COVID-19ရောဂါကုသရန်သွေးရည်ကြည်အလှူရှင်များ ဖိတ်ခေါ်

0
22
COVID-19ရောဂါကုသရန်သွေးရည်ကြည်အလှူရှင်များ
ဖိတ်ခေါ်
=====================================
COVID-19ရောဂါပိုးကူးစက်ခံရပြီးရောဂါပျောက်ကင်းသူများ၏သွေးရည်ကြည်ထဲတွင်ကိုရိုနာဗိုင်းရပ်(စ်)ပိုး(Severe Acute Respiratory Syndrome Coronavirus 2 – SARS-CoV-2)ကို ခုခံကာကွယ်နိုင်သော ပဋိပစ္စည်း (Antbody) များ ကျန်ရစ်သည့် ၎င်းတို့၏ သွေးရည်ကြည် (ConvalescencePlasma)အားအသုံးပြု၍COVID-19ရောဂါပြင်းထန်သောလူနာများကိုကုသရာတွင်ရောဂါသက်သာပျောက်ကင်းရန်အထောက်အကူပြုကြောင်းတွေ့ရှိရသဖြင့်သွေးရည်ကြည်အလှူရှင်များကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဖိတ်ခေါ်ထားသည်။
 
ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈)ရက်တိတိပကတိပြန်လည်နေထိုင်ကောင်းလာသူများအနေနှင့် ၎င်းတို့၏သွေးရည်ကြည်ကို လှူဒါန်းခြင်းဖြင့် ကိုဗစ်ရောဂါပြင်းထန်စွာခံစားနေသောလူနာများ၏အသက်ကိုကယ်တင်ပေးနိုင်မည်ဖြစ်ပြီးသွေးရည်ကြည်အလှူရှင်ထံမှ သွေးရည်ကြည်ထုတ်ယူရာတွင် ယခုအခါ သွေးရည် ကြည်ထုတ်စက် (Apheresis machine) ကို အသုံးပြု၍ သွေးရည်ကြည် (၄၀၀)စီစီမှ (၆၀၀)စီစီအထိ ထုတ်ယူ နိုင်၍ လူနာ(၂)ဦးမှ (၃)ဦးအတွက် အသုံးပြုနိုင်မည်ဖြစ် ကြောင်းသိရသည်။
 
သွေးရည်ကြည် လှူဒါန်းရာတွင်အလှူရှင်၏သွေးနီဥများကို အလှူရှင်၏ကိုယ်ခန္ဓာတွင်းသို့စက်မှတစ်ဆင့်ပြန်လည်သွင်းပေးခြင်းဖြင့်သွေးရည်ကြည်အလှူရှင်မှာသွေးအားလျော့နည်းသွားခြင်း မရှိကြောင်း၊သွေးရည်ကြည်လှူဒါန်းခြင်းကို (၂)ပါတ်မှ (၄)ပါတ် တစ်ကြိမ် (၃)ကြိမ်ထိ လှူဒါန်းနိုင်၍ သွေးရည်ကြည်လှူဒါန်းသူတစ်ဦးမှ တစ်ဦးထက်မကသော COVID-19လူနာများ၏အသက်များကိုကယ်တင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
 
သွေးရည်ကြည်အလှူရှင်သည် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈) ရက်ထက်မနည်း နေကောင်းနေသူ” ဖြစ်ရပါမည်။ အသက်(၁၈)နှစ်မှ (၆၀)နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား) နှင့် ပေါင် ၁၁၀ (မ) အနည်းဆုံးရှိရပါသည်။
 
အမျိုးသားသွေးဌာနမှCOVID-19ရောဂါမှပြန်လည်ကောင်းမွန်သူများ၏ သွေးရည်ကြည် စုဆောင်းသည့်လုပ်ငန်းကို ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ဦးဝိစာရလမ်း၊ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင်သွေးရည်ကြည်လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားရှိ ရာ COVID-19 ရောဂါပြင်းထန်သောလူနာများ၏အသက်ကိုကယ်တင်နိုင်ရန် စေတနာရှင် သွေးရည်ကြည် အလှူရှင်များကို ဖိတ်ခေါ်ထားသည်။
 
သွေးရည်ကြည်လှူဒါန်းရန် အောက်ပါဖုန်းနံပါတ်များနှင့် Website တို့ကို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
 
• ၀၉ -၅၁၃၀၄၁၈
• ၀၉-၅၄၀၂၀၉၈
• ၀၉-၉၆၅၁၃၀၄၁၈
• www.donatebloodmyanmar.org
 
HM
#TheFifthwave
 
(Zawgyi)
 
=====================================
COVID-19ရောဂါပိုးကူးစက်ခံရပြီးရောဂါပျောက်ကင်းသူများ၏သွေးရည်ကြည်ထဲတွင်ကိုရိုနာဗိုင်းရပ်(စ်)ပိုး(Severe Acute Respiratory Syndrome Coronavirus 2 – SARS-CoV-2)ကို ခုခံကာကွယ်နိုင်သော ပဋိပစ္စည်း (Antbody) များ ကျန်ရစ်သည့် ၎င်းတို့၏ သွေးရည်ကြည် (ConvalescencePlasma)အားအသုံးပြု၍COVID-19ရောဂါပြင်းထန်သောလူနာများကိုကုသရာတွင်ရောဂါသက်သာပျောက်ကင်းရန်အထောက်အကူပြုကြောင်းတွေ့ရှိရသဖြင့်သွေးရည်ကြည်အလှူရှင်များကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဖိတ်ခေါ်ထားသည်။
 
ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈)ရက်တိတိပကတိပြန်လည်နေထိုင်ကောင်းလာသူများအနေနှင့် ၎င်းတို့၏သွေးရည်ကြည်ကို လှူဒါန်းခြင်းဖြင့် ကိုဗစ်ရောဂါပြင်းထန်စွာခံစားနေသောလူနာများ၏အသက်ကိုကယ်တင်ပေးနိုင်မည်ဖြစ်ပြီးသွေးရည်ကြည်အလှူရှင်ထံမှ သွေးရည်ကြည်ထုတ်ယူရာတွင် ယခုအခါ သွေးရည် ကြည်ထုတ်စက် (Apheresis machine) ကို အသုံးပြု၍ သွေးရည်ကြည် (၄၀၀)စီစီမှ (၆၀၀)စီစီအထိ ထုတ်ယူ နိုင်၍ လူနာ(၂)ဦးမှ (၃)ဦးအတွက် အသုံးပြုနိုင်မည်ဖြစ် ကြောင်းသိရသည်။
 
သွေးရည်ကြည် လှူဒါန်းရာတွင်အလှူရှင်၏သွေးနီဥများကို အလှူရှင်၏ကိုယ်ခန္ဓာတွင်းသို့စက်မှတစ်ဆင့်ပြန်လည်သွင်းပေးခြင်းဖြင့်သွေးရည်ကြည်အလှူရှင်မှာသွေးအားလျော့နည်းသွားခြင်း မရှိကြောင်း၊သွေးရည်ကြည်လှူဒါန်းခြင်းကို (၂)ပါတ်မှ (၄)ပါတ် တစ်ကြိမ် (၃)ကြိမ်ထိ လှူဒါန်းနိုင်၍ သွေးရည်ကြည်လှူဒါန်းသူတစ်ဦးမှ တစ်ဦးထက်မကသော COVID-19လူနာများ၏အသက်များကိုကယ်တင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
 
သွေးရည်ကြည်အလှူရှင်သည် ကိုရိုနာဗိုင်းရပ်(စ်)ပိုး (SARS-CoV-2) ကူးစက်ခံရပြီး (၂၈) ရက်ထက်မနည်း နေကောင်းနေသူ” ဖြစ်ရပါမည်။ အသက်(၁၈)နှစ်မှ (၆၀)နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ကိုယ်အလေးချိန် ပေါင် ၁၂၀ (ကျား) နှင့် ပေါင် ၁၁၀ (မ) အနည်းဆုံးရှိရပါသည်။
 
အမျိုးသားသွေးဌာနမှCOVID-19ရောဂါမှပြန်လည်ကောင်းမွန်သူများ၏ သွေးရည်ကြည် စုဆောင်းသည့်လုပ်ငန်းကို ဆောင်ရွက်နေပြီး ရန်ကုန်မြို့၊ဦးဝိစာရလမ်း၊ဇီဝကလမ်းခွဲရှိ ဆေးသုတေသနဦးစီးဌာနတွင်သွေးရည်ကြည်လှူဒါန်းနိုင်ရန် သီးသန့်အခန်း ဖွင့်လှစ်ထားရှိ ရာ COVID-19 ရောဂါပြင်းထန်သောလူနာများ၏အသက်ကိုကယ်တင်နိုင်ရန် စေတနာရှင် သွေးရည်ကြည် အလှူရှင်များကို ဖိတ်ခေါ်ထားသည်။
 
သွေးရည်ကြည်လှူဒါန်းရန် အောက်ပါဖုန်းနံပါတ်များနှင့် Website တို့ကို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
 
• ၀၉ -၅၁၃၀၄၁၈
• ၀၉-၅၄၀၂၀၉၈
• ၀၉-၉၆၅၁၃၀၄၁၈
• www.donatebloodmyanmar.org
HM
#TheFifthWave

Leave a Reply