊ ပဲတီစိမ္း၊ စားေတာ္ပဲမ်ားကိုမူ ျမန္မာႏိုင္ငံအျပင္ အာဖရိကတိုက္ႏွင့္ ၾသစေတးလ်ႏိုင္ငံမ်ားလည္း စိုက္ပ်ိဳးၾကေၾကာင္း သိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply