ဧရာဝတီေဖာင္ေဒးရွင္းက ျပည္ပမွ ေဒၚလာႏွစ္သန္း တန္ဖိုးရွိ ေဆး႐ုံသုံးပစၥည္းမ်ားဝယ္ယူမည္

0
26

ဧရာဝတီဖောင်ဒေးရှင်းက ပြည်ပမှ ဒေါ်လာနှစ်သန်း တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများဝယ်ယူမည်

ဧရာဝတီဖောင်ဒေးရှင်းက ပြည်ပမှ ဒေါ်လာနှစ်သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများဝယ်ယူရန် ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Covid-19 ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁၂၅၀)၊ ICU/HDU ကုတင် (၂၀၀)၊ ICU/HDU Monitor နှင့် Wireless Control System များ၊ ဆေးရုံအဆောက်အဦ အဖြစ် အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာ နှစ်သန်းဖိုး ဝယ်ယူ တင်သွင်းသွားမည် ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းမှ သိရသည်။

ထိုကဲ့သို့ ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာ အုပ်စုမှ အမေရိကန်ဒေါ်လာ (၂)သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီး ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ကာ ကြိုတင်ဝယ်ယူ ထားသော အချို့ပစ္စည်းများမှာ တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည်ဖြစ်ပြီး ရက်သတ္တပတ် သုံးပတ်ကြာတွင် မှာယူထားသော ပစ္စည်းများ အားလုံး ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ကုတင်(၁၀၀၀) နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့ပြင် လက်ရှိအချိန်ထိ စေတနာရှင်အားလုံး၏ လှူဒါန်း ငွေကျပ် (၁ ဒသမ ၄)ဘီလီယံနှင့် ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန် ပစ္စည်းလှူဒါန်းမှု (၁ ဒသမ ၁)ဘီလီယံကို လက်ခံရရှိခဲ့ရာ အလှူရှင်များ၏ လှူဒါန်းမှု အစုစုကို အလေအလွင့် မရှိအောင် စနစ်တကျ အကျိုးရှိရှိသုံးစွဲပြီး စာရင်းဇယားများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဦးဇော်ဇော်က သူ၏ facebook စာမျက်နှာတွင် ရေးသား ထားသည်။

ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ကိုဗစ် ပထမလှိုင်းတွင် ကျပ် (၃ ဒသမ ၅)ဘီလီယံနှင့် ဒုတိယလှိုင်း အတွက် ကျပ်(၅ ဒသမ ၅)ဘီလီယံ စုစုပေါင်း ကျပ် (၉)ဘီလီယံ လှူဒါန်းခဲ့ပြီး အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှု ကျပ်
(၂ ဒသမ ၅)ဘီလီယံကိုလည်း လက်ခံရရှိပြီး ဖြစ်ကြောင်းသိရသည်။

ဝေဝေဖြိုး
#TheFifthWaveNews

 

(zawgyi)

 

ဧရာဝတီေဖာင္ေဒးရွင္းက ျပည္ပမွ ေဒၚလာႏွစ္သန္း တန္ဖိုးရွိ ေဆး႐ုံသုံး ပစၥည္းမ်ားဝယ္ယူရန္ ဝယ္ယူတင္သြင္းေပးမည့္ ကုမၸဏီမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Covid-19 ကာကြယ္ကုသေရးအတြက္ လိုအပ္ေသာ ေဆး႐ုံသုံးကုတင္ (၁၂၅၀)၊ ICU/HDU ကုတင္ (၂၀၀)၊ ICU/HDU Monitor ႏွင့္ Wireless Control System မ်ား၊ ေဆး႐ုံအေဆာက္အဦ အျဖစ္ အသုံးျပဳႏိုင္မည့္ Tent မ်ား၊ Liquid Oxygen Storage Tank (20 Tons) ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ PPE ႏွင့္ N95 Mask မ်ားကို ျပည္ပႏိုင္ငံမ်ားမွ ေဒၚလာ ႏွစ္သန္းဖိုး ဝယ္ယူ တင္သြင္းသြားမည္ ျဖစ္ေၾကာင္း ဧရာဝတီေဖာင္ေဒးရွင္းမွ သိရသည္။

ထိုကဲ့သို႔ ဝယ္ယူရန္ AYA Bank ႏွင့္ မက္စ္ျမန္မာ အုပ္စုမွ အေမရိကန္ေဒၚလာ (၂)သန္းကို ဧရာဝတီေဖာင္ေဒးရွင္းသို႔ ထပ္မံလႉဒါန္းခဲ့ၿပီး ဝယ္ယူတင္သြင္းေပးမည့္ ကုမၸဏီမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ကာ ႀကိဳတင္ဝယ္ယူ ထားေသာ အခ်ိဳ႕ပစၥည္းမ်ားမွာ တစ္ပတ္အတြင္း စတင္ေရာက္ရွိလာမည္ျဖစ္ၿပီး ရက္သတၱပတ္ သုံးပတ္ၾကာတြင္ မွာယူထားေသာ ပစၥည္းမ်ား အားလုံး ေရာက္ရွိလာမည္ ျဖစ္ေၾကာင္း သိရသည္။

ဧရာဝတီေဖာင္ေဒးရွင္းသည္ Covid-19 အခက္အခဲကို ေက်ာ္လႊားႏိုင္ရန္အတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ဦးေဆာင္မႈျဖင့္ ကုတင္(၁၀၀၀) ႏွင့္ Test and Care ဧရာဝတီစင္တာကို ဆရာဝန္၊ သူနာျပဳ၊ ေစတနာ့ဝန္ထမ္း စုစုေပါင္း (၇၀၀)ေက်ာ္ျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ လက္ရွိအခ်ိန္ထိ ေစတနာရွင္အားလုံး၏ လႉဒါန္း ေငြက်ပ္ (၁ ဒသမ ၄)ဘီလီယံႏွင့္ ေဆးဝါး၊ အစားအေသာက္၊ လူသုံးကုန္ ပစၥည္းလႉဒါန္းမႈ (၁ ဒသမ ၁)ဘီလီယံကို လက္ခံရရွိခဲ့ရာ အလႉရွင္မ်ား၏ လႉဒါန္းမႈ အစုစုကို အေလအလြင့္ မရွိေအာင္ စနစ္တက် အက်ိဳးရွိရွိသုံးစြဲၿပီး စာရင္းဇယားမ်ားကို ပြင့္လင္းျမင္သာစြာ ထုတ္ျပန္ေပးသြားမည္ ျဖစ္ေၾကာင္း ဦးေဇာ္ေဇာ္က သူ၏ facebook စာမ်က္ႏွာတြင္ ေရးသား ထားသည္။

ဧရာဝတီေဖာင္ေဒးရွင္းအေနျဖင့္ ကိုဗစ္ ပထမလႈိင္းတြင္ က်ပ္ (၃ ဒသမ ၅)ဘီလီယံႏွင့္ ဒုတိယလႈိင္း အတြက္ က်ပ္(၅ ဒသမ ၅)ဘီလီယံ စုစုေပါင္း က်ပ္ (၉)ဘီလီယံ လႉဒါန္းခဲ့ၿပီး အလႉရွင္မ်ား၏ စုေပါင္းလႉဒါန္းမႈ က်ပ္
(၂ ဒသမ ၅)ဘီလီယံကိုလည္း လက္ခံရရွိၿပီး ျဖစ္ေၾကာင္းသိရသည္။

ေဝေဝၿဖိဳး
#TheFifthWaveNews

Leave a Reply