Music Zone KTV ပိုင္ရွင္ႏွင့္ မန္ေနဂ်ာကို အင္းစိန္ေထာင္ပို႔

0
29
Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာကို အင်းစိန်ထောင်ပို့
 
Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာတို့ကို ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်အချိန်တွင် သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းကပြောသည်။
 
လာမည့်ရုံးချိန်းကို အောက်တိုဘာလ ၂၇ ရက်နေ့သို့ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။
Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနှင့် ဆိုင်မန်နေဂျာ ဦးမျိုးဇော်ကို တို့ကို သင်္ကန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တရားလိုပြု လုပ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ် ၂၅ ဖြင့် စက်တင်ဘာ ၃၀ ရက်တွင် သင်္ဃန်းကျွန်းမြို့မစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
 
ထိုသို့အမှုဖွင့်ပြီးနောက် အောက်တိုဘာလ ၃ ရက် ညပိုင်းအချိန်တွင် Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာတို့မှ သင်္ဃန်ကျွန်းမြို့မရဲစခန်း၌ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
 
သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ Music Zone KTV မှ COVID-19 ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ လူဦးရေ ၉၀ ကျော်တွေ့ရှိခဲ့ကြောင်း သိရသည်။
 
ဆုသက်နှင်း
#TheFifthWave
(Zawgyi)
 
Music Zone KTV ပိုင္ရွင္ႏွင့္ မန္ေနဂ်ာကို အင္းစိန္ေထာင္ပို႔
 
Music Zone KTV ပိုင္ရွင္ႏွင့္ မန္ေနဂ်ာတို႔ကို ယေန႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔ ညေန ၃ နာရီခန႔္အခ်ိန္တြင္ သကၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးမွ သဘာဝေဘးအႏၲရယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုကာ အင္းစိန္ေထာင္သို႔ ပို႔ေဆာင္လိုက္ေၾကာင္း စြပ္စြဲခံရသူဘက္မွ လိုက္ပါေဆာင္႐ြက္ေပးသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္သိန္းထြန္းကေျပာသည္။
 
လာမည့္႐ုံးခ်ိန္းကို ေအာက္တိုဘာလ ၂၇ ရက္ေန႔သို႔ျပန္လည္ခ်ိန္းဆိုခဲ့ေၾကာင္း သိရသည္။
Music Zone KTV ပိုင္ရွင္ ဦးေဇာ္မင္းႏွင့္ ဆိုင္မန္ေနဂ်ာ ဦးမ်ိဳးေဇာ္ကို တို႔ကို သကၤန္းကြၽန္းၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနမွ တရားလိုျပဳ လုပ္၍ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္ ၂၅ ျဖင့္ စက္တင္ဘာ ၃၀ ရက္တြင္ သဃၤန္းကြၽန္းၿမိဳ႕မစခန္းတြင္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
 
ထိုသို႔အမႈဖြင့္ၿပီးေနာက္ ေအာက္တိုဘာလ ၃ ရက္ ညပိုင္းအခ်ိန္တြင္ Music Zone KTV ပိုင္ရွင္ႏွင့္ မန္ေနဂ်ာတို႔မွ သဃၤန္ကြၽန္းၿမိဳ႕မရဲစခန္း၌ လာေရာက္အဖမ္းခံခဲ့ေၾကာင္း သိရသည္။
 
သဃၤန္းကြၽန္းၿမိဳ႕နယ္အတြင္းရွိ Music Zone KTV မွ COVID-19 ေရာဂါပိုးေတြ႕ရွိသူ အတည္ျပဳလူနာ လူဦးေရ ၉၀ ေက်ာ္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
 
ဆုသက္ႏွင္း
#TheFifthWave

Leave a Reply