အင္းယားစင္တာမွ ကိုဗစ္-၁၉ လူနာ ၁၈၀ ေက်ာ္ကို ထပ္မံ အိမ္ျပန္ခြင့္ျပဳ

0
29

အင်းယားစင်တာမှ ကိုဗစ်-၁၉ လူနာ ၁၈၀ ကျော်ကို ထပ်မံ အိမ်ပြန်ခွင့်ပြု

အင်းယားစင်တာမှ ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ လူနာ ၁၈၀ ကျော်ကို သတ်မှတ်ချက် များနှင့်အညီ အိမ်ပြန်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ယင်းစင်တာမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၏ အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် ဒုတိယအကြိမ်အဖြစ် လူနာ (၁၈၂)ဦးကို အောက်တိုဘာလ (၁၇)ရက်က အိမ်ပြန်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါ အိမ်ပြန်ခွင့်ရရှိသူ (၁၈၂)ဦးကို တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) နှင့် ငါးသေတ္တာနှစ်ဗူးစီကို လှူဒါန်းပေးခဲ့ပြီး ပြန်ခွင့်ရသူများကို အင်းယား စင်တာ၏ စီစဉ်ပေးမှုနှင့် သက်ဆိုင်ရာ မြို့နယ်များ အလိုက် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။

ထို့ပြင် အောက်တိုဘာလ (၁၆) ရက်ကလည်း အင်းယားစင်တာမှ လူနာ (၁၀၁) ဦးကို သတ်မှတ်ချက်များနှင့်အညီ ပထမဆုံးအကြိမ် စင်တာမှ ဆင်းခွင့်ပြုခဲ့သောကြောင့် အောက်တို ဘာလ ၁၇ ရက်အထိ ကိုဗစ်လူနာ ၂၈၂ ဦးသည် အင်းယားစင်တာမှ အိမ်ပြန်ခွင့်ရခဲ့ပြီဖြစ်သည်။

ဝေဝေဖြိုး
#TheFifthWaveNews

 

(zawgyi)

 

အင္းယားစင္တာမွ ကိုဗစ္-၁၉ လူနာ ၁၈၀ ေက်ာ္ကို ထပ္မံ အိမ္ျပန္ခြင့္ျပဳ

အင္းယားစင္တာမွ ဒုတိယအႀကိမ္အျဖစ္ ကိုဗစ္-၁၉ လူနာ ၁၈၀ ေက်ာ္ကို သတ္မွတ္ခ်က္ မ်ားႏွင့္အညီ အိမ္ျပန္ခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း ယင္းစင္တာမွ သိရသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္မႈ၊ ရန္ကုန္တိုင္းေဒသႀကီး Covid 19 ကာကြယ္ထိန္းခ်ဳပ္ကုသေရးႏွင့္ ေပါင္းစပ္ ညႇိႏႈိင္းေရးေကာ္မတီ၏ အနီးကပ္ႀကီးၾကပ္ ကြပ္ကဲမႈျဖင့္ ဒုတိယအႀကိမ္အျဖစ္ လူနာ (၁၈၂)ဦးကို ေအာက္တိုဘာလ (၁၇)ရက္က အိမ္ျပန္ခြင့္ ျပဳလိုက္ျခင္းျဖစ္သည္။

အဆိုပါ အိမ္ျပန္ခြင့္ရရွိသူ (၁၈၂)ဦးကို တစ္ဦးလွ်င္ ေငြက်ပ္ (၅၀၀၀၀) ႏွင့္ ငါးေသတၱာႏွစ္ဗူးစီကို လႉဒါန္းေပးခဲ့ၿပီး ျပန္ခြင့္ရသူမ်ားကို အင္းယား စင္တာ၏ စီစဥ္ေပးမႈႏွင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္မ်ား အလိုက္ အိမ္တိုင္ရာေရာက္ လိုက္လံပို႔ေဆာင္ ေပးခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ေအာက္တိုဘာလ (၁၆) ရက္ကလည္း အင္းယားစင္တာမွ လူနာ (၁၀၁) ဦးကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ ပထမဆုံးအႀကိမ္ စင္တာမွ ဆင္းခြင့္ျပဳခဲ့ေသာေၾကာင့္ ေအာက္တို ဘာလ ၁၇ ရက္အထိ ကိုဗစ္လူနာ ၂၈၂ ဦးသည္ အင္းယားစင္တာမွ အိမ္ျပန္ခြင့္ရခဲ့ၿပီျဖစ္သည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply