မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေငြက်ပ္ ၅၆၇၆ သိန္းတန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

0
9

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅၆၇၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅၆၇၆ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၅ ရက် ည ၁၀ နာရီခွဲ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အတာဦး (ခ) ချက်ဖောင်း မောင်းနှင်လာသည့် FOTON အမျိုးအစားမော်တော်ယာဉ်နှင့် အဆိုပါမော်တော်ယာဉ်မှ ကြိုးဖြင့်ဆွဲလာသည့် နေမင်းထန်း(ခ)ကန်ချား ထိန်းသိမ်းလိုက်ပါလာသည့် HYUNDAI အမျိုးအစားမော်တော်ယာဉ်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့သည် ။

ယင်းသို့ ရပ်တန့်ခိုင်းခဲ့စဉ် နေမင်းထွန်း(ခ)ကန်ချားမှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ၎င်းမော်တော်ယာဉ် နှစ်စီးအား စစ်ဆေးရှာဖွေရာ HYUNDAI အမျိုးအစားမော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူအလေးချိန် ၉ဒသမ၄၆ ကီလို သိမ်းဆည်းရမိခဲ့သည် ။

ကွင်းဆက်အရ ည ၁၁နာရီခွဲတွင်ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁ဝ)၊ မြတ်လေးလမ်းရှိ စည်သူအောင် နှင့် ၊ ည ၁၁ :၄၅ အချိန်တွင် အဆိုပါရပ်ကွက်ရှိ သီလာဂီရိ(ခ)ရာဂျူး(ခ)ကန်ချော အပါအဝင် အောက်တိုဘာလ ၁၆ ရက်နေ့ ၂:၃ဝ အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ ရက်ကွက်ကြီး(၃)၊ ၆ လမ်းဆုံအနီးရှိ ကျော်မိုးနိုင်(ခ)အငယ်လေး နှင့် အတာဦး(ခ)ချက်ဖောင်း ၊ စည်သူအောင် ၊ သီလာဂီရိ(ခ)ရာဂျူး(ခ)ကန်ချော ၊ ကျော်မိုးနိုင်(ခ)အငယ်လေး တို့ကို ဖမ်းဆီးရမိခဲ့သည် ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နေသူရိန်လင်း
#TheFifthWaveNews

(Zawgyi)

 

မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေငြက်ပ္ ၅၆၇၆ သိန္းတန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

မႏၲေလးတိုင္းေဒသႀကီး ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေငြက်ပ္ ၅၆၇၆ သိန္းတန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၅ ရက္ ည ၁၀ နာရီခြဲ အခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာေက်း႐ြာ၊ (၁၆)မိုင္ပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ အတာဦး (ခ) ခ်က္ေဖာင္း ေမာင္းႏွင္လာသည့္ FOTON အမ်ိဳးအစားေမာ္ေတာ္ယာဥ္ႏွင့္ အဆိုပါေမာ္ေတာ္ယာဥ္မွ ႀကိဳးျဖင့္ဆြဲလာသည့္ ေနမင္းထန္း(ခ)ကန္ခ်ား ထိန္းသိမ္းလိုက္ပါလာသည့္ HYUNDAI အမ်ိဳးအစားေမာ္ေတာ္ယာဥ္တို႔အား စစ္ေဆးရန္ရပ္တန္႔ခိုင္းခဲ့သည္ ။

ယင္းသို႔ ရပ္တန္႔ခိုင္းခဲ့စဥ္ ေနမင္းထြန္း(ခ)ကန္ခ်ားမွာ ထြက္ေျပးလြတ္ေျမာက္သြားသျဖင့္ ၎ေမာ္ေတာ္ယာဥ္ ႏွစ္စီးအား စစ္ေဆးရွာေဖြရာ HYUNDAI အမ်ိဳးအစားေမာ္ေတာ္ယာဥ္အတြင္းမွ ဘိန္းျဖဴအေလးခ်ိန္ ၉ဒသမ၄၆ ကီလို သိမ္းဆည္းရမိခဲ့သည္ ။

ကြင္းဆက္အရ ည ၁၁နာရီခြဲတြင္ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရပ္ကြက္ႀကီး(၁ဝ)၊ ျမတ္ေလးလမ္းရွိ စည္သူေအာင္ ႏွင့္ ၊ ည ၁၁ :၄၅ အခ်ိန္တြင္ အဆိုပါရပ္ကြက္ရွိ သီလာဂီရိ(ခ)ရာဂ်ဴး(ခ)ကန္ေခ်ာ အပါအဝင္ ေအာက္တိုဘာလ ၁၆ ရက္ေန႔ ၂:၃ဝ အခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ရက္ကြက္ႀကီး(၃)၊ ၆ လမ္းဆုံအနီးရွိ ေက်ာ္မိုးႏိုင္(ခ)အငယ္ေလး ႏွင့္ အတာဦး(ခ)ခ်က္ေဖာင္း ၊ စည္သူေအာင္ ၊ သီလာဂီရိ(ခ)ရာဂ်ဴး(ခ)ကန္ေခ်ာ ၊ ေက်ာ္မိုးႏိုင္(ခ)အငယ္ေလး တို႔ကို ဖမ္းဆီးရမိခဲ့သည္ ။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သတ္ၿပီး ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ေနသူရိန္လင္း
#TheFifthWaveNews

Leave a Reply