ယခုႏွစ္တြင္ ႀကိဳးၾကာေခါင္းနီငွက္ အသိုက္ (၁၁၅) သိုက္ကို စာရင္းေကာက္ယူ မွတ္တမ္းတင္ႏိုင္ခဲ့

0
15
ယခုနှစ်တွင် ကြိုးကြာခေါင်းနီငှက် အသိုက် (၁၁၅) သိုက်ကို စာရင်းကောက်ယူ မှတ်တမ်းတင်နိုင်ခဲ့
 
ယခုနှစ်တွင် ကြိုးကြာအသိုက် စာရင်းကောက်ယူ မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ နှင့် စက်တင်ဘာလအတွင်း ပူးပေါင်းဆောင်ရွက်မှု များအရ ကြိုးကြာ ခေါင်းနီငှက် အသိုက် (၁၁၅) သိုက်ကို စာရင်း ကောက်ယူ မှတ်တမ်းတင်နိုင် ခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီစဉ်)မှ သိရသည်။
 
ကြိုးကြာအသိုက်စာရင်း ကောက်ယူမှု လုပ်ငန်းများ ကို ၂၀၂၀ ခုနှစ် မျိုးပွား ရာသီအတွင်း ဧရာဝတီတိုင်း ဒေသကြီးရှိ မအူပင်နှင့်ဝါးခယ်မမြို့နယ်များတွင် အဓိကထား လုပ်ဆောင်လျက်ရှိပြီး မအူပင်မြို့နယ် တွင် အသိုက် (၁၉) သိုက် နှင့် ထိုအသိုက်များမှ အကောင်ပေါက် (၃) ကောင်၊ ဝါးခယ်မ မြို့နယ်တွင် (၉၆) သိုက် နှင့် ထို အသိုက်များမှ အကောင်ပေါက် (၅၇) ကောင်ကို စာရင်း ကောက်ယူ မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ ကြိုးကြာအသိုက်စာရင်းကောက်ယူမှု များကို ဒေသခံများ၊ ကျုံကပြင်-တက်ဆိပ် ဒေသခံ သားငှက် ထိန်းသိမ်းရေးအဖွဲ့များ နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီစဉ်)တို့ ပူးပေါင်း၍ ယခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးပွားရာသီတွင် စုစုပေါင်း အသိုက် (၁၁၅) သိုက်ကို မှတ်တမ်းတင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
 
၂၀၂၀ ခုနှစ် ကြိုးကြာခေါင်းနီငှက် မျိုးစိတ် များ၏ မျိုးပွားရာသီတွင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှုများကြောင့် သြဂုတ်လအတွင်း ရက်အနည်းငယ်မှအပ ကွင်းဆင်းလုပ်ငန်းများကို အပြည့်အဝ လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း ဒေသခံများနှင့် ချိတ်ဆက်မှုများ အမြဲမပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
 
 
ထို့ပြင် ကြိုးကြာခေါင်းနီငှက် အသိုက်စာရင်း ကောက်ယူမှု လုပ်ငန်းများကို ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေး
အဖွဲ့နှင့်ပူးပေါင်း၍ ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
 
ဝေဝေဖြိုး
#TheFifthWave
(Zawgyi)
 
 
ယခုႏွစ္တြင္ ႀကိဳးၾကာအသိုက္ စာရင္းေကာက္ယူ မႈ လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ ဩဂုတ္လ ႏွင့္ စက္တင္ဘာလအတြင္း ပူးေပါင္းေဆာင္႐ြက္မႈ မ်ားအရ ႀကိဳးၾကာ ေခါင္းနီငွက္ အသိုက္ (၁၁၅) သိုက္ကို စာရင္း ေကာက္ယူ မွတ္တမ္းတင္ႏိုင္ ခဲ့ေၾကာင္း သားငွက္ထိန္းသိမ္းေရးအဖြဲ႕(ျမန္မာႏိုင္ငံအစီစဥ္)မွ သိရသည္။
 
ႀကိဳးၾကာအသိုက္စာရင္း ေကာက္ယူမႈ လုပ္ငန္းမ်ား ကို ၂၀၂၀ ခုႏွစ္ မ်ိဳးပြား ရာသီအတြင္း ဧရာဝတီတိုင္း ေဒသႀကီးရွိ မအူပင္ႏွင့္ဝါးခယ္မၿမိဳ႕နယ္မ်ားတြင္ အဓိကထား လုပ္ေဆာင္လ်က္ရွိၿပီး မအူပင္ၿမိဳ႕နယ္ တြင္ အသိုက္ (၁၉) သိုက္ ႏွင့္ ထိုအသိုက္မ်ားမွ အေကာင္ေပါက္ (၃) ေကာင္၊ ဝါးခယ္မ ၿမိဳ႕နယ္တြင္ (၉၆) သိုက္ ႏွင့္ ထို အသိုက္မ်ားမွ အေကာင္ေပါက္ (၅၇) ေကာင္ကို စာရင္း ေကာက္ယူ မွတ္တမ္း တင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
 
အဆိုပါ ႀကိဳးၾကာအသိုက္စာရင္းေကာက္ယူမႈ မ်ားကို ေဒသခံမ်ား၊ က်ဳံကျပင္-တက္ဆိပ္ ေဒသခံ သားငွက္ ထိန္းသိမ္းေရးအဖြဲ႕မ်ား ႏွင့္ သားငွက္ထိန္းသိမ္းေရးအဖြဲ႕(ျမန္မာႏိုင္ငံအစီစဥ္)တို႔ ပူးေပါင္း၍ ယခုႏွစ္ ႀကိဳးၾကာေခါင္းနီငွက္ မ်ိဳးပြားရာသီတြင္ စုစုေပါင္း အသိုက္ (၁၁၅) သိုက္ကို မွတ္တမ္းတင္ ရရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
 
 
၂၀၂၀ ခုႏွစ္ ႀကိဳးၾကာေခါင္းနီငွက္ မ်ိဳးစိတ္ မ်ား၏ မ်ိဳးပြားရာသီတြင္ COVID-19 ကူးစက္ေရာဂါ ျဖစ္ပြားမႈမ်ားေၾကာင့္ ၾသဂုတ္လအတြင္း ရက္အနည္းငယ္မွအပ ကြင္းဆင္းလုပ္ငန္းမ်ားကို အျပည့္အဝ လုပ္ကိုင္ ေဆာင္႐ြက္ႏိုင္ျခင္း မရွိခဲ့ေသာ္လည္း ေဒသခံမ်ားႏွင့္ ခ်ိတ္ဆက္မႈမ်ား အၿမဲမျပတ္ ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
 
 
ထို႔ျပင္ ႀကိဳးၾကာေခါင္းနီငွက္ အသိုက္စာရင္း ေကာက္ယူမႈ လုပ္ငန္းမ်ားကို က်ဳံကျပင္-တက္ဆိပ္ ေဒသခံသားငွက္ထိန္းသိမ္းေရး
အဖြဲ႕ႏွင့္ပူးေပါင္း၍ ဆက္လက္လုပ္ကိုင္သြားမည္ ျဖစ္ေၾကာင္းသိရသည္။
 
ေဝေဝၿဖိဳး
#TheFifthWave

Leave a Reply