ကုန္တင္ယာဥ္ေမာင္းမ်ားႏွင့္ယာဥ္ေနာက္ လိုက္မ်ား COVID-19 စစ္ေဆးရန္ Call Center သို႔ ႀကိဳတင္စာရင္းေပးသြင္းႏိုင္

0
14

ကုန်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက် လိုက်များ COVID-19 စစ်ဆေးရန် Call Center သို့ ကြိုတင်စာရင်းပေးသွင်းနိုင်

ကုန်တင်ယာဉ် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ COVID-19 ရောဂါ ကင်းရှင်းကြောင်း စစ်ဆေးရာတွင် လွယ်ကူအဆင်ပြေစွာဖြင့် ဆောင်ရွက်နိုင်ရန် Call Center ဖွင့်လှစ်ထားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ရေး စီစဉ်ထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ကုန်တင်ယာဉ် ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များသည် ရန်ကုန်မြို့သို့ မထွက်ခွာမီနှင့် ရန်ကုန်မြို့သို့ မဝင်ရောက်မီ တစ်ရက်ကြိုတင်၍ Call Center သို့ ဖုန်းဖြင့်ဆက်သွယ်ကာကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အလွယ်တကူ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကြိုတင်စာရင်းပေးသွင်းနိုင်ရန် Call Center ဖုန်းနံပါတ် “2019” သို့ ခေါ်ဆိုပြီး လိုင်းခွဲ ၃ ကို နှိပ်ရမည်ဖြစ်ပြီး ဆေးစစ်မှုခံယူမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ ကိုယ်ရေးအချက်အလက်များဖြစ်သော အမည်၊ အသက်၊ ကျား/မ၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ (လက်ရှိနေထိုင်သောလိပ်စာနှင့် အမြဲတမ်းနေထိုင်ရာလိပ်စာ)၊ ကားလိုင်စင်၊ ရန်ကုန်သို့ အဝင် (သို့မဟုတ်) အထွက် စသည်တို့ကို ပြည့်စုံစွာပေးပြီး ကြိုတင်စာရင်းပေးသွင်း (Booking) နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Call Center ကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်အရ ကုန်သည်စက်မှုအသင်းချုပ်၏ စီမံပံ့ပိုးမှုဖြင့် ၁၉ ရက်မှ စတင်၍ နေ့စဥ် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဖွင့်လှစ်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆုသက်နှင်း
#TheFiFthWaveNews

 

(zawgyi)

 

ကုန္တင္ယာဥ္ေမာင္းမ်ားႏွင့္ယာဥ္ေနာက္ လိုက္မ်ား COVID-19 စစ္ေဆးရန္ Call Center သို႔ ႀကိဳတင္စာရင္းေပးသြင္းႏိုင္

ကုန္တင္ယာဥ္ ယာဥ္ေမာင္းမ်ားႏွင့္ယာဥ္ေနာက္လိုက္မ်ား COVID-19 ေရာဂါ ကင္းရွင္းေၾကာင္း စစ္ေဆးရာတြင္ လြယ္ကူအဆင္ေျပစြာျဖင့္ ေဆာင္႐ြက္ႏိုင္ရန္ Call Center ဖြင့္လွစ္ထားၿပီး ႀကိဳတင္စာရင္းေပးသြင္းႏိုင္ေရး စီစဥ္ထားေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္႐ုံး၏ ထုတ္ျပန္ေၾကညာခ်က္အရ သိရသည္။

ကုန္တင္ယာဥ္ ယာဥ္ေမာင္းမ်ားႏွင့္ယာဥ္ေနာက္လိုက္မ်ားသည္ ရန္ကုန္ၿမိဳ႕သို႔ မထြက္ခြာမီႏွင့္ ရန္ကုန္ၿမိဳ႕သို႔ မဝင္ေရာက္မီ တစ္ရက္ႀကိဳတင္၍ Call Center သို႔ ဖုန္းျဖင့္ဆက္သြယ္ကာႀကိဳတင္စာရင္းေပးသြင္းရမည္ျဖစ္ၿပီး သက္ဆိုင္ရာၿမိဳ႕ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္မ်ားသို႔ေရာက္ရွိသည္ႏွင့္တစ္ၿပိဳင္နက္ အလြယ္တကူ စစ္ေဆးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္ရန္ Call Center ဖုန္းနံပါတ္ “2019” သို႔ ေခၚဆိုၿပီး လိုင္းခြဲ ၃ ကို ႏွိပ္ရမည္ျဖစ္ၿပီး ေဆးစစ္မႈခံယူမည့္ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္မ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ားျဖစ္ေသာ အမည္၊ အသက္၊ က်ား/မ၊ ဖုန္းနံပါတ္၊ မွတ္ပုံတင္နံပါတ္၊ လိပ္စာ (လက္ရွိေနထိုင္ေသာလိပ္စာႏွင့္ အၿမဲတမ္းေနထိုင္ရာလိပ္စာ)၊ ကားလိုင္စင္၊ ရန္ကုန္သို႔ အဝင္ (သို႔မဟုတ္) အထြက္ စသည္တို႔ကို ျပည့္စုံစြာေပးၿပီး ႀကိဳတင္စာရင္းေပးသြင္း (Booking) ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Call Center ကိုရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕လမ္းၫႊန္ခ်က္အရ ကုန္သည္စက္မႈအသင္းခ်ဳပ္၏ စီမံပံ့ပိုးမႈျဖင့္ ၁၉ ရက္မွ စတင္၍ ေန႔စဥ္ နံနက္ (၉) နာရီမွ ညေန (၅) နာရီအထိ ဖြင့္လွစ္ဝန္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆုသက္ႏွင္း
#TheFiFthWaveNews

Leave a Reply