
0
11
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ( UDP)ကို ပယ်ဖျက်ကြောင်း UEC ကြေညာ
 
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ( UDP)ကို နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ကြောင်း ​ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အောက်တိုဘာ၁၇ရက်တွင်ကြေညာခဲ့သည်။
 
ထို့ကြောင့် သက်ဆိုင်ရာ လွှတ်တော် မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် UDP ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြောက်ခံခွင့်ကို ဆုံးရှူံးမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိခဲ့သည်။
 
နှင်းဆီပါတီဟု လူသိများသည့် UDP ပါတီသည် လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း ကိုယ်စားလောင်းများဝင်ရောက်သည့် ဒုတိယအများပါတီဖြစ်သည်။
 
အဆိုပါ UDP ပါတီ ဥက္ကဌ ဦးကျော်မြင့်မှာ ယခုလပိုင်းအတွင်း ယခင်နှစ်များစွာက ထောင်ဖောက်ပြေးမူ၊ တရားမဝင်ငွေကြေးများလက်ခံမူတွေအပြင် တခြားသော ပုဒ်မများဖြင့် ဖမ်းဆီးထိန်းထိမ်းခံထားရကြောင်းသိရသည်။
 
LW
#TheFifthWaveNews
 
(Zawgyi)
 
 
 
 
 
 
LW
#TheFifthWaveNews

Leave a Reply