ျပည္ပအကူအညီအခ်ိဳ႕ ႏိုင္ငံေရးႏွင့္ဆက္ႏြယ္ေနဟု က်န္းမာေရးဝန္ႀကီးဌာနထုတ္ျပန္

0
14
ပြည်ပအကူအညီအချို့ နိုင်ငံရေးနှင့်ဆက်နွယ်နေဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးလုပ်ငန်းများကိုကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ၊ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်အဖွဲ့အစည်းများ(developmentpartner)နှင့်နှစ်နိုင်ငံအစီအစဉ်များအရပံ့ပိုးမှုများစွာကိုရရှိခဲ့ပြီးဤပံ့ပိုးကူညီမှုများမှာရေရှည်တွင်မည်သည့်အတိုင်းအတာ၊မည်သည့်အချိန်ထိရရှိမည်ကိုခန့်မှန်း၍မရနိုင်ပါ၊အကောင်းဆုံးသောနည်းလမ်းမှာမိမိ၏ခြေထောက်ပေါ်၌ရပ်နိုင်အောင်ကြိုးစားသင့်ပြီးအချို့အကူအညီများမှာနိုင်ငံရေးနှင့်လည်းဆက်နွယ်နေသည်ကိုတွေ့ရှိရကြောင်းကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။
 
အောက်တိုဘာလ၁၆ရက်နေ့ကကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှကျန်းမာရေးစီမံချက်မန်နေဂျာများနှင့် ကျန်းမာရေးလုပ်ငန်းကဏ္ဍအလိုက် တာဝန်ခံများအနေဖြင့် ဆောင်ရွက်ပေးပါရန်အသိပေးအကြောင်းကြားခြင်းရာတွင် အထက်ပါအတိုင်းရေးသားဖော်ပြထားသည်။
 
အဆိုပါထုတ်ပြန်ချက်တွင်မိမိတို့အနေဖြင့် ယခုအစိုးရ၏ ပထမ လေးနှစ်တာကာလ၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ပိုမို ခိုင်မာတောင့်တင်းအောင် ရရှိထားသော အရင်းအမြစ်များကို အသုံးပြု၍ ဆောင်ရွက်ခဲ့ရာ လက်ခံနိုင်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိသည်ဟု မှတ်ယူပါကြောင်း၊ ယခုအစိုးရသက်တမ်း၏ နောက်ဆုံးနှစ်ဖြစ်သော ၂၀၂၀ ခုနှစ်တွင် စက်ကုန်ဖွင့်၍ မောင်းနှင်မည်ဟု ကြံရွယ်ထားသော်လည်း COVID-19 ကြောင့်လုပ်ငန်းများဆောင်ရွက်မှုနှေးကွေးတုံ့ဆိုင်းသွားခဲ့ကြောင်းရေးသားထားသည်။
 
ဆက်လက်၍ ပြည်ပမှ ရရှိထားသော ဘဏ္ဍာငွေများကို လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ ခွဲဝေချမှတ်ပေးသော ဘဏ္ဍာငွေများကိုလည်းကောင်းမည်ကဲ့သို့အကျိုးရှိထိရောက်မှုအရှိဆုံးဖြစ်အောင်သုံးမည်ကိုစဉ်းစားရန်လိုမည်ဖြစ်ကြောင်း၊ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေးတာဝန်ခံများအနေဖြင့်လည်းအရည်အသွေးပြည့်ဝသောဆေးနှင့်ဆေးပစ္စည်းများကိုမည်သည့်အတိုင်းအတာထိဝယ်ယူရမည်ကိုကျွမ်းကျင်မှု ပိုင်းဆိုင်ရာရှုထောင့်မှ သုံးသပ်ပြီး National Supply ChainManagementကိုပိုမိုကောင်းမွန်အောင်စဉ်ဆက်မပြတ်သုံးသပ်ကာ ဆောင်ရွက်ရမည်ဟုအသိပေးထားသည်။
 
စီမံချက်မန်နေဂျာများအနေဖြင့် မိမိတို့၏လုပ်ငန်းများကို အသွား အလာကန့်သတ်မှုမရှိသည့် နေရာများနှင့် COVID-19 ဖြစ်ပွားမှုနှင့် ကူးစက်ပျံ့နှံ့မှုနည်းပါးလာ သော မြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌ အမြန်ဆုံးစတင်ဆောင်ရွက်စေလိုပါကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
HM
#TheFifthWave
 
(Zawgyi)
 
