ဘန္ေကာက္ၿမိဳ႕တြင္ ဆႏၵျပမည့္အစီအစဥ္မ်ားေၾကာင့္ လူထုသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအခ်ိဳ႕ ဆိုင္းငံ့

0
22

ဘန်ကောက်မြို့တွင် ဆန္ဒပြမည့်အစီအစဉ်များကြောင့် လူထုသယ်ယူပို့ဆောင်ရေးလုပ်ငန်းအချို့ ဆိုင်းငံ့

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသမားများက အောက်တိုဘာလ ၁၇ ရက် ဆန္ဒပြမှုများ ထပ်မံပြုလုပ်ရန် စီစဉ်မှုများကြောင့် မွန်းလွဲပိုင်း၌ မြို့အတွင်းလူထုသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆိုင်းငံ့မှု (သို့မဟုတ်)ရပ်ဆိုင်းမှုများပြုလုပ်ထားသည်ကိုတွေ့ရကြောင်း သတင်းများက ဖေါ်ပြခဲ့ကြသည်။

MRT Blue line ခေါ် ဘန်ကောက်မြို့၏ မြေအောက်ရထားလမ်းပြေးဆွဲမှုကို အောက်တိုဘာလ ၁၇ ရက်၊မွန်းလွဲ ၁၂း၃၀ နာရီမှစ၍ အကြောင်းတစ်စုံတရာမဖေါ်ပြဘဲ ရပ်ဆီုင်းထားကာ ဘူတာ များအားလုံးကိုလည်းပိတ်ထားပြီး ဘန်ကောက်မြို့ဆင်ခြေဖုံးသို့ပြေးဆွဲနေသည့် မိုးပျံ ရထားလိုင်း ဖြစ် သော MRT Purple Line ကမူ ဆက်လက်ပြေးဆွဲနေကြောင်းသိရသည်။

ဘန်ကောက်မြို့လယ်သို့ဖြတ်သန်းပြေးဆွဲသည့် BTS မိုးပျံရထားလိုင်းတွင်လည်း မြို့လယ်ပိုင်းကျ သော ဘူတာရုံ ၁၄ ခုကို မွန်းလွဲ ၁၄း၃၀ နာရီမှစ၍ ပိတ်ထားမည်ဟုကြေညာထားသည်၊ထို့အတူ ဘန် ကောက်မြို့လယ် Phaya Thai ဘူတာမှ ဘန်ကောက်မြို့၏ သုဝဏ္ဏဘူမိလေဆိပ်သို့ပြေးဆွဲသောမိုးပျံ ရထား လမ်းကိုလည်း ရပ်ဆိုင်းထားပြီး ရဲတပ်ဖွဲ့ဝင်များကို Victory Monument လမ်းဆုံနှင့် Asok ဘူတာလမ်းဆုံတို့တွင်ဖြတ်တောက်နေရာချထားသည်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြသမားများက အောက်တိုဘာလ ၁၇ ရက်တွင်ဆက်တိုက်ဆန္ဒပြမှု စတုတ္ထနေ့ အဖြစ် ညနေ ၄ နာရီတွင် ဆန္ဒပြမှုများပြုလုပ်သွားရန်စီစဉ်ထားကြသည်။

Ref——-Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews
ဘန်ကောက်မြို့တွင်းပြေးဆွဲနေသော မိုးပျံရထားတစ်စီးကိုတွေ့ရစဉ်၊(photo—–Bangkok Post)

 

(zawgyi)

ဘန္ေကာက္ၿမိဳ႕တြင္ ဆႏၵျပမည့္အစီအစဥ္မ်ားေၾကာင့္ လူထုသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းအခ်ိဳ႕ ဆိုင္းငံ့

ထိုင္းႏိုင္ငံ၊ဘန္ေကာက္ၿမိဳ႕တြင္ အစိုးရဆန္႔က်င္ေရးဆႏၵျပသမားမ်ားက ေအာက္တိုဘာလ ၁၇ ရက္ ဆႏၵျပမႈမ်ား ထပ္မံျပဳလုပ္ရန္ စီစဥ္မႈမ်ားေၾကာင့္ မြန္းလဲြပိုင္း၌ ၿမိ္ဳ႕အတြင္းလူထုသယ္ယူပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို ဆိုင္းငံ့မႈ (သို႔မဟုတ္)ရပ္ဆိုင္းမႈမ်ားျပဳလုပ္ထားသည္ကိုေတြ႕ရေၾကာင္း သတင္းမ်ားက ေဖၚျပခဲ့ၾကသည္။

MRT Blue line ေခၚ ဘန္ေကာက္ၿမိဳ႕၏ ေျမေအာက္ရထားလမ္းေျပးဆဲြမႈကို ေအာက္တိုဘာလ ၁၇ ရက္၊မြန္းလဲြ ၁၂း၃၀ နာရီမွစ၍ အေၾကာင္းတစ္စံုတရာမေဖၚျပဘဲ ရပ္ဆီုင္းထားကာ ဘူတာ မ်ားအားလံုးကိုလည္းပိတ္ထားၿပီး ဘန္ေကာက္ၿမိဳ႕ဆင္ေျခဖံုးသို႕ေျပးဆဲြေနသည့္ မိုးပ်ံ ရထားလိုင္း ျဖစ္ ေသာ MRT Purple Line ကမူ ဆက္လက္ေျပးဆဲြေနေၾကာင္းသိရသည္။

ဘန္ေကာက္ၿမိဳ႕လယ္သို႕ျဖတ္သန္းေျပးဆဲြသည့္ BTS မိုးပ်ံရထားလိုင္းတြြင္လည္း ၿမိဳ႕လယ္ပိုင္းက် ေသာ ဘူတာရံု ၁၄ ခုကို မြန္းလဲြ ၁၄း၃၀ နာရီမွစ၍ ပိတ္ထားမည္ဟုေၾကညာထားသည္၊ထို႔အတူ ဘန္ ေကာက္ၿမိဳ႕လယ္ Phaya Thai ဘူတာမွ ဘန္ေကာက္ၿမိဳ႕၏ သုဝဏၰဘူမိေလဆိပ္သို႔ေျပးဆဲြေသာမိုးပ်ံ ရထား လမ္းကိုလည္း ရပ္ဆိုင္းထားၿပီး ရဲတပ္ဖဲြ႕ဝင္မ်ားကို Victory Monument လမ္းဆံုႏွင့္ Asok ဘူတာလမ္းဆံုတို႕တြင္ျဖတ္ေတာက္ေနရာခ်ထားသည္။

အစိုးရဆန္႔က်င္ေရးဆႏၵျပသမားမ်ားက ေအာက္တိုဘာလ ၁၇ ရက္တြင္ဆက္တိုက္ဆႏၵျပမႈ စတုတၳေန႔ အျဖစ္ ညေန ၄ နာရီတြင္ ဆႏၵျပမႈမ်ားျပဳလုပ္သြားရန္စီစဥ္ထားၾကသည္။

Ref——-Bangkok Post
Translated by Htwe Ko Tun
#TheFifthWaveNews
ဘန္ေကာက္ၿမိဳ႕တြင္းေျပးဆဲြေနေသာ မိုးပ်ံရထားတစ္စီးကိုေတြ႕ရစဥ္၊(photo—–Bangkok Post)

 

Leave a Reply