ျပည္သူေတြႀကဳံေတြ႕ေနရေသာအခက္အခဲအၾကပ္အတည္းေတြကေနဆြဲတင္ခ်င္တယ္ဟုျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေျပာၾကား

0
21
ပြည်သူတွေကြုံတွေ့နေရသောအခက်အခဲအကြပ်အတည်းတွေကနေဆွဲတင်ချင်တယ်ဟုပြည်ခိုင်ဖြိုးကိုယ်စားလှယ်ပြောကြား
 
ပြည်သူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဆောင်ရွက်ချင်သည့် သံန္နိဌာန်ဖြင့် ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။
 
ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ဒေသခံမဲဆန္ဒရှင်များနှင့် တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“နိုင်ငံတော်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒီကိစ္စ အဝဝကို ကျွန်တော်တို့ တွေ့ခဲ့ကြုံခဲ့ ကျွန်တော်တို့ စွမ်းသလောက် ပြန်ပြီးတော့ ပြည်သူကို အလုပ်အကျွေးပြုချင်တယ်။ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကနေ ဆွဲတင်ချင်တယ်။ ဒီကိစ္စတွေအားလုံးကို ကျွန်တော်တို့က ကူညီဆောင်ရွက်ဖို့ သံန္နိဌာန်နဲ့ ကျွန်တော်တို့ ရွေးကောက်ပွဲ ဝင်လာတာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားသည်။
 
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကဏ္ဍအလိုက် ကျွမ်းကျင်သည့် ပညာရှင်များနှင့် ပြင်ဆင်ဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ထပ်မံပြောကြားသည်။
 
“ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ ကဏ္ဍအလိုက်မှာ ကျွမ်းကျင်တဲ့ လူတွေနဲ့ ဖွဲ့စည်းပြီးတော့မှ ဒီနှစ်ရွေးကောက်ပွဲကို ဝင်လာတာဖြစ်တယ်။ သူတို့ဟာ ငါတို့တိုင်းပြည် ငါတို့လူမျိုး ငါတို့ရပ်ရွာရဲ့အကျိုးကို တကယ်လုပ်နိုင်တဲ့သူတွေလားဆိုတာကို သေသေချာချာ စဉ်းစားဆန်းစစ်ပြီးတော့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးကအဖွဲ့တွေကို ယုံကြည်တယ်။ အားကိုးတယ်ဆိုလို့ရှိရင် သူတို့ရဲ့ ဆန္ဒမဲလက်မှတ်တွေမှာ ကျွန်တော်တို့သူတို့ရဲ့ဘေးမှာ ခြင်္သေ့ရုပ်တံဆိပ်ကလေးကို ရအောင်ရှာပြီးတော့ ဘေးက ကွပ်လပ်ကလေးမှာ တံဆိပ်တုံးလေး ထုကြပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ထပ်မံပြောကြားသည်။
 
HM
#TheFifthWave
 
(Zawgyi)
 
ျပည္သူေတြႀကဳံေတြ႕ေနရေသာအခက္အခဲအၾကပ္အတည္းေတြကေနဆြဲတင္ခ်င္တယ္ဟုျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေျပာၾကား
 
ျပည္သူမ်ား ႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားကို ကူညီေဆာင္႐ြက္ခ်င္သည့္ သံႏၷိဌာန္ျဖင့္ ၂၀၂၀ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတြင္ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ေျပာၾကားသည္။
 
ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားသို႔ သြားေရာက္ကာ ေဒသခံမဲဆႏၵရွင္မ်ားႏွင့္ ေတြ႕ဆုံရာတြင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
 
“ႏိုင္ငံေတာ္ရဲ႕ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရး၊ ဒီကိစၥ အဝဝကို ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ႀကဳံခဲ့ ကြၽန္ေတာ္တို႔ စြမ္းသေလာက္ ျပန္ၿပီးေတာ့ ျပည္သူကို အလုပ္အေကြၽးျပဳခ်င္တယ္။ ျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲ အၾကပ္အတည္းေတြကေန ဆြဲတင္ခ်င္တယ္။ ဒီကိစၥေတြအားလုံးကို ကြၽန္ေတာ္တို႔က ကူညီေဆာင္႐ြက္ဖို႔ သံႏၷိဌာန္နဲ႔ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲ ဝင္လာတာ ျဖစ္ပါတယ္” ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ေျပာၾကားသည္။
 
ထို႔ျပင္ ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ က႑အလိုက္ ကြၽမ္းက်င္သည့္ ပညာရွင္မ်ားႏွင့္ ျပင္ဆင္ဖြဲ႕စည္းကာ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ေၾကာင္း ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ထပ္မံေျပာၾကားသည္။
 
“ကြၽန္ေတာ္တို႔ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ အတတ္ပညာရွင္ေတြ၊ အသိပညာရွင္ေတြ က႑အလိုက္မွာ ကြၽမ္းက်င္တဲ့ လူေတြနဲ႔ ဖြဲ႕စည္းၿပီးေတာ့မွ ဒီႏွစ္ေ႐ြးေကာက္ပြဲကို ဝင္လာတာျဖစ္တယ္။ သူတို႔ဟာ ငါတို႔တိုင္းျပည္ ငါတို႔လူမ်ိဳး ငါတို႔ရပ္႐ြာရဲ႕အက်ိဳးကို တကယ္လုပ္ႏိုင္တဲ့သူေတြလားဆိုတာကို ေသေသခ်ာခ်ာ စဥ္းစားဆန္းစစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ျပည္ခိုင္ၿဖိဳးကအဖြဲ႕ေတြကို ယုံၾကည္တယ္။ အားကိုးတယ္ဆိုလို႔ရွိရင္ သူတို႔ရဲ႕ ဆႏၵမဲလက္မွတ္ေတြမွာ ကြၽန္ေတာ္တို႔သူတို႔ရဲ႕ေဘးမွာ ျခေသၤ့႐ုပ္တံဆိပ္ကေလးကို ရေအာင္ရွာၿပီးေတာ့ ေဘးက ကြပ္လပ္ကေလးမွာ တံဆိပ္တုံးေလး ထုၾကပါ” ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအးက ထပ္မံေျပာၾကားသည္။
 
HM
#TheFifthWave

Leave a Reply