ျပည္ပအကူအညီအခ်ိဳ႕ ႏိုင္ငံေရးႏွင့္ဆက္ႏြယ္ေနဟု က်န္းမာေရးဝန္ႀကီးဌာနထုတ္ျပန္
 
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးလုပ္ငန္း မ်ားကို ကမာၻ႔ကုလသမဂၢ အဖြဲ႕အစည္းမ်ား၊ဖြံ႕ၿဖိဳးတိုးတက္မႈမိတ္ဖက္အဖြဲ႕အစည္းမ်ား(developmentpartner)ႏွင့္ႏွစ္ႏိုင္ငံအစီအစဥ္မ်ားအရပံ့ပိုးမႈမ်ားစြာကိုရရွိခဲ့ၿပီးဤပံ့ပိုးကူညီမႈမ်ားမွာေရရွည္တြင္မည္သည့္အတိုင္းအတာ၊မည္သည့္အခ်ိန္ထိရရွိမည္ကိုခန႔္မွန္း၍မရႏိုင္ပါ၊အေကာင္းဆုံးေသာနည္းလမ္းမွာမိမိ၏ေျခေထာက္ေပၚ၌ရပ္ႏိုင္ေအာင္ႀကိဳးစားသင့္ၿပီးအခ်ိဳ႕အကူအညီမ်ားမွာ ႏိုင္ငံေရးႏွင့္လည္း ဆက္ႏြယ္ေနသည္ကို ေတြ႕ရွိရေၾကာင္းက်န္းမာေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရသိရသည္။
 
ေအာက္တိုဘာလ၁၆ရက္ေန႔ကက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွက်န္းမာေရးစီမံခ်က္မန္ေနဂ်ာမ်ားႏွင့္ က်န္းမာေရးလုပ္ငန္းက႑အလိုက္ တာဝန္ခံမ်ားအေနျဖင့္ ေဆာင္႐ြက္ေပးပါရန္အသိေပးအေၾကာင္းၾကားျခင္းရာတြင္ အထက္ပါအတိုင္းေရးသားေဖာ္ျပထားသည္။
 
အဆိုပါထုတ္ျပန္ခ်က္တြင္မိမိတို႔အေနျဖင့္ ယခုအစိုးရ၏ ပထမ ေလးႏွစ္တာကာလ၌ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးလုပ္ငန္းမ်ား၊ အေျခခံအေဆာက္အဦ၊ က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္မ်ား ပိုမို ခိုင္မာေတာင့္တင္းေအာင္ ရရွိထားေသာ အရင္းအျမစ္မ်ားကို အသုံးျပဳ၍ ေဆာင္႐ြက္ခဲ့ရာ လက္ခံႏိုင္ေသာ အဆင့္တစ္ဆင့္သို႔ ေရာက္ရွိသည္ဟု မွတ္ယူပါေၾကာင္း၊ ယခုအစိုးရသက္တမ္း၏ ေနာက္ဆုံးႏွစ္ျဖစ္ေသာ ၂၀၂၀ ခုႏွစ္တြင္ စက္ကုန္ဖြင့္၍ ေမာင္းႏွင္မည္ဟု ႀကံ႐ြယ္ထားေသာ္လည္း COVID-19 ေၾကာင့္လုပ္ငန္းမ်ားေဆာင္႐ြက္မႈေႏွးေကြးတုံ႔ဆိုင္းသြားခဲ့ေၾကာင္းေရးသားထားသည္။
 
ဆက္လက္၍ ျပည္ပမွ ရရွိထားေသာ ဘ႑ာေငြမ်ားကို လည္းေကာင္း၊ ႏိုင္ငံေတာ္အစိုးရမွ ခြဲေဝခ်မွတ္ေပးေသာ ဘ႑ာေငြမ်ားကိုလည္းေကာင္းမည္ကဲ့သို႔အက်ိဳးရွိထိေရာက္မႈအရွိဆုံးျဖစ္ေအာင္သုံးမည္ကိုစဥ္းစားရန္လိုမည္ျဖစ္ေၾကာင္း၊ေဆးႏွင့္ေဆးပစၥည္းဝယ္ယူေရးတာဝန္ခံမ်ားအေနျဖင့္လည္းအရည္အေသြးျပည့္ဝေသာေဆးႏွင့္ေဆးပစၥည္းမ်ားကိုမည္သည့္အတိုင္းအတာထိဝယ္ယူရမည္ကိုကြၽမ္းက်င္မႈ ပိုင္းဆိုင္ရာရႈေထာင့္မွ သုံးသပ္ၿပီး National Supply ChainManagementကိုပိုမိုေကာင္းမြန္ေအာင္စဥ္ဆက္မျပတ္သုံးသပ္ကာ ေဆာင္႐ြက္ရမည္ဟုအသိေပးထားသည္။
 
စီမံခ်က္မန္ေနဂ်ာမ်ားအေနျဖင့္ မိမိတို႔၏လုပ္ငန္းမ်ားကို အသြား အလာကန႔္သတ္မႈမရွိသည့္ ေနရာမ်ားႏွင့္ COVID-19 ျဖစ္ပြားမႈႏွင့္ ကူးစက္ပ်ံ႕ႏွံ႔မႈနည္းပါးလာ ေသာ ၿမိဳ႕နယ္၊ ေက်းလက္က်န္းမာေရးဌာနႏွင့္ ဌာနခြဲမ်ား၌ အျမန္ဆုံးစတင္ေဆာင္႐ြက္ေစလိုပါေၾကာင္းက်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္တြင္ေဖာ္ျပပါရွိသည္။
HM
#TheFifthWave

Leave a Reply